အစ္စရေးစစ်တပ်က ပါလက်စတိုင်းမြို့အတွင်း ရှားရှားပါးပါး စီးနင်းဝင်ရောက်ပြီး ပဋိပက္ခများ ဖြစ်ပွား

2177

Htay Oung (NP News) - ဇွန် ၉
အစ္စရေးတပ်မတော် တပ်ဖွဲ့ဝင်တွေဟာ သူတို့သိမ်းပိုက်ထားတဲ့ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်း တို့ရဲ့ စီမံခန့်ခွဲရေးမြို့အတွင်း ဝင်ရောက်စီးနင်းတဲ့ ကြုံတောင့်ကြုံခဲမြင်ကွင်းတစ်ခုကို ကြသပတေးနေ့ စောစောပိုင်း မှာ တွေ့မြင်ကြရပါတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့တဲ့ အဲ့ဒီစီးနင်းမှုဟာ တိုက်ခိုက်သူရဲ့နေအိမ်ကို ဖြိုချဖို့အတွက် စစ်ဆင်ရေးတစ်ခုဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောဆိုတယ်လို့ Reuters က ဇွန်လ ၈ ရက်က ရေးသားခဲ့ပါ တယ်။
၁၉၈၈ ခုနှစ် ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့ (PLO) အမျိုးသားကောင်စီရဲ့ ပြည်ပရောက် အုပ်ချုပ်သူများက “ပါလက်စတိုင်း နိုင်ငံတော်” ကို ထူထောင်ကြောင်း တစ်ဖက်သပ် ကြေညာခဲ့ပါတယ်။ အဲဒီအချိန် PLO တို့အနေနဲ့ မည်သည့်နယ်မြေကိုမှ ထိန်းချုပ်ထားနိုင်ခြင်း မရှိဘဲ အရှေ့ဂျေရုဆလင်အပါအ၀င် အနောက်ဘက်ကမ်း နဲ့ သီးခြား ဖြစ်နေတဲ့ ဂါဇာကမ်းမြှောင်တို့ပါဝင်ပြီး ၁၉၆၇ ခုနှစ် ၆ ရက်စစ်ပွဲကတည်းက အစ္စရေးတို့သိမ်းပိုက်ထားတဲ့ နယ်မြေ များအပေါ်မှာ လွတ်လပ်ရေး ကြေညာခဲ့ခြင်းဖြစ်ပါတယ်။
၁၉၉၃-၁၉၉၅ ခုနှစ် အော်စလိုသဘောတူညီချက်အရ၊ အနောက်ဘက်ကမ်းတစ်စိတ်တစ်ပိုင်းဟာ ပါလက်စတိုင်း အမျိုးသားအာဏာပိုင်အဖွဲ့ (PNA) ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေပေမယ့် ဂျူးအခြေချအဆောက်အအုံ ၂ဝဝ အပါအဝင် ကျန်နယ်မြေအားလုံး ကို အစ္စရေးတို့က အပြည့်အဝ ထိန်းချုပ်ထားပါတယ်။
ဟားမတ်စ် အစ္စလာမ်မစ် စစ်သွေးကြွများကအုပ်ချုပ်နေတဲ့ ဂါဇာကမ်းမြောင်ဒေသကို ၂ဝဝ၇ ခုနှစ်နောက်ပိုင်း အီဂျစ်နဲ့ အစ္စရေးတို့က ကာလရှည် ပိတ်ဆို့ထားခဲ့ပါတယ်။ ဂါဇာမြို့ဟာ ပါလက်စတိုင်းတို့အတွက် အကြီးဆုံးမြို့ ဖြစ်ပြီး အနောက်ကမ်းရှိ ရမ်မယ်လာက စီမံခန့်ခွဲရေး အချက်အချာ မြို့ဖြစ်ပါတယ်။
