မြန်မာတွင် ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်သွားရန် စီစဉ် ဆောင်ရွက်နေကြောင်း နစက ဥက္ကဌ နှင့် တွေ့ဆုံ စဉ် ဘယ်လာရုစ် သမ္မတ ပြော

167

မေဥဩ (NP- News) ဇွန်-၂၉
မြန်မာနှင့်ဘယ်လာရုစ်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်သွားရန် အထူးစိတ်ဝင်စားမှု ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ယမန်နေ့ (ဇွန် ၂၇) ရက် မွန်းလွဲပိုင်းက ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ သမ္မတနန်းတော်ဧည့်ခန်းမဆောင်၌ တွေ့ဆုံစဥ်ဆွေးနွေးစဉ် ဘယ်လာရုစ် သမ္မတ H.E. Mr. Alexander Gregoryevich Lukashenko က ပြောကြားခဲ့ကြောင်း နစက ၏ ထုတ်ပြန်ချက်အရ သိရသည်။
တွေ့ဆုံပွဲသို့ နစက ဥက္ကဌ နှင့်အတူ အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားသည့် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးတို့ တက်ရောက်ကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတနှင့်အတူ ဘယ်လာရုစ်အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ကြကြောင်း သိရသည်။
ယခုအကြိမ်တွေ့ဆုံမှု၌ ယခင်ကတွေ့ဆုံဆွေးနွေးမှုများတွင် ဆက်လက်ဆွေးနွေးရန်ကျန်ရှိသည်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနှင့်ဘယ်လာရုစ်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်သွားရန် အထူးစိတ်ဝင်စားမှုရှိပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လမ်းညွှန်ချက်မြေပုံ (Action Plan)ကို နည်းဗျူဟာ၊ မဟာဗျူဟာကျကျရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးတွင် နိုင်ငံရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခန်းကဏ္ဍတို့တွင်သာမက စီးပွားရေးအခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားရန်လည်း မိမိအနေဖြင့် ဆန္ဒရှိကြောင်းကို ပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံတွင် ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်သွားရန် ဘယ်လာရုစ်နိုင်ငံအနေဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဘယ်လာရုစ် သမ္မတ က ပြောသည်။
ထို့နောက် ဘယ်လာရုစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီးက ဘယ်လာရုစ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိသည့်အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ကြောင်း နစက ၏ ထုတ်ပြန်ချက်အရ သိရသည်။
စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ် (Eurasian Economic Forum 2025 - EEF 2025)သို့ တက်ရောက်ရသည့်အတွက် မြန်မာနိုင်ငံနှင့် EAEU အဖွဲ့ဝင် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများစွာကိုလည်းရရှိခဲ့ကြောင်း၊ မြန်မာနှင့်ဘယ်လာရုစ်နှစ်နိုင်ငံအကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်ပေါင်းစုံရှိနေပြီး ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဘယ်လာရုစ်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း စက်ရုံ၊ အလုပ်ရုံများကို သွားရောက်လေ့လာခဲ့ကာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း ဆွေးနွေးစဉ် နစက ဥက္ကဌ က ထည့်သွင်း ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
နစက ဥက္ကဌ နှင့် ဘယ်လာရုစ်သမ္မတတို့အကြား နှစ်နိုင်ငံအကြားရှိပြီးဖြစ်သည့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်သည့် အခြေအနေများနှင့်ပတ်သက်၍ လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
ျမန္မာတြင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို လုပ္ေဆာင္သြားရန္ စီစဥ္ ေဆာင္႐ြက္ေနေၾကာင္း နစက ဥကၠဌ ႏွင့္ ေတြ႕ဆုံ စဥ္ ဘယ္လာ႐ုစ္ သမၼတ ေျပာ
ေမဥဩ (NP- News) ဇြန္-၂၉
