မုံရွာနှင့် ဆာလင်းကြီးမြို့နယ်အစပ်ရှိ ညောင်ပင်ကြီးရဲစခန်းကို PDF ပူးပေါင်းအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အကြား သေဆုံးမှုများရှိခဲ့

2039

NP News - ဇွန် ၁ဝ
စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ဆာလင်းကြီးမြို့နယ်အစပ်ရှိ ညောင်ပင်ကြီးရဲစခန်းကို PDF ပူးပေါင်းအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အကြားတွင် ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၉ ရက်)၊ ညနေ ၆ နာရီဝန်းကျင်အချိန်တွင် PDF ပူးပေါင်းအဖွဲ့က ညောင်ပင်ကြီးရဲစခန်းရှိ လုံခြုံရေးအဖွဲ့ဝင်များကို လာရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အကြားတွင် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ဒေသခံများက NP News ကို ပြောသည်။
“မနေ့က ညနေ ၆ နာရီဝန်းကျင်လောက်က စဖြစ်တာပေါ့။ ပစ်ခတ်သံတွေကတော့ ညပိုင်း ၈ နာရီ၊ ၉ နာရီလောက်အထိ ကြားနေရတယ်။ မိုင်းကွဲသံတွေလည်း အများကြီးကြားရတယ်။ အခုဟာက PDF တွေက အင်အားများတယ်နဲ့တူတယ်။ အလုံးအရင်းနဲ့ ဝင်တိုက်တဲ့သဘောမှာရှိတယ်။ ရဲစခန်းကို စီးနိုင်သွားတယ်။ စခန်းမှာလည်း မီးလောင်နေတာတွေ တွေ့ရတယ်။ ဒေသခံအတော်တော်များများကတော့ ပြေးနေရတာပေါ့”ဟု အခင်းဖြစ်ပွားရာနေရာအနီးရှိ ဒေသခံတစ်ဦးက ပြောသည်။
PDF ပူးပေါင်းအဖွဲ့သည် ညောင်ပင်ကြီးရဲစခန်းအား အင်အားအလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် ၎င်းစခန်းကိုလည်း သိမ်းပိုက်သွားနိုင်ခဲ့ကြောင်း ဒေသခံများက ဆိုထားသည်။
ညောင်ပင်ကြီးရဲစခန်းအား PDF ပူးပေါင်းအဖွဲ့မှ ဝင်ရောက်စီးနင်းနေစဉ်အချိန်တွင် လုံခြုံရေးအဖွဲ့ဘက်က ဂျက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရသည်။
ထိုသို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်များအတွင်း PDF ပူးပေါင်းအဖွဲ့နှင့် လုံခြုံရေးအဖွဲ့ဝင်များအကြားတွင် သေဆုံးသူများ၊ ထိခိုက်ဒဏ်ရာရရှိသူများ ရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။
အဆိုပါ ညောင်ပင်ကြီးရဲစခန်းတိုက်ပွဲနှင့်ပတ်သက်၍ လုံခြုံရေးအဖွဲ့ဘက်မှ (၁ဝ)ဦးခန့် သေဆုံးခဲ့ပြီး စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်းနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း PDF အဖွဲ့များဘက်က ထုတ်ပြန်ထားသည်ကို တွေ့ရှိရပြီး ၎င်းအချက်အလက်များအပေါ် NP News အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့အနေဖြင့်လည်း ညောင်ပင်ကြီးရဲစခန်း တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ လတ်တလော၌ တစ်စုံတစ်ရာထုတ်ပြန် အသိပေးခြင်းမျိုး မတွေ့ရသေးပေ။
ညောင်ပင်ကြီးရဲစခန်းသည် မုံရွာမြို့တစ်ဖက်ကမ်းတွင် တည်ရှိပြီး လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဝမ်ပေါင်ကုမ္ပဏီ အနီးတစ်ဝိုက်တွင် တည်ရှိကြောင်းလည်း သိရသည်။

