ဖိလစ်ပိုင်နိုင်ငံရှိ Mayon မီးတောင်ပေါက်ကွဲနိုင်မှုနှင့်ပတ်သက်ပြီး သတိပေးချက်များထုတ်ပြန်ပြီးနောက် ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေး

 973

Pika (NP News) - ဇွန် ၉

ဖိလစ်ပိုင်ကျွန်းစုရှိ Mayon မီးတောင်၏ အန္တရာယ်ရှိသော ပေါက်ကွဲမှုသည် ရက်ပိုင်း (သို့မဟုတ်) သီတင်းပတ်များ ကြာမြင့်နိုင်ကြောင်း ဖိလစ်ပိုင်သိပ္ပံပညာရှင်များက ပြောကြားခဲ့ပြီး အနီးအနားရှိ ဒေသခံများကို ၎င်းတို့၏ နေအိမ်များမှ ရွှေ့ပြောင်းရန် တိုက်တွန်းထားကြောင်း သိရသည်။

ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်ဗေဒသိပ္ပံမှ သတိပေးချက်ထုတ်ပြန်ပြီးနောက် Albay ပြည်နယ်အလယ်ပိုင်း Mayon မီးတောင် တောင်တစ်ဝိုက်တွင် နေထိုင်သော ရာနှင့်ချီသည့် မိသားစုများသည် ဘေးလွတ်ကင်းရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။ မနီလာမြို့၏ အရှေ့တောင်ဘက် (၃၃ဝ)ကီလိုမီတာ အကွာတွင်ရှိသော Mayon မီးတောင် သည် နိုင်ငံတွင်းရှိ မီးတောင်ရှင်(၂၄)ခုထဲတွင် အငြိမ်ဆုံးမီးတောင်တစ်ခုအဖြစ် သတ်မှတ်ခံထားရကြောင်း သိရသည်။

ဇွန်လ(၈)ရက်က Mayon မီးတောင် ၏တောင်စောင်းများတွင် pyroclastic density density currents (PDCs) ဟုလူသိများကြသော မီးတောင်ပြာများ၊ကျောက်နှင့် ဓါတ်ငွေ့များအပြင် ချော်ရည်များစီးကျနေသည်ကို တွေ့ရှိခဲ့ ကြောင်း ငလျင်ဗေဒအေဂျင်စီက ပြောကြားခဲ့သည်။ ငလျင်ဗေဒအေဂျင်စီ က "ချော်ရည်တွေ စီးဆင်းမှုနဲ့အတူ ရက်ပိုင်း (သို့မဟုတ်) သီတင်းပတ်များစွာကြာတဲ့ပေါက်ကွဲမှုတွေ ဖြစ်လာနိုင်ချေရှိနေပါတယ်" ဟု ပြောဆိုခဲ့သည်။

Albay ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီ၏ တာဝန်ခံ Eugene Escobar က " လိုအပ်တဲ့ ပြင်ဆင်မှုတွေ အားလုံးကိုလည်း လုပ်ဆောင်ပြီးပါပြီ" ဟု ပြောဆိုခဲ့သည်။

မီးတောင်၏ တောင်စောင်းပေါ်ရှိ Anoling ရွာမှ ဒေသခံများကို ဘေးလွတ်ကင်းရာသို့ ရွှေ့ပြောင်းပေးမည်ဖြစ် ကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီအရာရှိ Rommel Negrete က ပြောကြားခဲ့သည်။ ထို့အပြင် မနီလာမြို့တောင်ဖက် ကီလိုမီတာ(၅ဝ)အကွာတွင်ရှိသော Taal မီးတောင်သည် ယခုသီတင်းပတ်အတွင်း ဆာလဖာဒိုင်အောက်ဆိုဒ်များကို ထုတ်လွှတ်ခဲ့ခြင်းကြောင့် ပတ်ဝန်းကျင်ဒေသများတွင် မီးခိုးမြူများ ဖုံးလွှမ်းနေခဲ့ပြီး ဒေသခံများကို အိမ်ထဲတွင်သာနေထိုင်ကြရန် သတိပေးချက်ထုတ်ပြန်ခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့်(၅)နှစ်ခန့်က Mayon မီးတောင်သည် ပြာများ၊ ကျောက်တုံးများနှင့် ချော်ရည်တန်ချိန် သန်းပေါင်းများစွာ ကို ထုတ်လွှတ်ခဲ့ပြီးနောက် လူပေါင်းသောင်းချီ နေအိမ်စွန့်ခွာခဲ့ရကြောင်းသိရသည်။ ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း အပြင်းထန်ဆုံး မီးတောင်ပေါက်ကွဲမှုသည် မနီလာမြို့အနောက်မြောက်ဖက် ကီလိုမီတာ(၁ဝဝ)အကွာတွင် ရှိသော မီးတောင်ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး (၁၉၉၁) ခုနှစ်တွင် ဖြစ်ပွားခဲ့ကာ လူပေါင်း(၈ဝဝ)ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ဖိလစ္ပိုင္ႏိုင္ငံရွိ Mayon မီးေတာင္ေပါက္ကြဲႏိုင္မႈႏွင့္ပတ္သက္ၿပီး သတိေပးခ်က္မ်ားထုတ္ျပန္ၿပီးေနာက္ ေဒသခံမ်ားကို ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းေပး
Pika (NP News) - ဇြန္ ၉

