အမေရိကန်ဖက်ဒရယ်လေကြောင်းလိုင်းအုပ်ချုပ်ရေးကို တရုတ်နိုင်ငံထုတ်ဒရုန်းများ အသုံးပြုခြင်းမှ တားမြစ်ရန် အဆိုပြုချက်အား အမေရိကန်အထက်လွှတ်တော်အမတ်(၂)ဦး အဆိုပြု

 573

Pika (NP News) - ဇွန် ၉

အမေရိကန်ဖက်ဒရယ်လေကြောင်းလိုင်းအုပ်ချုပ်ရေး(FAA) အား တရုတ်နိုင်ငံထုတ် ဒရုန်းများဝယ်ယူခြင်း (သို့မဟုတ်) အသုံးပြုခြင်းတို့မှ တားမြစ်ရန် အဆိုပြုချက်ကို လွှတ်တော်တွင်အဆိုပြုတင်သွင်းခဲ့ကြောင်း အမေရိကန်အထက်လွှတ်တော် အမတ်(၂)ဦးက ပြောကြားခဲ့သည်။

ရီပတ်ဘလစ်ကန်အမတ် Marsha Blackburn နှင့် ထောက်လှမ်းရေးကော်မတီဥက္ကဋ္ဌ ဒီမိုကရက်တစ်အမတ် Mark Warner တို့သည် တရုတ်နိုင်ငံနှင့် အခြားနိုင်ငံအများအပြားမှ ဒရုန်းကုမ္ပဏီများကို FAA က ဖက်ဒရယ်ရန်ပုံငွေများ ပေးအပ်ခြင်းမှ တားမြစ်မည့် ဥပဒေတစ်ရပ်ကို အဆိုပြုခဲ့ခြင်းဖြစ်သည်။

FAA သည် တရုတ်နိုင်ငံမှ ထုတ်လုပ်သော ဒရုန်းတစ်ဒါဇင်ကျော်ဖြင့် လုပ်ငန်းများကိုလည်ပတ်နေကြောင်း ၎င်းတို့ က ပြောကြားခဲ့သည်။ ထို့အပြင် ရုရှား၊ အီရန်၊ မြောက်ကိုရီးယား၊ ဗင်နီဇွဲလား နှင့် ကျူးဘားနိုင်ငံတို့မှ ထုတ်လုပ် သောဒရုန်းများကို ဝယ်ယူခြင်း (သို့မဟုတ်) အသုံးပြုခြင်းတို့မှ တားမြစ်ပိတ်ပင်ထားကြောင်း သိရသည်။

ရီပတ်ဘလစ်ကန်အမတ် Marsha Blackburn က "အခွန်ထမ်းတွေရဲ့အမေရိကန်ဒေါ်လာတွေကို အမေရိကန်ကို ရန်လိုတဲ့ဒေသတွေမှာ ထုတ်လုပ်တဲ့ဒရုန်းတွေအတွက် ဘယ်တော့မှ မပေးအပ်သင့်ပါဘူး။ ဒီအဆိုပြုချက်မှာ ကျွန်မတို့ကို ရန်လိုနေတဲ့နိုင်ငံတွေက ထုတ်လုပ်တဲ့ဒရုန်းတင်သွင်းမှုကို တားဆီးဖို့၊နိုင်ငံကို လုံခြုံအောင် လုပ်ဆောင် ဖို့နဲ့ နိုင်ငံတွင်း ဒရုန်းထုတ်လုပ်မှုတွေကို ပိုမိုတွန်းအားပေးစေမှာပဲဖြစ်ပါတယ်" ဟု ပြောဆိုခဲ့သည်။