zawgyi version
မုံ႐ြာႏွင့္ ဆာလင္းႀကီးၿမိဳ႕နယ္အစပ္ရွိ ေညာင္ပင္ႀကီးရဲစခန္းကို PDF ပူးေပါင္းအဖြဲ႕မ်ားက ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး ႏွစ္ဖက္အၾကား ေသဆုံးမႈမ်ားရွိခဲ့
NP News - ဇြန္ ၁ဝ
စစ္ကိုင္းတိုင္း၊ မုံ႐ြာႏွင့္ ဆာလင္းႀကီးၿမိဳ႕နယ္အစပ္ရွိ ေညာင္ပင္ႀကီးရဲစခန္းကို PDF ပူးေပါင္းအဖြဲ႕မ်ားက ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး ႏွစ္ဖက္အၾကားတြင္ ထိခိုက္ေသဆုံးမႈမ်ားရွိခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဇြန္လ ၉ ရက္)၊ ညေန ၆ နာရီဝန္းက်င္အခ်ိန္တြင္ PDF ပူးေပါင္းအဖြဲ႕က ေညာင္ပင္ႀကီးရဲစခန္းရွိ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားကို လာေရာက္တိုက္ခိုက္ခဲ့ၿပီး ႏွစ္ဖက္အၾကားတြင္ အျပန္အလွန္ပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားက NP News ကို ေျပာသည္။
“မေန႔က ညေန ၆ နာရီဝန္းက်င္ေလာက္က စျဖစ္တာေပါ့။ ပစ္ခတ္သံေတြကေတာ့ ညပိုင္း ၈ နာရီ၊ ၉ နာရီေလာက္အထိ ၾကားေနရတယ္။ မိုင္းကြဲသံေတြလည္း အမ်ားႀကီးၾကားရတယ္။ အခုဟာက PDF ေတြက အင္အားမ်ားတယ္နဲ႔တူတယ္။ အလုံးအရင္းနဲ႔ ဝင္တိုက္တဲ့သေဘာမွာရွိတယ္။ ရဲစခန္းကို စီးႏိုင္သြားတယ္။ စခန္းမွာလည္း မီးေလာင္ေနတာေတြ ေတြ႕ရတယ္။ ေဒသခံအေတာ္ေတာ္မ်ားမ်ားကေတာ့ ေျပးေနရတာေပါ့”ဟု အခင္းျဖစ္ပြားရာေနရာအနီးရွိ ေဒသခံတစ္ဦးက ေျပာသည္။
PDF ပူးေပါင္းအဖြဲ႕သည္ ေညာင္ပင္ႀကီးရဲစခန္းအား အင္အားအလုံးအရင္းျဖင့္ လာေရာက္တိုက္ခိုက္ခဲ့ၿပီးေနာက္ ၎စခန္းကိုလည္း သိမ္းပိုက္သြားႏိုင္ခဲ့ေၾကာင္း ေဒသခံမ်ားက ဆိုထားသည္။
ေညာင္ပင္ႀကီးရဲစခန္းအား PDF ပူးေပါင္းအဖြဲ႕မွ ဝင္ေရာက္စီးနင္းေနစဥ္အခ်ိန္တြင္ လုံၿခဳံေရးအဖြဲ႕ဘက္က ဂ်က္ေလယာဥ္ျဖင့္ လာေရာက္ပစ္ခတ္မႈမ်ားရွိခဲ့ေၾကာင္း သိရသည္။
ထိုသို႔ အျပန္အလွန္ပစ္ခတ္မႈျဖစ္စဥ္မ်ားအတြင္း PDF ပူးေပါင္းအဖြဲ႕ႏွင့္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားအၾကားတြင္ ေသဆုံးသူမ်ား၊ ထိခိုက္ဒဏ္ရာရရွိသူမ်ား ရွိခဲ့ေၾကာင္း ေဒသခံမ်ားက ဆိုသည္။
အဆိုပါ ေညာင္ပင္ႀကီးရဲစခန္းတိုက္ပြဲႏွင့္ပတ္သက္၍ လုံၿခဳံေရးအဖြဲ႕ဘက္မွ (၁ဝ)ဦးခန႔္ ေသဆုံးခဲ့ၿပီး စခန္းအား မီးရႈိ႕ဖ်က္ဆီးႏိုင္ခဲ့ေၾကာင္းႏွင့္ လက္နက္ခဲယမ္းမ်ားကို သိမ္းဆည္းႏိုင္ခဲ့ေၾကာင္း PDF အဖြဲ႕မ်ားဘက္က ထုတ္ျပန္ထားသည္ကို ေတြ႕ရွိရၿပီး ၎အခ်က္အလက္မ်ားအေပၚ NP News အေနျဖင့္ သီးျခားအတည္ျပဳႏိုင္ျခင္း မရွိေသးေပ။
နစက၏ သတင္းထုတ္ျပန္ေရးအဖြဲ႕အေနျဖင့္လည္း ေညာင္ပင္ႀကီးရဲစခန္း တိုက္ခိုက္ခံရမႈႏွင့္ပတ္သက္၍ လတ္တေလာ၌ တစ္စုံတစ္ရာထုတ္ျပန္ အသိေပးျခင္းမ်ိဳး မေတြ႕ရေသးေပ။
ေညာင္ပင္ႀကီးရဲစခန္းသည္ မုံ႐ြာၿမိဳ႕တစ္ဖက္ကမ္းတြင္ တည္ရွိၿပီး လက္ပံေတာင္းေတာင္ေၾကးနီစီမံကိန္း ဝမ္ေပါင္ကုမၸဏီ အနီးတစ္ဝိုက္တြင္ တည္ရွိေၾကာင္းလည္း သိရသည္။