မြန်မာနှင့် အပြန်အလှန် Tourism ကဏ္ဍမြှင့်တင်ရန် စီစဉ်ထားကြောင်း Buryatia ပြည်နယ်အကြီးအကဲဆို

 145

သန့်ဇင် (NP News) - ဇွန် ၃၀
မြန်မာနိုင်ငံရှိ သာယာလှပသော အလှတရားနှင့်ယဉ်ကျေးမှုများကြောင့် အပြန်အလှန် Tourism အခန်းကဏ္ဍ မြှင့်တင်ဖို့ရန် စီစဉ်ထားကြောင်း Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲ Mr. Aleksey Sambuyevich Tsydenov က ပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၂၉ ရက်၊ နံနက်ပိုင်းက Buryatia ပြည်နယ်သို့ရောက်ရှိစဉ် Buryatia ပြည်နယ် ပြည်နယ်အကြီးအကဲ Mr. Aleksey Sambuyevich မီဒီယာများထံ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ ကြောင်း သိရသည်။
ပညာရေးပူးပေါင်းဆောင်ရွက်မှုအနေဖြင့် မြန်မာနိုင်ငံရှိ ရုရှားဘာသာစကားသင်ကြားနေသည့် ဆရာများအနေ ဖြင့် ထပ်ဆင့်သင်တန်းများပေးရန် အဆင့်မြင့်သင်တန်းများပေးရန်အတွက် Buryatia တွင် သင်ပေးနိုင်ကြောင်း Mr. Aleksey Sambuyevich က ဆိုသည်။
“ကျွန်တော်တို့ Buryatia မှာရှိတဲ့ တက္ကသိုလ်မှာလည်း မြန်မာဘာသာစကားကို သင်ကြားဖို့အတွက် မြန်မာဘာသာ စကားဌာနဖွင့်ဖို့အထိလည်း ရည်ရွယ်ပြီးတော့ ဆောင်ရွက်နေတာ ရှိပါတယ်”ဟု Mr. Aleksey Sambuyevich က ပြောသည်။
ထိုပြင် မြန်မာနိုင်ငံရှိ သယာလှပသော အလှတရားများ ယာဉ်ကျေးမှုများကို ၎င်းတို့တွင်မက Delegation အဖွဲ့ဝင် အားလုံးက တွေ့ရှိခံစားခဲ့ရသဖြင့် အပြန်အလှန်Tourism အခန်းကဏ္ဍ မြှင့်တင်ရန်အတွက်လည်း လျာထား စီစဉ်ထားကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့အနေနဲ့ ဒီနေ့ မြန်မာနိုင်ငံကလာတဲ့ အထူးဧည့်သည်တော်တွေကို ရေကန်ကိုလိုက်လံပြသပေးပါ တယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကလည်း ကျွန်တော်ကိုယ်တိုင်ဦးဆောင်ပြီးတော့ မြန်မာနိုင်ငံကို Delegation သွားရောက်ခဲ့တာရှိပါတယ်။ သွားရောက်ခဲ့တဲ့ အချိန်မှာလည်း မြန်မာနိုင်ငံကနေပြီးတော့ ကျွန်တော်တို့ကို လှိုက်လှဲစွာကြိုဆိုခဲ့တာတွေလည်းရှိပါတယ်။ ကျွန်တော်အနေနဲ့ ဒီကနေ ပြောကြားလိုတာကတော့ မြန်မာနိုင်ငံက သာယာလှပတဲ့ အလှတရားတွေ၊ ယဉ်ကျေးမှုတွေကို ကျွန်တော်တင်မကဘဲနဲ့ Delegation အဖွဲ့ဝင် အားလုံးက ခံစားခဲ့ရတာတွေရှိပါတယ်။ ဒါကြောင့်မို့လို့ နှစ်နိုင်ငံအပြန်အလှန် ကျွန်တော်တို့ Tourism အခန်းကဏ္ဍကို မြှင့်တင်ဖို့အတွက်လည်း ကျွန်တော်တို့ လျာထားစီစဉ်ထားတာရှိပါတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ ခရီးစဉ်အတွင်း နစကဥက္ကဋ္ဌအနေဖြင့်လည်း Buryatia ပြည်နယ်နှင့် ပညာရေး၊ စိုက်ပျိုးရေး အပါအဝင် အခြားသော နယ်ပယ်များစွာ ပူးပေါင်းလုပ်ဆောင်ရန် ဆွေးနွေးဆောင်ရွက်ရန်ရှိကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။

Zawgyi Version:
သန့်ဇင် (NP News) - ဇွန် ၃၀

Related news

© 2021. All rights reserved.