ပါလက်စတိုင်းအစိုးရ ရုံးစိုက်ရာ ရမ်မယ်လာမြို့လယ်ကို အစ္စရေးစစ်ယာဉ်တန်းတွေ အုံနဲ့ကျင်းနဲ့ ရောက်ရှိလာတဲ့ အတွက် ရာနဲ့ချီတဲ့ ပါလက်စတိုင်းသားတွေကလည်း အဲဒီနေရာကို စုဝေးလာခဲ့ကြတယ်လို့ သိရှိရပါတယ်။
ကျည်အစစ်များ၊ လျှပ်လက်ဗုံးများ၊ မျက်ရည်ယိုဗုံးများအသုံးပြုပြီး လူစုခွဲဖို့ ကြိုးစားတဲ့ အစ္စရေးစစ်သားတို့ကို ပါလက်စတိုင်းလူငယ်အချို့က ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောပါတယ်။ ဥသြသံပေးပြီး အရေးပေါ်လူနာတင်ယာဉ်များ မောင်းနှင်လာတဲ့ လမ်းများပေါ်မှာ မီးလောင်နေတဲ့ အမှိုက်ပုံးများက ပိတ်ဆို့နေပါတယ်။
သေနတ်ဒဏ်ရာရရှိသူ သုံးဦး အပါအဝင် လူခြောက်ဦးထက်မနည်းကို ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက မှတ်ချက်ပေးပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ဂျေရုဆလင် ဗုံးခွဲတိုက်ခိုက် မှုပြုလုပ်ခဲ့တဲ့ အကြမ်းဖက်သမားရဲ့နေအိမ်ကို ဖြိုချဖို့အတွက် ရမ်မာလာမြို့မှာ စစ်ဆင်ရေးဆောင်ရွက်နေတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ဂျေရုဆလင် မြို့အဝင်အထွက်နဲ့ လမ်းဆုံအနီး ဘတ်စ်ကားမှတ်တိုင်များမှာ လက်လုပ်ဗုံးနှစ်ကြိမ် ပေါက်ကွဲခဲ့တဲ့ အတွက် အစ္စရေး-ကနေဒါ ဆယ်ကျော်သက်တစ်ဦး အပါအဝင် လူနှစ်ဦး သေဆုံးပြီး ၁၄ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့ ကြောင်း အစ္စရေး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
တိုက်ခိုက်ရေးသမားတွေရဲ့နေအိမ်တွေကို ဖြိုချခြင်းဟာ ပါလက်စတိုင်းပြည်သူတို့ရဲ့ အသက်မွေး၀မ်းကျောင်းမှု အပေါ် သိမ်းကြုံး အပြစ်ပေးရာရောက်တဲ့ စစ်ရာဇ၀တ်မှုဖြစ်ကြောင်း ပါလက်စတိုင်းသမ္မတ မာမွတ်_ အဘက်စ့်ရဲ့ “ ဖာတာ” ပါတီက သတင်းထုတ်ပြန်လိုက်ပါတယ်။
အစ္စရေးကတော့ အခုလိုနေအိမ်များကို ဖြိုချခြင်း မူဝါဒဟာ ကျူးလွန်သူများအနေနဲ့ အပြစ်ပေးခံရနိုင်တယ်ဆိုတာ ကို ပြသခြင်းဖြစ်ပြီး နောက်ထပ် တိုက်ခိုက်နိုင်ခြေရှိသူများကိုလည်း အဟန့်အတားဖြစ်စေတယ်လို့ ဆိုပါတယ်။
အဲ့ဒီမတိုင်ခင် နာရီပိုင်းအတော်စောစောမှာ ပါလက်စတိုင်းဆိုင်ရာ အမေရိကန်သံတမန် ဟက်ဒီအမ်မာက ပါလက်စတိုင်း အကြီးတန်းအရာရှိ ဟူစိန်_အယ်လ်_ရှိတ်နဲ့ တွေ့ဆုံခဲ့ပါတယ်။
