ထိုင်ဝမ်လေကြောင်းကာကွယ်ရေးဇုန်အတွင်းသို့ တရုတ်တိုက်လေယာဉ်(၃၇)စင်း ဖြတ်သန်းဝင်ရောက်လာခဲ့ကြောင်း ထိုင်ဝမ်စစ်ဖက်ပြော

 1674

Pika (NP News) - ဇွန် ၈

တရုတ်နှင့်ထိုင်ဝမ်ကြား တင်းမာမှုများရှိနေချိန်တွင် တရုတ်တိုက်လေယာဉ်(၃၇)စင်းသည် ဇွန်လ(၈)ရက်တွင် ထိုင်ဝမ်ကျွန်း၏ လေကြောင်းကာကွယ်ရေးဇုန်အတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ်အာဏာပိုင်များ က ပြောဆိုခဲ့သည်။

တရုတ်တိုက်လေယာဉ်များ ဝင်ရောက်လာခြင်းကြောင့် လေကြောင်းရန် ကာကွယ်ရေးစနစ်များကို ပြင်ဆင်ခဲ့ရ ကြောင်း ထိုင်ဝမ်စစ်ဖက်က ပြောကြားခဲ့သည်။ အဆိုပါဝင်ရောက်မှုသည် တရုတ်က ထိုင်ဝမ်ကျွန်းအနီးတွင် လုပ်ဆောင်ခဲ့သော စစ်ရေးလေ့ကျင့်မှုများအနက် နောက်ဆုံးအကြိမ် ဖြတ်ကျော်ဝင်ရောက်မှုတစ်ခုဖြစ်ကြောင်း သိရသည်။

ထိုင်ဝမ်ကို ၎င်း၏ အချုပ်အခြာအာဏာပိုင်အဖြစ် သတ်မှတ်ထားသော တရုတ်သည် ပြီးခဲ့သည့်(၃)နှစ်ကတည်းက ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေးလေ့ကျင့်မှုများနှင့် လေကြောင်းပျံသန်းမှုများကို ပုံမှန်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေးဇုန်၏ အနောက်တောင်ဘက်တွင် ပျံသန်းနေသော J-11 နှင့် J-16 အမျိုးအစား တိုက်လေယာဉ်များနှင့် H-6 ဗုံးကြဲလေယာဉ်များ အပါအဝင် တရုတ်စစ်တပ်၏ တိုက်လေယာဉ်(၃၇) စင်းကို နံနက်(၅)နာရီအချိန်တွင် စတင်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန က ပြောကြားခဲ့သည်။

တရုတ်တိုက်လေယာဉ်အချို့သည် စစ်ရေးလေ့ကျင့်ခန်းများ နှင့် လေ့လာစောင့်ကြည့်ခြင်းများပြုလုပ်ရန် ထိုင်ဝမ် ကျွန်း၏ အရှေ့တောင်ဘက်နှင့် အနောက်ပစိဖိတ်ဒေသကို ဖြတ်သန်းသွားခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ပြောဆိုခဲ့သည်။ တရုတ်တိုက်လေယာဉ်များကို တွေ့ရှိပြီးနောက် စောင့်ကြည့်မှုများ လုပ်ဆောင် ရန်အတွက် ထိုင်ဝမ်သည် ၎င်း၏ ကိုယ်ပိုင်တိုက်လေယာဉ်များနှင့် သင်္ဘောများကို စေလွှတ်ခဲ့ပြီး မြေပြင် အခြေစိုက်ဒုံးကျည်စနစ်များကို ပြင်ဆင်ခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုများကို တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြန်လည် တုံ့ပြန်ဖြေကြားခြင်းမျိုး မရှိသေးကြောင်း သိရသည်။

Zawgyi Version;
ထိုင္ဝမ္ေလေၾကာင္းကာကြယ္ေရးဇုန္အတြင္းသို႔ တ႐ုတ္တိုက္ေလယာဥ္(၃၇)စင္း ျဖတ္သန္းဝင္ေရာက္လာခဲ့ေၾကာင္း ထိုင္ဝမ္စစ္ဖက္ေျပာ
Pika (NP News) - ဇြန္ ၈

