တရုတ်နှင့် အမေရိကန်နိုင်ငံကြား တင်းမာမှုမြင့်တက်နေချိန်တွင် chip ထုတ်လုပ်မှုကဏ္ဍ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်မည်ဟု တောင်ကိုရီးယားအစိုးရပြော

461

Pika (NP News) - ဇွန် ၉
အမေရိကန်နှင့် တရုတ်နိုင်ငံကြား စက်မှုလုပ်ငန်းများ ပြိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး တင်းမာမှုများမြင့်တက်နေချိန် တွင် တောင်ကိုရီးယားသည် ၎င်း၏ chip ကဏ္ဍကို ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။
ထို့အပြင် တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ်သည် နိုင်ငံများအကြား စက်မှုလုပ်ငန်းပြိုင်ဆိုင်မှုများကို စစ်ပွဲ တစ်ခုအဖြစ် ဖော်ပြပြောဆိုခဲ့ကြောင်း သိရသည်။ အဆိုပါနေ့မတိုင်ခင် တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ် သည် စက်မှုလုပ်ငန်းခေါင်းဆောင်များ၊ လွှတ်တော်အမတ်များ နှင့် ဝန်ကြီးများ အပါအဝင် လူ(၆ဝ)ခန့် နှင့် တွေ့ဆုံခဲ့ပြီး chip ကဏ္ဍများတွင် တောင်ကိုရီးယား၏ ဦးဆောင်မှုများ၊ semiconductors များ ဖွံ့ဖြိုးတိုးတက်လာ စေရန်၊ စက်ကိရိယာများနှင့် အလုပ်သမားများကို မည်ကဲ့သို့ထိန်းသိမ်းရမည်ဆိုသည့်အချက်ကို တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သိရသည်။
ယွန်ဆက်ယိုလ် က "ပထဝီဝင်နိုင်ငံရေးပြဿနာတွေဟာ ချပ်စ်ထုတ်လုပ်တဲ့ကုမ္ပဏီအတွက် စီမံခန့်ခွဲမှုတွေ လုပ်ဆောင်ဖို့ အကြီးမားဆုံးအန္တရာယ်တွေဖြစ်လာခဲ့ပါတယ်။ ကုမ္ပဏီတစ်ခုတည်းက ဒီပြဿနာကို မဖြေရှင်းနိုင် ပါဘူး။ ဒါက ပူးပေါင်းဆောင်ရွက်မှုအားကောင်းပြီး နီးနီးကပ်ကပ်ဆက်သွယ်လို့ရတဲ့ အမေရိကန်လိုနိုင်ငံတွေနဲ့အတူ ကိုင်တွယ်ဖြေရှင်းသင့်ပါတယ်" ဟု ပြောဆိုခဲ့သည်။
တောင်ကိုရီးယားအစိုးရသည် သုတေသန နှင့် ဖွံ့ဖြိုးတိုးတက်ရေးများကို ပိုမိုချဲ့ထွင်ရန်၊ chip နည်းပညာအတွက် အကာအကွယ်များ ပိုမိုအားကောင်းလာစေရန်နှင့် chip စမ်းသပ်သည့်စက်ရုံကို တည်ထောင်ရန် စီစဉ်နေကြောင်း စက်မှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Semiconductors လုပ်ငန်းများနှင့်ပတ်သက်ပြီး တရုတ်နှင့် အမေရိကန်နိုင်ငံကြား တင်းမာမှုများကို တောင်ကိုရီးယားအစိုးရက ရှောင်ရှားရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။ သို့သော်လည်း နိုင်ငံတွင်းရှိ chip ထုတ်လုပ်သည့် Samsung Electronics ကုမ္ပဏီ နှင့် SK Hynix ကုမ္ပဏီတို့သည် အမေရိကန်နည်းပညာများနှင့် စက်ကိရိယာများပေါ်တွင် မှီခိုနေရကြောင်း သိရသည်။ ထို့အပြင် တောင်ကိုရီးယား၏ chip တင်ပို့မှု(၄ဝ) ရာခိုင်နှုန်း သည် တရုတ်နိုင်ငံသို့ ရောက်ရှိသွားကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သောအချက်အလက်များအရ သိရသည်။