နိုင်ငံအဆင့် ရယူလိုတဲ့ ပါလက်စတိုင်းတို့ရဲ့ အနောက်ဘက်ကမ်းမှာ အကြမ်းဖက်မှုတွေဟာ ပြီးခဲ့တဲ့ နှစ်အတွင်း အရှိန်မြင့်တက်လာခဲ့ပါတယ်။ ပါလက်စတိုင်းတို့နေထိုင်ရာ မြို့များမှာ လမ်းမပေါ် တိုက်ခိုက်မှုများက ကြိမ်ရေ မြင့်တက်လာပြီး အစ္စရေးတို့ကလည်း စစ်အင်အားအသုံးပြုပြီး ပြင်းထန်စွာ စီးနင်းမှုများ ပြုလုပ်လာပါတယ်။
ဇန်နဝါရီလနောက်ပိုင်း အစ္စရေးတို့က ပါလက်စတိုင်း ၁၅၈ ဦးထက်မနည်းကို ပစ်Tတ်ခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ အဲ့ဒီအတောအတွင်း ပါလက်စတိုင်းတို့ရဲ့ တိုက်ခိုက်မှုမှာ အစ္စရေး နိုင်ငံသား ၂ဝ 0ဦးနဲ့ နိုင်ငံခြားသား ၂ ဦးတို့ သေဆုံးခဲ့ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
#ဂျော်ဒန်မြစ်_အနောက်ဘက်ကမ်း #PLO #PNA #ပါလက်စတိုင်းနိုင်ငံ #ရမ်မယ်လာမြို့ #ဂါဇာမြို့ #အစ္စရေးစစ်တပ် #ဂျူးအခြေချအဆောက်အအုံ #ပါလက်စတိုင်းသမ္မတ_မာမွတ်_အဘက်စ်
(Reuters., 29 May 2023,” Israeli army mounts rare raid into Palestinian city of Ramallah, clashes ensue” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
အစၥေရးစစ္တပ္က ပါလက္စတိုင္းၿမိဳ႕အတြင္း ရွားရွားပါးပါး စီးနင္းဝင္ေရာက္ၿပီး ပဋိပကၡမ်ား ျဖစ္ပြား
Htay Oung (NP News) - ဇြန္ ၉
အစၥေရးတပ္မေတာ္ တပ္ဖြဲ႕ဝင္ေတြဟာ သူတို႔သိမ္းပိုက္ထားတဲ့ ေဂ်ာ္ဒန္ျမစ္ အေနာက္ဘက္ကမ္းရွိ ပါလက္စတိုင္း တို႔ရဲ႕ စီမံခန္႔ခြဲေရးၿမိဳ႕အတြင္း ဝင္ေရာက္စီးနင္းတဲ့ ႀကဳံေတာင့္ႀကဳံခဲျမင္ကြင္းတစ္ခုကို ၾကသပေတးေန႔ ေစာေစာပိုင္း မွာ ေတြ႕ျမင္ၾကရပါတယ္။ ႐ုန္းရင္းဆန္ခတ္ျဖစ္သြားခဲ့တဲ့ အဲ့ဒီစီးနင္းမႈဟာ တိုက္ခိုက္သူရဲ႕ေနအိမ္ကို ၿဖိဳခ်ဖို႔အတြက္ စစ္ဆင္ေရးတစ္ခုျဖစ္ေၾကာင္း အစၥေရးစစ္တပ္က ေျပာဆိုတယ္လို႔ Reuters က ဇြန္လ ၈ ရက္က ေရးသားခဲ့ပါ တယ္။
၁၉၈၈ ခုႏွစ္ ပါလက္စတိုင္း လြတ္ေျမာက္ေရး အဖြဲ႕ (PLO) အမ်ိဳးသားေကာင္စီရဲ႕ ျပည္ပေရာက္ အုပ္ခ်ဳပ္သူမ်ားက “ပါလက္စတိုင္း ႏိုင္ငံေတာ္” ကို ထူေထာင္ေၾကာင္း တစ္ဖက္သပ္ ေၾကညာခဲ့ပါတယ္။ အဲဒီအခ်ိန္ PLO တို႔အေနနဲ႔ မည္သည့္နယ္ေျမကိုမွ ထိန္းခ်ဳပ္ထားႏိုင္ျခင္း မရွိဘဲ အေရွ႕ေဂ်႐ုဆလင္အပါအ၀င္ အေနာက္ဘက္ကမ္း နဲ႔ သီးျခား ျဖစ္ေနတဲ့ ဂါဇာကမ္းေျမႇာင္တို႔ပါဝင္ၿပီး ၁၉၆၇ ခုႏွစ္ ၆ ရက္စစ္ပြဲကတည္းက အစၥေရးတို႔သိမ္းပိုက္ထားတဲ့ နယ္ေျမ မ်ားအေပၚမွာ လြတ္လပ္ေရး ေၾကညာခဲ့ျခင္းျဖစ္ပါတယ္။
