ဘုန်းကြီးကျောင်းပေါ်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းထိုင်ဆရာတော် ထိခိုက်ဒဏ်ရာရရှိမှု ကော့ကရိတ်မြို့တွင် ဖြစ်ပွား

 1761

NP News - ဇွန် ၁၆

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ ဘုန်းကြီးကျောင်းပေါ်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ ကျောင်းထိုင် ဆရာတော်တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။

နစကမှ ဇွန်လ(၁၅)ရက် ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ဖြစ်စဥ်မှာ ဇွန်လ(၁၅)ရက်တွင် ကော့ကရိတ်မြို့၊ အမှတ်(၂)ရပ်ကွက်၌ ဖြစ်ပွားခဲ့ကြောင်း နစကမှ သိရသည်။

အဆိုပါရပ်ကွက်အတွင်းသို့ KKO(ခွဲထွက်)အဖွဲ့နှင့် PDF များက ကော့ကရိတ်မြို့၏ မြောက်ဘက် မီတာ(၂ဝဝဝ) ခန့် မှ လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် နယ်မြေခံတပ်ရင်းဌာနချုပ်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများ သည် အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း နစကမှ ဆိုထားသည်။

၎င်းဖြစ်စဥ်တွင် အကြမ်းဖက်သမားများ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးဗုံးသီးများသည် ရပ်ကွက်အတွင်းရှိ ဇောတိရာမဘုန်းကြီးကျောင်းဝင်း အတွင်းနှင့် ပင်မကျောင်းဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရ သည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ကျောင်းဆောင်ပေါ်တွင် သီတင်းသုံးနေသည့် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကောဝိဒ တွင် လက်နက်ကြီးထိမှန် ဒဏ်ရာများရရှိခဲ့ခြင်းကြောင့် ဆရာတော်အား ကော့ကရိတ်ခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်၍လည်း ကျူးလွန်ခဲ့သူများကို ဖမ်းဆီးအရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Zawgyi Version;
ဘုန္းႀကီးေက်ာင္းေပၚသို႔ လက္နက္ႀကီး က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ေက်ာင္းထိုင္ဆရာေတာ္ ထိခိုက္ဒဏ္ရာရရွိမႈ ေကာ့ကရိတ္ၿမိဳ႕တြင္ ျဖစ္ပြား
NP News - ဇြန္ ၁၆

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕ရွိ ဘုန္းႀကီးေက်ာင္းေပၚသို႔ လက္နက္ႀကီး က်ေရာက္ေပါက္ကြဲခဲ့ရာ ေက်ာင္းထိုင္ ဆရာေတာ္တြင္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သတင္းရရွိသည္။

နစကမွ ဇြန္လ(၁၅)ရက္ ညပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ျဖစ္စဥ္မွာ ဇြန္လ(၁၅)ရက္တြင္ ေကာ့ကရိတ္ၿမိဳ႕၊ အမွတ္(၂)ရပ္ကြက္၌ ျဖစ္ပြားခဲ့ေၾကာင္း နစကမွ သိရသည္။

အဆိုပါရပ္ကြက္အတြင္းသို႔ KKO(ခြဲထြက္)အဖြဲ႕ႏွင့္ PDF မ်ားက ေကာ့ကရိတ္ၿမိဳ႕၏ ေျမာက္ဘက္ မီတာ(၂ဝဝဝ) ခန႔္ မွ လက္နက္ႀကီးမ်ားျဖင့္ လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ နယ္ေျမခံတပ္ရင္းဌာနခ်ဳပ္က လက္နက္ႀကီးမ်ားျဖင့္ ျပန္လည္ပစ္ခတ္ခဲ့ရာ အၾကမ္းဖက္သမားမ်ား သည္ အေရွ႕ေျမာက္ဘက္သို႔ ဆုတ္ခြာထြက္ေျပးသြားခဲ့ေၾကာင္း နစကမွ ဆိုထားသည္။

၎ျဖစ္စဥ္တြင္ အၾကမ္းဖက္သမားမ်ား ပစ္ခတ္ခဲ့သည့္ လက္နက္ႀကီးဗုံးသီးမ်ားသည္ ရပ္ကြက္အတြင္းရွိ ေဇာတိရာမဘုန္းႀကီးေက်ာင္းဝင္း အတြင္းႏွင့္ ပင္မေက်ာင္းေဆာင္ေပၚသို႔ က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း သိရ သည္။

အဆိုပါ ေပါက္ကြဲမႈေၾကာင့္ ေက်ာင္းေဆာင္ေပၚတြင္ သီတင္းသုံးေနသည့္ ေက်ာင္းထိုင္ဆရာေတာ္ ဘဒၵႏၲေကာဝိဒ တြင္ လက္နက္ႀကီးထိမွန္ ဒဏ္ရာမ်ားရရွိခဲ့ျခင္းေၾကာင့္ ဆရာေတာ္အား ေကာ့ကရိတ္ခ႐ိုင္ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍လည္း က်ဴးလြန္ခဲ့သူမ်ားကို ဖမ္းဆီးအေရးယူႏိုင္ရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.