အမေရိကန်နိုင်ငံ၊ မေရီလန်းမှာ ကလေးမွေးနေ့ပါတီကို ကားဝင်တိုက်လို့ လူ ၁ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရ

163

ရောင်နီ (NP News) - အောက်တိုဘာ ၂ဝ
အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်၊ ဘလန်ဒန်ဘာ့မြို့မှာ အောက်တိုဘာ ၁၈ ရက်က ကလေးငယ်တွေနဲ့ ပြည့်နေတဲ့ မွေးနေ့ပါတီ ယာယီတဲကို ကားတစ်စီးက ဝင်တိုက်မိလို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
အသက် ၆၆ နှစ်အရွယ် ယာဉ်မောင်းဟာ အခင်းဖြစ်ပွားရာမှ ခြေလျင် ထွက်ပြေးသွားခဲ့ပေမယ့် နောက်ပိုင်း ဖမ်းဆီးနိုင်ခဲ့ကာ ဝါရှင်တန်ဒီစီမှာ ရာဇ၀တ်မှုဆိုင်ရာနဲ့ စွဲချက်တင်ထားတယ်လို့ ဘလန်ဒန်ဘာ့ ရဲဌာနက အောက်တိုဘာ ၁၉ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ သေဆုံးသွားသူဟာ ဝါရှင်တန်မြို့မှ အသက် ၃၁ နှစ် အရွယ်အမျိုးသမီးဖြစ်ပြီး X app မှာ တင်ထားတဲ့ဗီဒီယိုတစ်ခုအရ အောက်တိုဘာ ၁၉ ရက် နံနက်အစောပိုင်းက အခင်းဖြစ်ပွားရာနေရာမှာ မွေးနေ့ပွဲအတွက် အသုံးပြုခဲ့တယ်လို့ယူဆရတဲ့ ယာယီတဲတစ်လုံး ပွင့်ထွက်ကာ တစ်စိတ်တစ်ပိုင်းတွေ ပြိုကျနေတာတွေ့ရပါတယ်။
အရွယ်ရောက်ပြီးသူ ခြောက်ဦးနဲ့ အသက် ၁ နှစ်မှ ၁၇ နှစ်ကြား ကလေးရှစ်ဦး အပါအဝင် ဒဏ်ရာရသူတွေကို ဆေးရုံပို့ဆောင်ထားတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။ လက်ရှိမှာတော့ အရွယ်ရောက်ပြီးသူ သုံးဦး တည်ငြိမ်တဲ့ အခြေအနေနဲ့ ဆေးရုံတက်နေရကာ တစ်ဦးကတော့ ဆေးရုံမှ ဆင်းနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version:
အေမရိကန္ႏိုင္ငံ၊ ေမရီလန္းမွာ ကေလးေမြးေန႔ပါတီကို ကားဝင္တိုက္လို႔ လူ ၁ ဦး ေသဆုံးၿပီး ၁၃ ဦး ဒဏ္ရာရ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂ဝ
အေမရိကန္ႏိုင္ငံ၊ ေမရီလန္းျပည္နယ္၊ ဘလန္ဒန္ဘာ့ၿမိဳ႕မွာ ေအာက္တိုဘာ ၁၈ ရက္က ကေလးငယ္ေတြနဲ႔ ျပည့္ေနတဲ့ ေမြးေန႔ပါတီ ယာယီတဲကို ကားတစ္စီးက ဝင္တိုက္မိလို႔ အမ်ိဳးသမီးတစ္ဦး ေသဆုံးၿပီး ၁၃ ဦး ဒဏ္ရာရခဲ့ပါတယ္။
အသက္ ၆၆ ႏွစ္အ႐ြယ္ ယာဥ္ေမာင္းဟာ အခင္းျဖစ္ပြားရာမွ ေျခလ်င္ ထြက္ေျပးသြားခဲ့ေပမယ့္ ေနာက္ပိုင္း ဖမ္းဆီးႏိုင္ခဲ့ကာ ဝါရွင္တန္ဒီစီမွာ ရာဇ၀တ္မႈဆိုင္ရာနဲ႔ စြဲခ်က္တင္ထားတယ္လို႔ ဘလန္ဒန္ဘာ့ ရဲဌာနက ေအာက္တိုဘာ ၁၉ ရက္မွာ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ေသဆုံးသြားသူဟာ ဝါရွင္တန္ၿမိဳ႕မွ အသက္ ၃၁ ႏွစ္ အ႐ြယ္အမ်ိဳးသမီးျဖစ္ၿပီး X app မွာ တင္ထားတဲ့ဗီဒီယိုတစ္ခုအရ ေအာက္တိုဘာ ၁၉ ရက္ နံနက္အေစာပိုင္းက အခင္းျဖစ္ပြားရာေနရာမွာ ေမြးေန႔ပြဲအတြက္ အသုံးျပဳခဲ့တယ္လို႔ယူဆရတဲ့ ယာယီတဲတစ္လုံး ပြင့္ထြက္ကာ တစ္စိတ္တစ္ပိုင္းေတြ ၿပိဳက်ေနတာေတြ႕ရပါတယ္။
အ႐ြယ္ေရာက္ၿပီးသူ ေျခာက္ဦးနဲ႔ အသက္ ၁ ႏွစ္မွ ၁၇ ႏွစ္ၾကား ကေလးရွစ္ဦး အပါအဝင္ ဒဏ္ရာရသူေတြကို ေဆး႐ုံပို႔ေဆာင္ထားတယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားပါတယ္။ လက္ရွိမွာေတာ့ အ႐ြယ္ေရာက္ၿပီးသူ သုံးဦး တည္ၿငိမ္တဲ့ အေျခအေနနဲ႔ ေဆး႐ုံတက္ေနရကာ တစ္ဦးကေတာ့ ေဆး႐ုံမွ ဆင္းႏိုင္ခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။