ရှစ်ခုမြောက်လုပ်ငန်းအဖြစ် စတော့အိပ်ချိန်းတွင် ရှယ်ယာစရောင်းတော့မည့် ဒညင်းကုန်းလက်ကားဈေး MAEX လီမိတက်

705

NP News - ဇွန် ၁၆
Myanmar Agro Exchange Public Co., Ltd (MAEX) သည် လက်ရှိ ရှိနေသောကုမ္ပဏီများနှင့်မတူညီသည့် လုပ်ငန်းအမျိုးအစားဖြစ်သည့် လယ်ယာစိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုကို အခြေခံသောလုပ်ငန်းဖြင့် စတော့ ဈေးကွက်သို့ ဝင်ရောက်လာသည်။
ဒညင်းကုန်းလက်ကားဈေးကြီး၏ တည်ဆောက်ရေးနှင့် စီမံခန့်ခွဲမှုများအား ဖော်ဆောင်လုပ်ကိုင်နေသည့် မြန်မာ အက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီ (MAEX) လီမိတက်ကို စတော့ဈေးကွက်သို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မီသောကြောင့် YSX တွင် ရှယ်ယာများ အများပြည်သူသို့ ရောင်းချနိုင်ရန် ခွင့်ပြုလိုက်ကြောင်း YSX မှ ဇွန်လ (၁၂) ရက်တွင် ကြေညာခဲ့ပြီး ရှယ်ယာများကို စတင်ရောင်းချတော့မှာဖြစ်တာကြောင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရှယ်ယာများကို ပိုမိုရွေးချယ်ဝယ်ယူနိုင်ကာ အခွင့်အလမ်းများ ပိုမိုရရှိလာ နိုင်မယ်လို့ YSX မှ သိရသည်။
Myanmar Agro Exchange Public Co., Ltd (MAEX) သည် ရန်ကုန် စတော့အိပ်ချိန်း (YSX) တွင် ရှစ်ခုမြောက် အများပိုင်ကုမ္ပဏီတစ်ခုဖြစ်လာပြီး၊ ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်အစုရှယ်ယာ စုစုပေါင်းမှာ (၂၃,၈ဝ၄,၉၄၆) စောင်ဖြစ်ကြောင်း YSX မှ ထုတ်ပြန်သည်။
MAEX အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၏ အဓိကလုပ်ငန်းမှာ လယ်ယာထွက်ကုန် လက်ကား စျေးကွက် ဆိုင်ရာအခြေခံအဆောက်အအုံများ တည်ထောင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လုပ်ကိုင်ရန်ဖြစ်ပြီး လက်ရှိအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် ဒညင်းကုန်း လက်ကားဈေးကြီးကို အကောင်အထည်ဖော် ဆောင်ရွက် နေသည်။
MAEX ဟာ တညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် နှင့် ပန်းမန် လက်ကားဈေးကြီး တည်ဆောက် အကောင် အထည်ဖော်ခြင်းစီမံကိန်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မှ လုပ်ငန်းမြေနေရာ အသုံးပြုခွင့်ပေးပြီး၊ အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု၊ (Public Private Partnership, PPP) အစီအစဉ်အရ ဆောင်ရွက်ရန် တင်ဒါစနစ်ဖြင့်ရွေးချယ်ခဲ့ရာ ဒဂုန်အင်တာနေရှင်နယ်လီမိတက်မှ အဓိက ကန်ထရိုက်တာအဖြစ် တင်ဒါအောင်မြင်ခဲ့သည်။