အဆိုပါ ဥပဒေမူကြမ်းအရ တရုတ်နိုင်ငံထုတ် ဒရုန်းမှန်သမျှကို အမေရိကန် (သို့မဟုတ်) မဟာမိတ်နိုင်ငံများမှ ထုတ်လုပ်သော ဒရုန်းများဖြင့် တစ်နှစ်အတွင်းအစားထိုးရန် FAA ကို တောင်းဆိုမည်ဖြစ်ကြောင်း သိရသည်။ အဆိုပြုချက်နှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန်တောင်းဆိုမှုများကို FAA က ချက်ချင်းက ပြန်လည်တုံ့ပြန်ဖြေကြား ခြင်းမျိုး မရှိသေးကြောင်းသိရသည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် ရီပတ်ဘလစ်ကန်လွှတ်တော်အမတ် Marco Rubio က လုံခြုံရေးစိုးရိမ်မှုများကို ကိုးကားပြီး တရုတ်ဒရုန်းထုတ်လုပ်သူ Autel Robotics ကုမ္ပဏီမှ ထုတ်လုပ်သည့် ဒရုန်းများ အသုံးပြုမှုကို ရပ်တန့် ရန် US Capitol ရဲတပ်ဖွဲ့အား တောင်းဆိုခဲ့ကြောင်းသိရသည်။ အမေရိကန်သို့ရောင်းချထားသော ဒရုန်းများ၏ (၅ဝ) ရာခိုင်နှုန်းကျော်ကို တရုတ်အခြေစိုက် DJI ကုမ္ပဏီမှ ထုတ်လုပ်ထားပြီး အဆိုပါဒရုန်းများသည် အများပြည်သူ ဘေးကင်းရေးအေဂျင်စီများက အသုံးပြုမှု အများဆုံးဒရုန်းများဖြစ်ကြောင်း လွှတ်တော်အမတ်များက ပြောကြား ခဲ့သည်။

Zawgyi Version;
အေမရိကန္ဖက္ဒရယ္ေလေၾကာင္းလိုင္းအုပ္ခ်ဳပ္ေရးကို တ႐ုတ္ႏိုင္ငံထုတ္ဒ႐ုန္းမ်ား အသုံးျပဳျခင္းမွ တားျမစ္ရန္ အဆိုျပဳခ်က္အား အေမရိကန္အထက္လႊတ္ေတာ္အမတ္(၂)ဦး အဆိုျပဳ
Pika (NP News) - ဇြန္ ၉

အေမရိကန္ဖက္ဒရယ္ေလေၾကာင္းလိုင္းအုပ္ခ်ဳပ္ေရး(FAA) အား တ႐ုတ္ႏိုင္ငံထုတ္ ဒ႐ုန္းမ်ားဝယ္ယူျခင္း (သို႔မဟုတ္) အသုံးျပဳျခင္းတို႔မွ တားျမစ္ရန္ အဆိုျပဳခ်က္ကို လႊတ္ေတာ္တြင္အဆိုျပဳတင္သြင္းခဲ့ေၾကာင္း အေမရိကန္အထက္လႊတ္ေတာ္ အမတ္(၂)ဦးက ေျပာၾကားခဲ့သည္။

ရီပတ္ဘလစ္ကန္အမတ္ Marsha Blackburn ႏွင့္ ေထာက္လွမ္းေရးေကာ္မတီဥကၠ႒ ဒီမိုကရက္တစ္အမတ္ Mark Warner တို႔သည္ တ႐ုတ္ႏိုင္ငံႏွင့္ အျခားႏိုင္ငံအမ်ားအျပားမွ ဒ႐ုန္းကုမၸဏီမ်ားကို FAA က ဖက္ဒရယ္ရန္ပုံေငြမ်ား ေပးအပ္ျခင္းမွ တားျမစ္မည့္ ဥပေဒတစ္ရပ္ကို အဆိုျပဳခဲ့ျခင္းျဖစ္သည္။

FAA သည္ တ႐ုတ္ႏိုင္ငံမွ ထုတ္လုပ္ေသာ ဒ႐ုန္းတစ္ဒါဇင္ေက်ာ္ျဖင့္ လုပ္ငန္းမ်ားကိုလည္ပတ္ေနေၾကာင္း ၎တို႔ က ေျပာၾကားခဲ့သည္။ ထို႔အျပင္ ႐ုရွား၊ အီရန္၊ ေျမာက္ကိုရီးယား၊ ဗင္နီဇြဲလား ႏွင့္ က်ဴးဘားႏိုင္ငံတို႔မွ ထုတ္လုပ္ ေသာဒ႐ုန္းမ်ားကို ဝယ္ယူျခင္း (သို႔မဟုတ္) အသုံးျပဳျခင္းတို႔မွ တားျမစ္ပိတ္ပင္ထားေၾကာင္း သိရသည္။