ဖိလစ္ပိုင္ကြၽန္းစုရွိ Mayon မီးေတာင္၏ အႏၲရာယ္ရွိေသာ ေပါက္ကြဲမႈသည္ ရက္ပိုင္း (သို႔မဟုတ္) သီတင္းပတ္မ်ား ၾကာျမင့္ႏိုင္ေၾကာင္း ဖိလစ္ပိုင္သိပၸံပညာရွင္မ်ားက ေျပာၾကားခဲ့ၿပီး အနီးအနားရွိ ေဒသခံမ်ားကို ၎တို႔၏ ေနအိမ္မ်ားမွ ေ႐ႊ႕ေျပာင္းရန္ တိုက္တြန္းထားေၾကာင္း သိရသည္။

ဖိလစ္ပိုင္ မီးေတာင္ႏွင့္ ငလ်င္ေဗဒသိပၸံမွ သတိေပးခ်က္ထုတ္ျပန္ၿပီးေနာက္ Albay ျပည္နယ္အလယ္ပိုင္း Mayon မီးေတာင္ ေတာင္တစ္ဝိုက္တြင္ ေနထိုင္ေသာ ရာႏွင့္ခ်ီသည့္ မိသားစုမ်ားသည္ ေဘးလြတ္ကင္းရာသို႔ ေ႐ႊ႕ေျပာင္းခဲ့ရေၾကာင္း သိရသည္။ မနီလာၿမိဳ႕၏ အေရွ႕ေတာင္ဘက္ (၃၃ဝ)ကီလိုမီတာ အကြာတြင္ရွိေသာ Mayon မီးေတာင္ သည္ ႏိုင္ငံတြင္းရွိ မီးေတာင္ရွင္(၂၄)ခုထဲတြင္ အၿငိမ္ဆုံးမီးေတာင္တစ္ခုအျဖစ္ သတ္မွတ္ခံထားရေၾကာင္း သိရသည္။

ဇြန္လ(၈)ရက္က Mayon မီးေတာင္ ၏ေတာင္ေစာင္းမ်ားတြင္ pyroclastic density density currents (PDCs) ဟုလူသိမ်ားၾကေသာ မီးေတာင္ျပာမ်ား၊ေက်ာက္ႏွင့္ ဓါတ္ေငြ႕မ်ားအျပင္ ေခ်ာ္ရည္မ်ားစီးက်ေနသည္ကို ေတြ႕ရွိခဲ့ ေၾကာင္း ငလ်င္ေဗဒေအဂ်င္စီက ေျပာၾကားခဲ့သည္။ ငလ်င္ေဗဒေအဂ်င္စီ က "ေခ်ာ္ရည္ေတြ စီးဆင္းမႈနဲ႔အတူ ရက္ပိုင္း (သို႔မဟုတ္) သီတင္းပတ္မ်ားစြာၾကာတဲ့ေပါက္ကြဲမႈေတြ ျဖစ္လာႏိုင္ေခ်ရွိေနပါတယ္" ဟု ေျပာဆိုခဲ့သည္။

Albay ျပည္နယ္သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈေအဂ်င္စီ၏ တာဝန္ခံ Eugene Escobar က " လိုအပ္တဲ့ ျပင္ဆင္မႈေတြ အားလုံးကိုလည္း လုပ္ေဆာင္ၿပီးပါၿပီ" ဟု ေျပာဆိုခဲ့သည္။

မီးေတာင္၏ ေတာင္ေစာင္းေပၚရွိ Anoling ႐ြာမွ ေဒသခံမ်ားကို ေဘးလြတ္ကင္းရာသို႔ ေ႐ႊ႕ေျပာင္းေပးမည္ျဖစ္ ေၾကာင္း သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈေအဂ်င္စီအရာရွိ Rommel Negrete က ေျပာၾကားခဲ့သည္။ ထို႔အျပင္ မနီလာၿမိဳ႕ေတာင္ဖက္ ကီလိုမီတာ(၅ဝ)အကြာတြင္ရွိေသာ Taal မီးေတာင္သည္ ယခုသီတင္းပတ္အတြင္း ဆာလဖာဒိုင္ေအာက္ဆိုဒ္မ်ားကို ထုတ္လႊတ္ခဲ့ျခင္းေၾကာင့္ ပတ္ဝန္းက်င္ေဒသမ်ားတြင္ မီးခိုးျမဴမ်ား ဖုံးလႊမ္းေနခဲ့ၿပီး ေဒသခံမ်ားကို အိမ္ထဲတြင္သာေနထိုင္ၾကရန္ သတိေပးခ်က္ထုတ္ျပန္ခဲ့ရေၾကာင္း သိရသည္။

ၿပီးခဲ့သည့္(၅)ႏွစ္ခန႔္က Mayon မီးေတာင္သည္ ျပာမ်ား၊ ေက်ာက္တုံးမ်ားႏွင့္ ေခ်ာ္ရည္တန္ခ်ိန္ သန္းေပါင္းမ်ားစြာ ကို ထုတ္လႊတ္ခဲ့ၿပီးေနာက္ လူေပါင္းေသာင္းခ်ီ ေနအိမ္စြန႔္ခြာခဲ့ရေၾကာင္းသိရသည္။ ၿပီးခဲ့သည့္ဆယ္စုႏွစ္အတြင္း အျပင္းထန္ဆုံး မီးေတာင္ေပါက္ကြဲမႈသည္ မနီလာၿမိဳ႕အေနာက္ေျမာက္ဖက္ ကီလိုမီတာ(၁ဝဝ)အကြာတြင္ ရွိေသာ မီးေတာင္ေပါက္ကြဲမႈတစ္ခုျဖစ္ၿပီး (၁၉၉၁) ခုႏွစ္တြင္ ျဖစ္ပြားခဲ့ကာ လူေပါင္း(၈ဝဝ)ေက်ာ္ ေသဆုံးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.