၁၉၉၃-၁၉၉၅ ခုႏွစ္ ေအာ္စလိုသေဘာတူညီခ်က္အရ၊ အေနာက္ဘက္ကမ္းတစ္စိတ္တစ္ပိုင္းဟာ ပါလက္စတိုင္း အမ်ိဳးသားအာဏာပိုင္အဖြဲ႕ (PNA) ရဲ႕ အုပ္ခ်ဳပ္မႈေအာက္မွာ ရွိေနေပမယ့္ ဂ်ဴးအေျခခ်အေဆာက္အအုံ ၂ဝဝ အပါအဝင္ က်န္နယ္ေျမအားလုံး ကို အစၥေရးတို႔က အျပည့္အဝ ထိန္းခ်ဳပ္ထားပါတယ္။
ဟားမတ္စ္ အစၥလာမ္မစ္ စစ္ေသြးႂကြမ်ားကအုပ္ခ်ဳပ္ေနတဲ့ ဂါဇာကမ္းေျမာင္ေဒသကို ၂ဝဝ၇ ခုႏွစ္ေနာက္ပိုင္း အီဂ်စ္နဲ႔ အစၥေရးတို႔က ကာလရွည္ ပိတ္ဆို႔ထားခဲ့ပါတယ္။ ဂါဇာၿမိဳ႕ဟာ ပါလက္စတိုင္းတို႔အတြက္ အႀကီးဆုံးၿမိဳ႕ ျဖစ္ၿပီး အေနာက္ကမ္းရွိ ရမ္မယ္လာက စီမံခန္႔ခြဲေရး အခ်က္အခ်ာ ၿမိဳ႕ျဖစ္ပါတယ္။
ပါလက္စတိုင္းအစိုးရ ႐ုံးစိုက္ရာ ရမ္မယ္လာၿမိဳ႕လယ္ကို အစၥေရးစစ္ယာဥ္တန္းေတြ အုံနဲ႔က်င္းနဲ႔ ေရာက္ရွိလာတဲ့ အတြက္ ရာနဲ႔ခ်ီတဲ့ ပါလက္စတိုင္းသားေတြကလည္း အဲဒီေနရာကို စုေဝးလာခဲ့ၾကတယ္လို႔ သိရွိရပါတယ္။
က်ည္အစစ္မ်ား၊ လွ်ပ္လက္ဗုံးမ်ား၊ မ်က္ရည္ယိုဗုံးမ်ားအသုံးျပဳၿပီး လူစုခြဲဖို႔ ႀကိဳးစားတဲ့ အစၥေရးစစ္သားတို႔ကို ပါလက္စတိုင္းလူငယ္အခ်ိဳ႕က ေက်ာက္ခဲမ်ားျဖင့္ ပစ္ေပါက္ခဲ့ေၾကာင္း မ်က္ျမင္သက္ေသမ်ားက ေျပာပါတယ္။ ဥၾသသံေပးၿပီး အေရးေပၚလူနာတင္ယာဥ္မ်ား ေမာင္းႏွင္လာတဲ့ လမ္းမ်ားေပၚမွာ မီးေလာင္ေနတဲ့ အမႈိက္ပုံးမ်ားက ပိတ္ဆို႔ေနပါတယ္။
ေသနတ္ဒဏ္ရာရရွိသူ သုံးဦး အပါအဝင္ လူေျခာက္ဦးထက္မနည္းကို ေဆး႐ုံသို႔ ပို႔ေဆာင္ထားရေၾကာင္း ပါလက္စတိုင္း က်န္းမာေရးဝန္ႀကီးဌာနက မွတ္ခ်က္ေပးပါတယ္။ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ေဂ်႐ုဆလင္ ဗုံးခြဲတိုက္ခိုက္ မႈျပဳလုပ္ခဲ့တဲ့ အၾကမ္းဖက္သမားရဲ႕ေနအိမ္ကို ၿဖိဳခ်ဖို႔အတြက္ ရမ္မာလာၿမိဳ႕မွာ စစ္ဆင္ေရးေဆာင္႐ြက္ေနတယ္လို႔ အစၥေရးစစ္တပ္က ေျပာပါတယ္။