ရီပတ္ဘလစ္ကန္အမတ္ Marsha Blackburn က "အခြန္ထမ္းေတြရဲ႕အေမရိကန္ေဒၚလာေတြကို အေမရိကန္ကို ရန္လိုတဲ့ေဒသေတြမွာ ထုတ္လုပ္တဲ့ဒ႐ုန္းေတြအတြက္ ဘယ္ေတာ့မွ မေပးအပ္သင့္ပါဘူး။ ဒီအဆိုျပဳခ်က္မွာ ကြၽန္မတို႔ကို ရန္လိုေနတဲ့ႏိုင္ငံေတြက ထုတ္လုပ္တဲ့ဒ႐ုန္းတင္သြင္းမႈကို တားဆီးဖို႔၊ႏိုင္ငံကို လုံၿခဳံေအာင္ လုပ္ေဆာင္ ဖို႔နဲ႔ ႏိုင္ငံတြင္း ဒ႐ုန္းထုတ္လုပ္မႈေတြကို ပိုမိုတြန္းအားေပးေစမွာပဲျဖစ္ပါတယ္" ဟု ေျပာဆိုခဲ့သည္။

အဆိုပါ ဥပေဒမူၾကမ္းအရ တ႐ုတ္ႏိုင္ငံထုတ္ ဒ႐ုန္းမွန္သမွ်ကို အေမရိကန္ (သို႔မဟုတ္) မဟာမိတ္ႏိုင္ငံမ်ားမွ ထုတ္လုပ္ေသာ ဒ႐ုန္းမ်ားျဖင့္ တစ္ႏွစ္အတြင္းအစားထိုးရန္ FAA ကို ေတာင္းဆိုမည္ျဖစ္ေၾကာင္း သိရသည္။ အဆိုျပဳခ်က္ႏွင့္ပတ္သက္ၿပီး မွတ္ခ်က္ေပးရန္ေတာင္းဆိုမႈမ်ားကို FAA က ခ်က္ခ်င္းက ျပန္လည္တုံ႔ျပန္ေျဖၾကား ျခင္းမ်ိဳး မရွိေသးေၾကာင္းသိရသည္။

ၿပီးခဲ့သည့္သီတင္းပတ္တြင္ ရီပတ္ဘလစ္ကန္လႊတ္ေတာ္အမတ္ Marco Rubio က လုံၿခဳံေရးစိုးရိမ္မႈမ်ားကို ကိုးကားၿပီး တ႐ုတ္ဒ႐ုန္းထုတ္လုပ္သူ Autel Robotics ကုမၸဏီမွ ထုတ္လုပ္သည့္ ဒ႐ုန္းမ်ား အသုံးျပဳမႈကို ရပ္တန႔္ ရန္ US Capitol ရဲတပ္ဖြဲ႕အား ေတာင္းဆိုခဲ့ေၾကာင္းသိရသည္။ အေမရိကန္သို႔ေရာင္းခ်ထားေသာ ဒ႐ုန္းမ်ား၏ (၅ဝ) ရာခိုင္ႏႈန္းေက်ာ္ကို တ႐ုတ္အေျခစိုက္ DJI ကုမၸဏီမွ ထုတ္လုပ္ထားၿပီး အဆိုပါဒ႐ုန္းမ်ားသည္ အမ်ားျပည္သူ ေဘးကင္းေရးေအဂ်င္စီမ်ားက အသုံးျပဳမႈ အမ်ားဆုံးဒ႐ုန္းမ်ားျဖစ္ေၾကာင္း လႊတ္ေတာ္အမတ္မ်ားက ေျပာၾကား ခဲ့သည္။

Related news

© 2021. All rights reserved.