ဂွမြို့၌ နွားကျောင်းသားတစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွား

 601

စော (NP News) - ဇွန် ၁၂

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် နွားကျောင်းသည့် အမျိုးသား(၁)ဦး အရက်မူးကာ ရေနစ်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၁၁ ရက်)၊ ည(၈)နာရီဝန်းကျင်အချိန်တွင် ဂွမြို့နယ်၊ မြို့မရပ်ကွက်၊ အလယ်ရွာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထာဝရမေတ္တာနာရေးကူညီမှုအသင်းထံမှ သိရသည်။

“ရိုးရိုးရေနစ်တာပါ။ ဒီအတိုင်းအရက်မူးပြီးတော့ နစ်တာထင်တယ်။ ချောင်းရိုးက ပေါင်လောက်တော့နက်တယ်။ အရက်မူးပြီး အဲဒီချောင်းမှာလဲပြီးသေတာထင်တယ်။ ပြင်ပဒဏ်ရာတော့မရှိပါဘူး”ဟု ထာဝရမေတ္တာနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ အမျိုးသားသည် အသက်(၆ဝ)ဝန်းကျင်အရွယ်ရှိပြီး နွားကျောင်းသည့် အလုပ်လုပ်ကိုင်ကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။

၎င်းအမျိုးသားသည် ယမန်နေ့ ညပိုင်းတွင် ပျောက်ဆုံးနေခြင်းဖြစ်ပြီး ယနေ့ (ဇွန်လ ၁၂ ရက်)၊ မွန်းလွဲ (၂)နာရီအချိန်တွင် အလောင်းအား ပြန်လည်ရှာတွေ့ခဲ့ကြောင်း သိရသည်။

သေဆုံးသွားသည့် အမျိုးသားအား ဂွမြို့နယ်ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

zawgyi version
ဂြၿမိဳ႕၌ ႏြားေက်ာင္းသားတစ္ဦး ေရနစ္ေသဆုံးမႈ ျဖစ္ပြား
ေစာ (NP News) - ဇြန္ ၁၂

ရခိုင္ျပည္နယ္၊ ဂြၿမိဳ႕နယ္တြင္ ႏြားေက်ာင္းသည့္ အမ်ိဳးသား(၁)ဦး အရက္မူးကာ ေရနစ္ေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ဇြန္လ ၁၁ ရက္)၊ ည(၈)နာရီဝန္းက်င္အခ်ိန္တြင္ ဂြၿမိဳ႕နယ္၊ ၿမိဳ႕မရပ္ကြက္၊ အလယ္႐ြာ၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ထာဝရေမတၱာနာေရးကူညီမႈအသင္းထံမွ သိရသည္။

“႐ိုး႐ိုးေရနစ္တာပါ။ ဒီအတိုင္းအရက္မူးၿပီးေတာ့ နစ္တာထင္တယ္။ ေခ်ာင္း႐ိုးက ေပါင္ေလာက္ေတာ့နက္တယ္။ အရက္မူးၿပီး အဲဒီေခ်ာင္းမွာလဲၿပီးေသတာထင္တယ္။ ျပင္ပဒဏ္ရာေတာ့မရွိပါဘူး”ဟု ထာဝရေမတၱာနာေရးကူညီမႈအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ အမ်ိဳးသားသည္ အသက္(၆ဝ)ဝန္းက်င္အ႐ြယ္ရွိၿပီး ႏြားေက်ာင္းသည့္ အလုပ္လုပ္ကိုင္ေၾကာင္း ၎ကဆက္လက္ေျပာဆိုထားသည္။

၎အမ်ိဳးသားသည္ ယမန္ေန႔ ညပိုင္းတြင္ ေပ်ာက္ဆုံးေနျခင္းျဖစ္ၿပီး ယေန႔ (ဇြန္လ ၁၂ ရက္)၊ မြန္းလြဲ (၂)နာရီအခ်ိန္တြင္ အေလာင္းအား ျပန္လည္ရွာေတြ႕ခဲ့ေၾကာင္း သိရသည္။

ေသဆုံးသြားသည့္ အမ်ိဳးသားအား ဂြၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံ ရင္ခြဲ႐ုံသို႔ပို႔ေဆာင္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.