ဆော်ဒီအိမ်ရှေ့မင်းသားနဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင် ပူးတွဲစီမံကိန်းများအတွက် ဖုန်းဆက်ဆွေးနွေးမှု ပြုလုပ်

 882

ရောင်နီ (NP News) - ဇွန် ၈

ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမတ်ဘင်းဆယ်လ်မန်ဟာ ဗုဒ္ဓဟူးနေ့ (ဇွန်လ ၇ ရက်) က ဖုန်းခေါ်ဆို စကားပြောခဲ့ပြီး စွမ်းအင်စျေးနှုန်းနဲ့ တခြားအရေးကြီး ကိစ္စရပ်တွေအတွက် ဆွေးနွေးခဲ့တယ်လို့ ရုရှားက ပြောပါတယ်။

အဲဒီဖုန်းခေါ်ဆိုမှုဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန် ဆော်ဒီအာရေးဗီးယားကို အင်္ဂါနေ့( ဇွန်လ ၆ ရက်) က ရောက်ရှိခဲ့ပြီး အိမ်ရှေ့မင်းသားဆယ်လ်မန်နဲ့ တွေ့ဆုံမှုအပြီးမှာ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

အဆိုပါ ဖုန်းခေါ်ဆိုမှုကို ရုရှားမှ စတင်ခေါ်ဆိုခဲ့တာဖြစ်ပြီး ခေါင်းဆောင်နှစ်ဦးလုံးက "ကုန်သွယ်ရေးနဲ့ စီးပွားရေး ဆိုင်ရာ ဆက်ဆံရေး ပိုမိုတည်ဆောက်ဖို့၊ ရင်းနှီးမြှုပ်နှံမှု၊ သယ်ယူပို့ဆောင်ရေး ထောက်ပံ့ရေးနဲ့ စွမ်းအင်နယ်ပယ်မှာ အလားအလာရှိတဲ့ ပူးတွဲပရောဂျက်များ အကောင်အထည်ဖော်ဖို့အတွက် အထူးအာရုံစိုက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

၎င်းတို့ဟာ “ကမ္ဘာ့စွမ်းအင်ဈေးကွက် တည်ငြိမ်မှု ရှိစေရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ အသေးစိတ် ဆွေးနွေးခဲ့ကြပြီး OPEC+ မှာ ပူးပေါင်းဆောင်ရွက်မှု အဆင့်မြင့်တင်ရေးနဲ့ မကြာသေးမီက ရေးရိုက်မှာ ပြုလုပ်ခဲ့တဲ့ ဝန်ကြီးအဆင့် အစည်း အဝေးမှ ရရှိခဲ့တဲ့ သဘောတူညီချက်တွေကို သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (ဇွန်လ ၇ ရက်) က အဆိုပါ ခေါင်းဆောင်နှစ်ဦးရဲ့ဖုန်းခေါ်ဆိုမှုမတိုင်ခင် ရုရှားလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဆာဂေးရိုက်ကော့ဟာ ဆော်ဒီနိုင်ငံ၊ ရေးရိုက်မှာ ဆော်ဒီနိုင်ငံခြားရေးဌာနရဲ့ မူဝါဒရေးဆွဲရေး ဒါရိုက်တာ ရေးကရင်မလီ နဲ့တွေ့ဆုံခဲ့ပြီး အစုလိုက်အပြုံလိုက် အပျက်အစီးမဲ့ လက်နက်မပြန့်ပွားရေးပြဿနာ အတွက် ဒေသတွင်းနဲ့ နိုင်ငံတကာလုံခြုံရေးကို ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီနေ့မတိုင်ခင် အင်္ဂါနေ့(ဇွန်လ ၆ ရက်) ကတော့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်ကို ဂျဒ်ဒါမှာ လက်ခံ တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ မတ်လက ဆော်ဒီအာရေဗီးရားနဲ့ အီရန်ရဲ့ဆက်ဆံရေးကို ပုံမှန်ဖြစ်စေဖို့ တရုတ်နိုင်ငံက ကူညီပေးခဲ့ပြီးနောက်ပိုင်း ဘလင်ကန်ရဲ့ပထမဆုံးအကြိမ် ဆော်ဒီခရီးစဉ်ပဲဖြစ်ပါတယ်။