Zawgyi Version;
တ႐ုတ္ႏွင့္ အေမရိကန္ႏိုင္ငံၾကား တင္းမာမႈျမင့္တက္ေနခ်ိန္တြင္ chip ထုတ္လုပ္မႈက႑ ပိုမိုေကာင္းမြန္ေအာင္ လုပ္ေဆာင္မည္ဟု ေတာင္ကိုရီးယားအစိုးရေျပာ
Pika (NP News) - ဇြန္ ၉
အေမရိကန္ႏွင့္ တ႐ုတ္ႏိုင္ငံၾကား စက္မႈလုပ္ငန္းမ်ား ၿပိဳင္ဆိုင္မႈႏွင့္ပတ္သက္ၿပီး တင္းမာမႈမ်ားျမင့္တက္ေနခ်ိန္ တြင္ ေတာင္ကိုရီးယားသည္ ၎၏ chip က႑ကို ပိုမိုတိုးျမႇင့္လုပ္ေဆာင္သြားမည္ဟု ကတိျပဳခဲ့ေၾကာင္း သိရသည္။
ထို႔အျပင္ ေတာင္ကိုရီးယားသမၼတယြန္ဆက္ယိုလ္သည္ ႏိုင္ငံမ်ားအၾကား စက္မႈလုပ္ငန္းၿပိဳင္ဆိုင္မႈမ်ားကို စစ္ပြဲ တစ္ခုအျဖစ္ ေဖာ္ျပေျပာဆိုခဲ့ေၾကာင္း သိရသည္။ အဆိုပါေန႔မတိုင္ခင္ ေတာင္ကိုရီးယားသမၼတ ယြန္ဆက္ယိုလ္ သည္ စက္မႈလုပ္ငန္းေခါင္းေဆာင္မ်ား၊ လႊတ္ေတာ္အမတ္မ်ား ႏွင့္ ဝန္ႀကီးမ်ား အပါအဝင္ လူ(၆ဝ)ခန႔္ ႏွင့္ ေတြ႕ဆုံခဲ့ၿပီး chip က႑မ်ားတြင္ ေတာင္ကိုရီးယား၏ ဦးေဆာင္မႈမ်ား၊ semiconductors မ်ား ဖြံ႕ၿဖိဳးတိုးတက္လာ ေစရန္၊ စက္ကိရိယာမ်ားႏွင့္ အလုပ္သမားမ်ားကို မည္ကဲ့သို႔ထိန္းသိမ္းရမည္ဆိုသည့္အခ်က္ကို ေတြ႕ဆုံေဆြးေႏြးခဲ့ ေၾကာင္း သိရသည္။
ယြန္ဆက္ယိုလ္ က "ပထဝီဝင္ႏိုင္ငံေရးျပႆနာေတြဟာ ခ်ပ္စ္ထုတ္လုပ္တဲ့ကုမၸဏီအတြက္ စီမံခန႔္ခြဲမႈေတြ လုပ္ေဆာင္ဖို႔ အႀကီးမားဆုံးအႏၲရာယ္ေတြျဖစ္လာခဲ့ပါတယ္။ ကုမၸဏီတစ္ခုတည္းက ဒီျပႆနာကို မေျဖရွင္းႏိုင္ ပါဘူး။ ဒါက ပူးေပါင္းေဆာင္႐ြက္မႈအားေကာင္းၿပီး နီးနီးကပ္ကပ္ဆက္သြယ္လို႔ရတဲ့ အေမရိကန္လိုႏိုင္ငံေတြနဲ႔အတူ ကိုင္တြယ္ေျဖရွင္းသင့္ပါတယ္" ဟု ေျပာဆိုခဲ့သည္။
ေတာင္ကိုရီးယားအစိုးရသည္ သုေတသန ႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးမ်ားကို ပိုမိုခ်ဲ႕ထြင္ရန္၊ chip နည္းပညာအတြက္ အကာအကြယ္မ်ား ပိုမိုအားေကာင္းလာေစရန္ႏွင့္ chip စမ္းသပ္သည့္စက္႐ုံကို တည္ေထာင္ရန္ စီစဥ္ေနေၾကာင္း စက္မႈဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
Semiconductors လုပ္ငန္းမ်ားႏွင့္ပတ္သက္ၿပီး တ႐ုတ္ႏွင့္ အေမရိကန္ႏိုင္ငံၾကား တင္းမာမႈမ်ားကို ေတာင္ကိုရီးယားအစိုးရက ေရွာင္ရွားရန္ ႀကိဳးပမ္းလ်က္ရွိေၾကာင္း သိရသည္။ သို႔ေသာ္လည္း ႏိုင္ငံတြင္းရွိ chip ထုတ္လုပ္သည့္ Samsung Electronics ကုမၸဏီ ႏွင့္ SK Hynix ကုမၸဏီတို႔သည္ အေမရိကန္နည္းပညာမ်ားႏွင့္ စက္ကိရိယာမ်ားေပၚတြင္ မွီခိုေနရေၾကာင္း သိရသည္။ ထို႔အျပင္ ေတာင္ကိုရီးယား၏ chip တင္ပို႔မႈ(၄ဝ) ရာခိုင္ႏႈန္း သည္ တ႐ုတ္ႏိုင္ငံသို႔ ေရာက္ရွိသြားေၾကာင္း ကုန္သြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေသာအခ်က္အလက္မ်ားအရ သိရသည္။