ဝိုင်းမော်တွင် မီးသတ်ရုံးမှ တံခါးနှင့် သံပန်းများဖြုတ်ခိုးသူ အမျိုးသားတစ်ဦးကို ဖမ်းမိ

207

စော(NP News)-အောက်တိုဘာ ၂၁
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၌ မြို့နယ် မီးသတ်ဦးစီးဌာနမှူးရုံးရှိ တံခါးနှင့်သံပန်းများ ဖြုတ်ခိုးသူ အသက် (၂၀)ကျော် အမျိုးသား တစ်ဦးကို ဖမ်းဆီးအရေးယူထားကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်၊ နံနက် ၈ နာရီက ဝိုင်းမော် မြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံးရှိ တံခါးနှင့် သံပန်းများ ဖြုတ်ခိုးယူနေသည်ဟု သတင်းရရှိခဲ့သဖြင့် ဝိုင်းမော်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ ဆွန်လွတ်နော်(ခ) မာနော်သည် ရုံးခန်းအတွင်းရှိဆလိုက်အလူမီနီယံပေါင်နှင့် မှန်တံခါးချပ် ၄၆ ချပ်၊ ဆလိုက်အလူမီနီယံ တံခါးပြေးလမ်း ၂၃ စုံ၊ လှေကားစတိုခန်းတွင် ကာရံထားသော သံချောင်း ၂၅ ချောင်း၊ အိမ်ထောင်သည် လိုင်းခန်းရှိ တံခါးဂျက် ၃၂ ချောင်းနှင့် တံခါးလက်ကိုင်ဂွင်း ၃၄ ခု စုစုပေါင်း တန်ဖိုးငွေ ၉၄၈၂၀၀ဝ တို့အား ဖြုတ်ယူခိုးသွားသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆွန်လွတ်နော်(ခ)မာနော်သည် အသက် (၂၃)နှစ်အရွယ်ရှိပြီး ဝိုင်းမော်မြို့နယ်၊ ဝေဘာ ကျေးရွာတွင် နေထိုင်သူဖြစ်ကာ ၎င်းကို ဝိုင်းမော်မြို့မရဲစခန်းမှ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ဖော်ပြထားသည်။

Zawgyi Version:
ဝိုင္းေမာ္တြင္ မီးသတ္႐ုံးမွ တံခါးႏွင့္ သံပန္းမ်ားျဖဳတ္ခိုးသူ အမ်ိဳးသားတစ္ဦးကို ဖမ္းမိ
ေစာ(NP News)-ေအာက္တိုဘာ ၂၁
ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္၌ ၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနမႉး႐ုံးရွိ တံခါးႏွင့္သံပန္းမ်ား ျဖဳတ္ခိုးသူ အသက္ (၂၀)ေက်ာ္ အမ်ိဳးသား တစ္ဦးကို ဖမ္းဆီးအေရးယူထားေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ ေအာက္တိုဘာ ၁၈ ရက္၊ နံနက္ ၈ နာရီက ဝိုင္းေမာ္ ၿမိဳ႕နယ္ အမွတ္(၂)ရပ္ကြက္ရွိ ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနမႉး႐ုံးရွိ တံခါးႏွင့္ သံပန္းမ်ား ျဖဳတ္ခိုးယူေနသည္ဟု သတင္းရရွိခဲ့သျဖင့္ ဝိုင္းေမာ္ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
ထိုသို႔သြားေရာက္စစ္ေဆးခဲ့ရာ ဆြန္လြတ္ေနာ္(ခ) မာေနာ္သည္ ႐ုံးခန္းအတြင္းရွိဆလိုက္အလူမီနီယံေပါင္ႏွင့္ မွန္တံခါးခ်ပ္ ၄၆ ခ်ပ္၊ ဆလိုက္အလူမီနီယံ တံခါးေျပးလမ္း ၂၃ စုံ၊ ေလွကားစတိုခန္းတြင္ ကာရံထားေသာ သံေခ်ာင္း ၂၅ ေခ်ာင္း၊ အိမ္ေထာင္သည္ လိုင္းခန္းရွိ တံခါးဂ်က္ ၃၂ ေခ်ာင္းႏွင့္ တံခါးလက္ကိုင္ဂြင္း ၃၄ ခု စုစုေပါင္း တန္ဖိုးေငြ ၉၄၈၂၀၀ဝ တို႔အား ျဖဳတ္ယူခိုးသြားသည္ကို ေတြ႕ရွိဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ဆြန္လြတ္ေနာ္(ခ)မာေနာ္သည္ အသက္ (၂၃)ႏွစ္အ႐ြယ္ရွိၿပီး ဝိုင္းေမာ္ၿမိဳ႕နယ္၊ ေဝဘာ ေက်း႐ြာတြင္ ေနထိုင္သူျဖစ္ကာ ၎ကို ဝိုင္းေမာ္ၿမိဳ႕မရဲစခန္းမွ ျပည္သူပိုင္ပစၥည္း ကာကြယ္ေရးအက္ဥပေဒပုဒ္မ ၆(၁) ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း ေဖာ္ျပထားသည္။