လှိုင်းဘွဲ့မြို့တွင် ဆိုင်ကယ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိ၍ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရရှိ

544
စော (NP News) - ဇွန် ၉
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်တွင် ဆိုင်ကယ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိ၍ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇွန်လ ၉ ရက်)၊ မွန်းလွဲ (၁၂)နာရီအချိန်တွင် လှိုင်းဘွဲ့မြို့နယ်၊ ကွမ်တာကျေးရွာ၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကူညီကယ်ဆယ်ရေး (လှိုင်းဘွဲ့မြို့နယ်) ထံမှ သိရသည်။
“ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်ကြတာပါ။ တစ်ယောက်ကတော့ အနီရောင့်အဆင့် ခေါင်းကွဲသွားပြီး စိုးရိမ်ရပါတယ်။ နောက်တစ်ယောက်ကတော့ အဝါရောင်အဆင့်လောက်ပဲ ပွန်းတာပဲ့တာလောက်ပေါ့” ဟု မြန်မာနိုင်ငံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့(လှိုင်းဘွဲ့မြို့နယ်) မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူ (၂)ဦးအနက် အနီရောင်အဆင့် အမျိုးသားတစ်ဦးမှာ အသက်(၃ဝ) ဝန်းကျင်အရွယ်ရှိပြီး အသက် (၂ဝ) ဝန်းကျင် အရွယ်အမျိုးသားမှာ စိုးရိမ်စရာအခြေအနေမရှိကြောင်း သိရသည်။
အဆိုပါအမျိုးသားနှစ်ဦးအား လှိုင်းဘွဲ့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Zawgyi Version;
လႈိင္းဘြဲ႕ၿမိဳ႕တြင္ ဆိုင္ကယ္ႏွစ္စီးမ်က္ႏွာခ်င္းဆိုင္တိုက္မိ၍ အမ်ိဳးသား(၂)ဦး ထိခိုက္ဒဏ္ရာရရွိ
ေစာ (NP News) - ဇြန္ ၉
ကရင္ျပည္နယ္၊ လႈိင္းဘြဲ႕ၿမိဳ႕နယ္တြင္ ဆိုင္ကယ္ႏွစ္စီးမ်က္ႏွာခ်င္းဆိုင္တိုက္မိ၍ အမ်ိဳးသား(၂)ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ဇြန္လ ၉ ရက္)၊ မြန္းလြဲ (၁၂)နာရီအခ်ိန္တြင္ လႈိင္းဘြဲ႕ၿမိဳ႕နယ္၊ ကြမ္တာေက်း႐ြာ၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈကူညီကယ္ဆယ္ေရး (လႈိင္းဘြဲ႕ၿမိဳ႕နယ္) ထံမွ သိရသည္။
“ဆိုင္ကယ္ႏွစ္စီး မ်က္ႏွာခ်င္းဆိုင္တိုက္ၾကတာပါ။ တစ္ေယာက္ကေတာ့ အနီေရာင့္အဆင့္ ေခါင္းကြဲသြားၿပီး စိုးရိမ္ရပါတယ္။ ေနာက္တစ္ေယာက္ကေတာ့ အဝါေရာင္အဆင့္ေလာက္ပဲ ပြန္းတာပဲ့တာေလာက္ေပါ့” ဟု ျမန္မာႏိုင္ငံ လူမႈကူညီကယ္ဆယ္ေရးအဖြဲ႕(လႈိင္းဘြဲ႕ၿမိဳ႕နယ္) မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ထိခိုက္ဒဏ္ရာရရွိသူ (၂)ဦးအနက္ အနီေရာင္အဆင့္ အမ်ိဳးသားတစ္ဦးမွာ အသက္(၃ဝ) ဝန္းက်င္အ႐ြယ္ရွိၿပီး အသက္ (၂ဝ) ဝန္းက်င္ အ႐ြယ္အမ်ိဳးသားမွာ စိုးရိမ္စရာအေျခအေနမရွိေၾကာင္း သိရသည္။
အဆိုပါအမ်ိဳးသားႏွစ္ဦးအား လႈိင္းဘြဲ႕ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။