တင်ဒါပါ စည်းကမ်းချက်များအရ ဒဂုန်အင်တာနေရှင်နယ်လီမိတက်မှ အစုရှယ်ယာ (၄၅) ရာခိုင်နှုန်းကို ကမကထ ပြုသူ/မူလ တည်ထောင်သူအနေဖြင့် ကနဦးရင်းနှီးမြှုပ်နှံ၍ မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MAEX) ကို ၂ဝ၁၅ ခုနှစ် စက်တင်ဘာလ (၁၄) ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း သိရသည်။
Myanmar Agro Exchange Public Co., Ltd (MAEX) အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ဟာ စိုက်ပျိုးရေးကဏ္ဍ၌ ပေါင်းစည်းမှု (Integration) နှင့် ထောက်ပံ့ရေးကွန်ယက် (Supply chain) တို့ကို ပိုမိုတိုးတက် ခိုင်မာရေးအား အထူးအရေးပေးပြီး စိုက်ပျိုးထုတ်လုပ်သူများမှ စားသုံးသူများ လက်ဝယ်သို့ လတ်ဆတ်သော အစား အစာများ သင့်တင့်မျှတသောဈေးနှုန်းဖြင့် ရောက်ရှိရေး ကောင်းမွန်သောဝန်ဆောင်မူများအား စဉ်ဆက်မပြတ် မြှင့်တင်သွားရန်ဆောက်ရွက်လျက်ရှိကြောင်းသိရသည်။

Zawgyi Version;
ရွစ္ခုေျမာက္လုပ္ငန္းအျဖစ္ စေတာ့အိပ္ခ်ိန္းတြင္ ရွယ္ယာစေရာင္းေတာ့မည့္ ဒညင္းကုန္းလက္ကားေဈး MAEX လီမိတက္
NP News - ဇြန္ ၁၆
Myanmar Agro Exchange Public Co., Ltd (MAEX) သည္ လက္ရွိ ရွိေနေသာကုမၸဏီမ်ားႏွင့္မတူညီသည့္ လုပ္ငန္းအမ်ိဳးအစားျဖစ္သည့္ လယ္ယာစိုက္ပ်ိဳးေရးႏွင့္ ကုန္ထုတ္လုပ္မႈကို အေျခခံေသာလုပ္ငန္းျဖင့္ စေတာ့ ေဈးကြက္သို႔ ဝင္ေရာက္လာသည္။
ဒညင္းကုန္းလက္ကားေဈးႀကီး၏ တည္ေဆာက္ေရးႏွင့္ စီမံခန႔္ခြဲမႈမ်ားအား ေဖာ္ေဆာင္လုပ္ကိုင္ေနသည့္ ျမန္မာ အက္ဂ႐ိုအိတ္(စ္)ခ်ိန္း အမ်ားႏွင့္သက္ဆိုင္ေသာကုမၸဏီ (MAEX) လီမိတက္ကို စေတာ့ေဈးကြက္သို႔ ဝင္ေရာက္ရန္ အရည္အခ်င္းျပည့္မီေသာေၾကာင့္ YSX တြင္ ရွယ္ယာမ်ား အမ်ားျပည္သူသို႔ ေရာင္းခ်ႏိုင္ရန္ ခြင့္ျပဳလိုက္ေၾကာင္း YSX မွ ဇြန္လ (၁၂) ရက္တြင္ ေၾကညာခဲ့ၿပီး ရွယ္ယာမ်ားကို စတင္ေရာင္းခ်ေတာ့မွာျဖစ္တာေၾကာင့္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားအေနျဖင့္ ရွယ္ယာမ်ားကို ပိုမိုေ႐ြးခ်ယ္ဝယ္ယူႏိုင္ကာ အခြင့္အလမ္းမ်ား ပိုမိုရရွိလာ ႏိုင္မယ္လို႔ YSX မွ သိရသည္။