၄င်းတို့ဆွေးနွေးပွဲဟာ မိနစ် ၁ဝဝ ခန့်ကြာမြင့်ပြီး ဆူဒန်နဲ့ ယီမင်ရှိ ပဋိပက္ခများ၊ အစ္စရေးနဲ့ ဆက်ဆံရေး ပုံမှန်ပြန် ဖြစ်နိုင်ခြေနဲ့ ဆော်ဒီအာရေးဗီးယားရှိ လူ့အခွင့်အရေးတို့ကို ထိထိရောက်ရောက် ဆွေးနွေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောကြားခဲ့ပါတယ်။

ဆော်ဒီအစိုးရက အဆိုပါတွေ့ဆုံမှုကို အသိအမှတ်ပြုခဲ့ပေမယ့် အသေးစိတ်အချက်အလက်တွေ ပြောကြားခြင်း မရှိခဲ့ပါဘူး။

Zawgyi Version;
ေဆာ္ဒီအိမ္ေရွ႕မင္းသားနဲ႔ ႐ုရွားသမၼတ ဗလာဒီမာပူတင္ ပူးတြဲစီမံကိန္းမ်ားအတြက္ ဖုန္းဆက္ေဆြးေႏြးမႈ ျပဳလုပ္
ေရာင္နီ (NP News) - ဇြန္ ၈

႐ုရွားသမၼတ ဗလာဒီမာပူတင္နဲ႔ ေဆာ္ဒီအိမ္ေရွ႕စံမင္းသား မိုဟာမတ္ဘင္းဆယ္လ္မန္ဟာ ဗုဒၶဟူးေန႔ (ဇြန္လ ၇ ရက္) က ဖုန္းေခၚဆို စကားေျပာခဲ့ၿပီး စြမ္းအင္ေစ်းႏႈန္းနဲ႔ တျခားအေရးႀကီး ကိစၥရပ္ေတြအတြက္ ေဆြးေႏြးခဲ့တယ္လို႔ ႐ုရွားက ေျပာပါတယ္။

အဲဒီဖုန္းေခၚဆိုမႈဟာ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးအန္တိုနီဘလင္ကန္ ေဆာ္ဒီအာေရးဗီးယားကို အဂၤါေန႔( ဇြန္လ ၆ ရက္) က ေရာက္ရွိခဲ့ၿပီး အိမ္ေရွ႕မင္းသားဆယ္လ္မန္နဲ႔ ေတြ႕ဆုံမႈအၿပီးမွာ ထြက္ေပၚလာျခင္းျဖစ္ပါတယ္။

အဆိုပါ ဖုန္းေခၚဆိုမႈကို ႐ုရွားမွ စတင္ေခၚဆိုခဲ့တာျဖစ္ၿပီး ေခါင္းေဆာင္ႏွစ္ဦးလုံးက "ကုန္သြယ္ေရးနဲ႔ စီးပြားေရး ဆိုင္ရာ ဆက္ဆံေရး ပိုမိုတည္ေဆာက္ဖို႔၊ ရင္းႏွီးျမႇဳပ္ႏွံမႈ၊ သယ္ယူပို႔ေဆာင္ေရး ေထာက္ပံ့ေရးနဲ႔ စြမ္းအင္နယ္ပယ္မွာ အလားအလာရွိတဲ့ ပူးတြဲပေရာဂ်က္မ်ား အေကာင္အထည္ေဖာ္ဖို႔အတြက္ အထူးအာ႐ုံစိုက္ ေဆြးေႏြးခဲ့ၾကတယ္လို႔ သိရပါတယ္။