ေဂ်႐ုဆလင္ ၿမိဳ႕အဝင္အထြက္နဲ႔ လမ္းဆုံအနီး ဘတ္စ္ကားမွတ္တိုင္မ်ားမွာ လက္လုပ္ဗုံးႏွစ္ႀကိမ္ ေပါက္ကြဲခဲ့တဲ့ အတြက္ အစၥေရး-ကေနဒါ ဆယ္ေက်ာ္သက္တစ္ဦး အပါအဝင္ လူႏွစ္ဦး ေသဆုံးၿပီး ၁၄ ဦးထက္မနည္း ဒဏ္ရာ ရရွိခဲ့ ေၾကာင္း အစၥေရး ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ခဲ့ပါတယ္။
တိုက္ခိုက္ေရးသမားေတြရဲ႕ေနအိမ္ေတြကို ၿဖိဳခ်ျခင္းဟာ ပါလက္စတိုင္းျပည္သူတို႔ရဲ႕ အသက္ေမြး၀မ္းေက်ာင္းမႈ အေပၚ သိမ္းႀကဳံး အျပစ္ေပးရာေရာက္တဲ့ စစ္ရာဇ၀တ္မႈျဖစ္ေၾကာင္း ပါလက္စတိုင္းသမၼတ မာမြတ္_ အဘက္စ့္ရဲ႕ “ ဖာတာ” ပါတီက သတင္းထုတ္ျပန္လိုက္ပါတယ္။
အစၥေရးကေတာ့ အခုလိုေနအိမ္မ်ားကို ၿဖိဳခ်ျခင္း မူဝါဒဟာ က်ဴးလြန္သူမ်ားအေနနဲ႔ အျပစ္ေပးခံရႏိုင္တယ္ဆိုတာ ကို ျပသျခင္းျဖစ္ၿပီး ေနာက္ထပ္ တိုက္ခိုက္ႏိုင္ေျခရွိသူမ်ားကိုလည္း အဟန႔္အတားျဖစ္ေစတယ္လို႔ ဆိုပါတယ္။
အဲ့ဒီမတိုင္ခင္ နာရီပိုင္းအေတာ္ေစာေစာမွာ ပါလက္စတိုင္းဆိုင္ရာ အေမရိကန္သံတမန္ ဟက္ဒီအမ္မာက ပါလက္စတိုင္း အႀကီးတန္းအရာရွိ ဟူစိန္_အယ္လ္_ရွိတ္နဲ႔ ေတြ႕ဆုံခဲ့ပါတယ္။
ႏိုင္ငံအဆင့္ ရယူလိုတဲ့ ပါလက္စတိုင္းတို႔ရဲ႕ အေနာက္ဘက္ကမ္းမွာ အၾကမ္းဖက္မႈေတြဟာ ၿပီးခဲ့တဲ့ ႏွစ္အတြင္း အရွိန္ျမင့္တက္လာခဲ့ပါတယ္။ ပါလက္စတိုင္းတို႔ေနထိုင္ရာ ၿမိဳ႕မ်ားမွာ လမ္းမေပၚ တိုက္ခိုက္မႈမ်ားက ႀကိမ္ေရ ျမင့္တက္လာၿပီး အစၥေရးတို႔ကလည္း စစ္အင္အားအသုံးျပဳၿပီး ျပင္းထန္စြာ စီးနင္းမႈမ်ား ျပဳလုပ္လာပါတယ္။
ဇန္နဝါရီလေနာက္ပိုင္း အစၥေရးတို႔က ပါလက္စတိုင္း ၁၅၈ ဦးထက္မနည္းကို ပစ္Tတ္ခဲ့တယ္လို႔ ပါလက္စတိုင္း က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။ အဲ့ဒီအေတာအတြင္း ပါလက္စတိုင္းတို႔ရဲ႕ တိုက္ခိုက္မႈမွာ အစၥေရး ႏိုင္ငံသား ၂ဝ 0ဦးနဲ႔ ႏိုင္ငံျခားသား ၂ ဦးတို႔ ေသဆုံးခဲ့ေၾကာင္း အစၥေရးႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဆိုပါတယ္။
#ေဂ်ာ္ဒန္ျမစ္_အေနာက္ဘက္ကမ္း #PLO #PNA #ပါလက္စတိုင္းႏိုင္ငံ #ရမ္မယ္လာၿမိဳ႕ #ဂါဇာၿမိဳ႕ #အစၥေရးစစ္တပ္ #ဂ်ဴးအေျခခ်အေဆာက္အအုံ #ပါလက္စတိုင္းသမၼတ_မာမြတ္_အဘက္စ္
(Reuters., 29 May 2023,” Israeli army mounts rare raid into Palestinian city of Ramallah, clashes ensue” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)