Myanmar Agro Exchange Public Co., Ltd (MAEX) သည္ ရန္ကုန္ စေတာ့အိပ္ခ်ိန္း (YSX) တြင္ ရွစ္ခုေျမာက္ အမ်ားပိုင္ကုမၸဏီတစ္ခုျဖစ္လာၿပီး၊ ရန္ကုန္စေတာ့အိပ္ခ်ိန္းတြင္ စာရင္းဝင္အစုရွယ္ယာ စုစုေပါင္းမွာ (၂၃,၈ဝ၄,၉၄၆) ေစာင္ျဖစ္ေၾကာင္း YSX မွ ထုတ္ျပန္သည္။
MAEX အမ်ားႏွင့္သက္ဆိုင္ေသာကုမၸဏီလီမိတက္၏ အဓိကလုပ္ငန္းမွာ လယ္ယာထြက္ကုန္ လက္ကား ေစ်းကြက္ ဆိုင္ရာအေျခခံအေဆာက္အအုံမ်ား တည္ေထာင္ျခင္းလုပ္ငန္းကို ေဆာင္႐ြက္လုပ္ကိုင္ရန္ျဖစ္ၿပီး လက္ရွိအေနျဖင့္ ရန္ကုန္တိုင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕နယ္တြင္ ဒညင္းကုန္း လက္ကားေဈးႀကီးကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ ေနသည္။
MAEX ဟာ တညင္းကုန္း သစ္သီးဝလံ၊ ဟင္းသီးဟင္း႐ြက္ ႏွင့္ ပန္းမန္ လက္ကားေဈးႀကီး တည္ေဆာက္ အေကာင္ အထည္ေဖာ္ျခင္းစီမံကိန္းအား ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ မွ လုပ္ငန္းေျမေနရာ အသုံးျပဳခြင့္ေပးၿပီး၊ အစိုးရ၊ ပုဂၢလိက ပူးေပါင္းေဆာင္႐ြက္မႈ၊ (Public Private Partnership, PPP) အစီအစဥ္အရ ေဆာင္႐ြက္ရန္ တင္ဒါစနစ္ျဖင့္ေ႐ြးခ်ယ္ခဲ့ရာ ဒဂုန္အင္တာေနရွင္နယ္လီမိတက္မွ အဓိက ကန္ထ႐ိုက္တာအျဖစ္ တင္ဒါေအာင္ျမင္ခဲ့သည္။
တင္ဒါပါ စည္းကမ္းခ်က္မ်ားအရ ဒဂုန္အင္တာေနရွင္နယ္လီမိတက္မွ အစုရွယ္ယာ (၄၅) ရာခိုင္ႏႈန္းကို ကမကထ ျပဳသူ/မူလ တည္ေထာင္သူအေနျဖင့္ ကနဦးရင္းႏွီးျမႇဳပ္ႏွံ၍ ျမန္မာအက္ဂ႐ိုအိတ္(စ္)ခ်ိန္း အမ်ားႏွင့္သက္ဆိုင္ေသာ ကုမၸဏီလီမိတက္ (MAEX) ကို ၂ဝ၁၅ ခုႏွစ္ စက္တင္ဘာလ (၁၄) ရက္တြင္ ဖြဲ႕စည္းတည္ေထာင္ခဲ့ေၾကာင္း သိရသည္။
Myanmar Agro Exchange Public Co., Ltd (MAEX) အမ်ားႏွင့္သက္ဆိုင္ေသာ ကုမၸဏီလီမိတက္ဟာ စိုက္ပ်ိဳးေရးက႑၌ ေပါင္းစည္းမႈ (Integration) ႏွင့္ ေထာက္ပံ့ေရးကြန္ယက္ (Supply chain) တို႔ကို ပိုမိုတိုးတက္ ခိုင္မာေရးအား အထူးအေရးေပးၿပီး စိုက္ပ်ိဳးထုတ္လုပ္သူမ်ားမွ စားသုံးသူမ်ား လက္ဝယ္သို႔ လတ္ဆတ္ေသာ အစား အစာမ်ား သင့္တင့္မွ်တေသာေဈးႏႈန္းျဖင့္ ေရာက္ရွိေရး ေကာင္းမြန္ေသာဝန္ေဆာင္မူမ်ားအား စဥ္ဆက္မျပတ္ ျမႇင့္တင္သြားရန္ေဆာက္႐ြက္လ်က္ရွိေၾကာင္းသိရသည္။