တ႐ုတ္ႏွင့္ထိုင္ဝမ္ၾကား တင္းမာမႈမ်ားရွိေနခ်ိန္တြင္ တ႐ုတ္တိုက္ေလယာဥ္(၃၇)စင္းသည္ ဇြန္လ(၈)ရက္တြင္ ထိုင္ဝမ္ကြၽန္း၏ ေလေၾကာင္းကာကြယ္ေရးဇုန္အတြင္းသို႔ ျဖတ္ေက်ာ္ဝင္ေရာက္ခဲ့ေၾကာင္း ထိုင္ဝမ္အာဏာပိုင္မ်ား က ေျပာဆိုခဲ့သည္။

တ႐ုတ္တိုက္ေလယာဥ္မ်ား ဝင္ေရာက္လာျခင္းေၾကာင့္ ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္မ်ားကို ျပင္ဆင္ခဲ့ရ ေၾကာင္း ထိုင္ဝမ္စစ္ဖက္က ေျပာၾကားခဲ့သည္။ အဆိုပါဝင္ေရာက္မႈသည္ တ႐ုတ္က ထိုင္ဝမ္ကြၽန္းအနီးတြင္ လုပ္ေဆာင္ခဲ့ေသာ စစ္ေရးေလ့က်င့္မႈမ်ားအနက္ ေနာက္ဆုံးအႀကိမ္ ျဖတ္ေက်ာ္ဝင္ေရာက္မႈတစ္ခုျဖစ္ေၾကာင္း သိရသည္။

ထိုင္ဝမ္ကို ၎၏ အခ်ဳပ္အျခာအာဏာပိုင္အျဖစ္ သတ္မွတ္ထားေသာ တ႐ုတ္သည္ ၿပီးခဲ့သည့္(၃)ႏွစ္ကတည္းက ထိုင္ဝမ္ကြၽန္းအနီးတြင္ စစ္ေရးေလ့က်င့္မႈမ်ားႏွင့္ ေလေၾကာင္းပ်ံသန္းမႈမ်ားကို ပုံမွန္လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။ ထိုင္ဝမ္၏ ေလေၾကာင္းကာကြယ္ေရးဇုန္၏ အေနာက္ေတာင္ဘက္တြင္ ပ်ံသန္းေနေသာ J-11 ႏွင့္ J-16 အမ်ိဳးအစား တိုက္ေလယာဥ္မ်ားႏွင့္ H-6 ဗုံးႀကဲေလယာဥ္မ်ား အပါအဝင္ တ႐ုတ္စစ္တပ္၏ တိုက္ေလယာဥ္(၃၇) စင္းကို နံနက္(၅)နာရီအခ်ိန္တြင္ စတင္ရွာေဖြေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာန က ေျပာၾကားခဲ့သည္။

တ႐ုတ္တိုက္ေလယာဥ္အခ်ိဳ႕သည္ စစ္ေရးေလ့က်င့္ခန္းမ်ား ႏွင့္ ေလ့လာေစာင့္ၾကည့္ျခင္းမ်ားျပဳလုပ္ရန္ ထိုင္ဝမ္ ကြၽန္း၏ အေရွ႕ေတာင္ဘက္ႏွင့္ အေနာက္ပစိဖိတ္ေဒသကို ျဖတ္သန္းသြားခဲ့ေၾကာင္း ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီး ဌာနက ထုတ္ျပန္ေျပာဆိုခဲ့သည္။ တ႐ုတ္တိုက္ေလယာဥ္မ်ားကို ေတြ႕ရွိၿပီးေနာက္ ေစာင့္ၾကည့္မႈမ်ား လုပ္ေဆာင္ ရန္အတြက္ ထိုင္ဝမ္သည္ ၎၏ ကိုယ္ပိုင္တိုက္ေလယာဥ္မ်ားႏွင့္ သေဘၤာမ်ားကို ေစလႊတ္ခဲ့ၿပီး ေျမျပင္ အေျခစိုက္ဒုံးက်ည္စနစ္မ်ားကို ျပင္ဆင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး မွတ္ခ်က္ေပးရန္ ေတာင္းဆိုမႈမ်ားကို တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာနက ျပန္လည္ တုံ႔ျပန္ေျဖၾကားျခင္းမ်ိဳး မရွိေသးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.