၎တို႔ဟာ “ကမာၻ႔စြမ္းအင္ေဈးကြက္ တည္ၿငိမ္မႈ ရွိေစေရး” ဆိုတဲ့ ေခါင္းစဥ္နဲ႔ အေသးစိတ္ ေဆြးေႏြးခဲ့ၾကၿပီး OPEC+ မွာ ပူးေပါင္းေဆာင္႐ြက္မႈ အဆင့္ျမင့္တင္ေရးနဲ႔ မၾကာေသးမီက ေရး႐ိုက္မွာ ျပဳလုပ္ခဲ့တဲ့ ဝန္ႀကီးအဆင့္ အစည္း အေဝးမွ ရရွိခဲ့တဲ့ သေဘာတူညီခ်က္ေတြကို သေဘာတူခဲ့ၾကတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ (ဇြန္လ ၇ ရက္) က အဆိုပါ ေခါင္းေဆာင္ႏွစ္ဦးရဲ႕ဖုန္းေခၚဆိုမႈမတိုင္ခင္ ႐ုရွားလက္ေထာက္ ႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂး႐ိုက္ေကာ့ဟာ ေဆာ္ဒီႏိုင္ငံ၊ ေရး႐ိုက္မွာ ေဆာ္ဒီႏိုင္ငံျခားေရးဌာနရဲ႕ မူဝါဒေရးဆြဲေရး ဒါ႐ိုက္တာ ေရးကရင္မလီ နဲ႔ေတြ႕ဆုံခဲ့ၿပီး အစုလိုက္အၿပဳံလိုက္ အပ်က္အစီးမဲ့ လက္နက္မျပန႔္ပြားေရးျပႆနာ အတြက္ ေဒသတြင္းနဲ႔ ႏိုင္ငံတကာလုံၿခဳံေရးကို ေဆြးေႏြးခဲ့ၾကပါတယ္။ အဲဒီေန႔မတိုင္ခင္ အဂၤါေန႔(ဇြန္လ ၆ ရက္) ကေတာ့ ေဆာ္ဒီအိမ္ေရွ႕မင္းသား မိုဟာမက္က အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဘလင္ကန္ကို ဂ်ဒ္ဒါမွာ လက္ခံ ေတြ႕ဆုံခဲ့ပါတယ္။ ဒါဟာ မတ္လက ေဆာ္ဒီအာေရဗီးရားနဲ႔ အီရန္ရဲ႕ဆက္ဆံေရးကို ပုံမွန္ျဖစ္ေစဖို႔ တ႐ုတ္ႏိုင္ငံက ကူညီေပးခဲ့ၿပီးေနာက္ပိုင္း ဘလင္ကန္ရဲ႕ပထမဆုံးအႀကိမ္ ေဆာ္ဒီခရီးစဥ္ပဲျဖစ္ပါတယ္။

၄င္းတို႔ေဆြးေႏြးပြဲဟာ မိနစ္ ၁ဝဝ ခန႔္ၾကာျမင့္ၿပီး ဆူဒန္နဲ႔ ယီမင္ရွိ ပဋိပကၡမ်ား၊ အစၥေရးနဲ႔ ဆက္ဆံေရး ပုံမွန္ျပန္ ျဖစ္ႏိုင္ေျခနဲ႔ ေဆာ္ဒီအာေရးဗီးယားရွိ လူ႔အခြင့္အေရးတို႔ကို ထိထိေရာက္ေရာက္ ေဆြးေႏြးခဲ့တယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဌာနက ေျပာၾကားခဲ့ပါတယ္။

ေဆာ္ဒီအစိုးရက အဆိုပါေတြ႕ဆုံမႈကို အသိအမွတ္ျပဳခဲ့ေပမယ့္ အေသးစိတ္အခ်က္အလက္ေတြ ေျပာၾကားျခင္း မရွိခဲ့ပါဘူး။

Related news

© 2021. All rights reserved.