ျမန္မာႏွင့္ဘယ္လာ႐ုစ္ႏွစ္ႏိုင္ငံအၾကား ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ေဆာင္႐ြက္သြားရန္ အထူးစိတ္ဝင္စားမႈ ရွိေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ ဥကၠဌ၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႏွင့္ ယမန္ေန႔ (ဇြန္ ၂၇) ရက္ မြန္းလြဲပိုင္းက ဘယ္လာ႐ုစ္ႏိုင္ငံ၊ မင့္စ္ၿမိဳ႕ရွိ သမၼတနန္းေတာ္ဧည့္ခန္းမေဆာင္၌ ေတြ႕ဆုံစဥ္ေဆြးေႏြးစဥ္ ဘယ္လာ႐ုစ္ သမၼတ H.E. Mr. Alexander Gregoryevich Lukashenko က ေျပာၾကားခဲ့ေၾကာင္း နစက ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ေတြ႕ဆုံပြဲသို႔ နစက ဥကၠဌ ႏွင့္အတူ အဖြဲ႕ဝင္မ်ားအျဖစ္ လိုက္ပါသြားသည့္ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဗိုလ္ခ်ဳပ္ႀကီးရဲဝင္းဦး၊ ေကာင္စီဝင္ဗိုလ္ခ်ဳပ္ႀကီး ညိဳေစာ၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ဘယ္လာ႐ုစ္ႏိုင္ငံဆိုင္ရာ ျမန္မာႏိုင္ငံသံအမတ္ႀကီးတို႔ တက္ေရာက္ၾကၿပီး ဘယ္လာ႐ုစ္သမၼတႏိုင္ငံသမၼတႏွင့္အတူ ဘယ္လာ႐ုစ္အစိုးရအဖြဲ႕မွ အဆင့္ျမင့္အရာရွိႀကီးမ်ား၊ အစိုးရအဖြဲ႕ဝင္ဝန္ႀကီးမ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။
ယခုအႀကိမ္ေတြ႕ဆုံမႈ၌ ယခင္ကေတြ႕ဆုံေဆြးေႏြးမႈမ်ားတြင္ ဆက္လက္ေဆြးေႏြးရန္က်န္ရွိသည္မ်ားကို ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း၊ ျမန္မာႏွင့္ဘယ္လာ႐ုစ္ႏွစ္ႏိုင္ငံအၾကား ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ေဆာင္႐ြက္သြားရန္ အထူးစိတ္ဝင္စားမႈရွိၿပီး ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာ လမ္းၫႊန္ခ်က္ေျမပုံ (Action Plan)ကို နည္းဗ်ဴဟာ၊ မဟာဗ်ဴဟာက်က်ေရးဆြဲေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္ေရးတြင္ ႏိုင္ငံေရး၊ က်န္းမာေရး၊ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အခန္းက႑တို႔တြင္သာမက စီးပြားေရးအခန္းက႑ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေဆာင္႐ြက္သြားရန္လည္း မိမိအေနျဖင့္ ဆႏၵရွိေၾကာင္းကို ေျပာၾကားလိုေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို လုပ္ေဆာင္သြားရန္ ဘယ္လာ႐ုစ္ႏိုင္ငံအေနျဖင့္ စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ဘယ္လာ႐ုစ္ သမၼတ က ေျပာသည္။
ထို႔ေနာက္ ဘယ္လာ႐ုစ္ႏိုင္ငံ၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာနဝန္ႀကီးက ဘယ္လာ႐ုစ္ႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံတို႔အၾကား နယ္ပယ္ေပါင္းစုံတြင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား လုပ္ေဆာင္လ်က္ရွိသည့္အေျခအေနမ်ားႏွင့္ ဆက္လက္ေဆာင္႐ြက္သြားႏိုင္မည့္ အေျခအေနမ်ားႏွင့္ပတ္သက္၍ ရွင္းလင္းတင္ျပ ေၾကာင္း နစက ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
စတုတၳအႀကိမ္ ဥေရာပ-အာရွစီးပြားေရးဖိုရမ္ (Eurasian Economic Forum 2025 - EEF 2025)သို႔ တက္ေရာက္ရသည့္အတြက္ ျမန္မာႏိုင္ငံႏွင့္ EAEU အဖြဲ႕ဝင္ ႏိုင္ငံမ်ားအၾကား ပူးေပါင္းေဆာင္႐ြက္ႏိုင္မည့္ အခြင့္အလမ္းမ်ားစြာကိုလည္းရရွိခဲ့ေၾကာင္း၊ ျမန္မာႏွင့္ဘယ္လာ႐ုစ္ႏွစ္ႏိုင္ငံအၾကား ႏွစ္ဖက္ပူးေပါင္းေဆာင္႐ြက္ႏိုင္မည့္ နယ္ပယ္ေပါင္းစုံရွိေနၿပီး ဆက္လက္တိုးခ်ဲ႕ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ဘယ္လာ႐ုစ္ႏိုင္ငံသို႔ ေရာက္ရွိေနစဥ္အတြင္း စက္႐ုံ၊ အလုပ္႐ုံမ်ားကို သြားေရာက္ေလ့လာခဲ့ကာ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ျပဳလုပ္ႏိုင္ရန္ ေဆြးေႏြး ေဆာင္႐ြက္ခဲ့ေၾကာင္း ေဆြးေႏြးစဥ္ နစက ဥကၠဌ က ထည့္သြင္း ေျပာၾကားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။
နစက ဥကၠဌ ႏွင့္ ဘယ္လာ႐ုစ္သမၼတတို႔အၾကား ႏွစ္ႏိုင္ငံအၾကားရွိၿပီးျဖစ္သည့္ ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ဆက္လက္တိုးခ်ဲ႕ေဆာင္႐ြက္သြားမည္ျဖစ္သည့္ အေျခအေနမ်ားႏွင့္ပတ္သက္၍ လည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။