ကမ္ဘာ့ရော်ဘာဈေး ကောင်းတာကြောင့် ပြည်ပကို တန်ချိန် ၃ သိန်းခန့် တင်ပို့မည်

 673

NP News - ဇွန် ၁၆

ပြည်ပနိုင်ငံများထံသို့ ရော်ဘာတန်ချိန် ၃ သိန်းခန့် ယခု ၂ဝ၂၃ ခုနှစ်ဘဏ္ဍာနှစ်အတွင်း တင်ပို့သွားမယ်လို့ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ သိရသည်။

ယခု ဇွန်လဆန်းပိုင်းမှာ ကမ္ဘာ့ရော်ဘာဈေးကွက်မှာ ရော်ဘာ တစ်ပေါင်ကို ယခင် အမေရိကန်ဒေါ်လာ ၁၆၅ဝ ရှိခဲ့ ရာမှ ၁၇ဝဝ အထိ မြင့်တက်နေပြီး ဈေးကောင်းရရှိနေတာကြောင့် ယခုဘဏ္ဍာနှစ်မှာ တန်ချိန် ၃ သိန်းခန့် တင်ပို့ သွားဖို့ရှိနေတယ်လို့ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း ဗဟိုအလုပ်အမှုဆောင် ဦးကျော်ဦး က ပြောသည်။

ယခင်၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်က စုစုပေါင်း ရော်ဘာတန်ချိန် ၃ သိန်း ၆ သောင်းကျော်ထွက်ရှိခဲ့ပြီး ပြည်ပသို့ ရော်ဘာတန်ချိန် ၂ သိန်းကျော် တင်ပို့ထားနိုင်ခဲ့ကြောင်း သိရသည်။

မြန်မာ့ရော်ဘာကို တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ မလေးရှား ၊ အင်ဒိုနီးရှား၊ စင်ကာပူနှင့် တောင်ကိုရီးယားနိုင်ငံတို့အပြင် တရုတ် (တိုင်ပေ)သို့လည်း နယ်စပ်လမ်းကြောင်းနဲ့ ပင်လယ်ရေကြောင်းတို့မှ တင်ပို့လျက်ရှိသည်။

မြန်မာနိုင်ငံမှာ ရော်ဘာစိုက်ဧက ၁ ဒသမ ၆ သန်းကျော်ရှိကာ လက်ရှိအချိန်ဟာ မိုးရာသီကာလဖြစ်တာကြောင့် အထွက်နှုန်းကျဆင်းတဲ့အတွက် ပြည်တွင်းရော်ဘာ အစေးခြစ်ခြင်းလုပ်ငန်းများကို စက်တင်ဘာလကုန်အထိ ရပ်နားထားကြောင်းသိရသည်။

ပြည်တွင်း၌ ရော်ဘာကို တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးကြပြီး ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးကြောင်း သိရသည်။

Zawgyi Version;
ကမာၻ႔ေရာ္ဘာေဈး ေကာင္းတာေၾကာင့္ ျပည္ပကို တန္ခ်ိန္ ၃ သိန္းခန႔္ တင္ပို႔မည္
NP News - ဇြန္ ၁၆

ျပည္ပႏိုင္ငံမ်ားထံသို႔ ေရာ္ဘာတန္ခ်ိန္ ၃ သိန္းခန႔္ ယခု ၂ဝ၂၃ ခုႏွစ္ဘ႑ာႏွစ္အတြင္း တင္ပို႔သြားမယ္လို႔ ျမန္မာႏိုင္ငံေရာ္ဘာစိုက္ပ်ိဳး ထုတ္လုပ္သူမ်ားအသင္းမွ သိရသည္။

ယခု ဇြန္လဆန္းပိုင္းမွာ ကမာၻ႔ေရာ္ဘာေဈးကြက္မွာ ေရာ္ဘာ တစ္ေပါင္ကို ယခင္ အေမရိကန္ေဒၚလာ ၁၆၅ဝ ရွိခဲ့ ရာမွ ၁၇ဝဝ အထိ ျမင့္တက္ေနၿပီး ေဈးေကာင္းရရွိေနတာေၾကာင့္ ယခုဘ႑ာႏွစ္မွာ တန္ခ်ိန္ ၃ သိန္းခန႔္ တင္ပို႔ သြားဖို႔ရွိေနတယ္လို႔ ျမန္မာႏိုင္ငံေရာ္ဘာစိုက္ပ်ိဳးထုတ္လုပ္သူမ်ားအသင္း ဗဟိုအလုပ္အမႈေဆာင္ ဦးေက်ာ္ဦး က ေျပာသည္။

ယခင္၂ဝ၂၂-၂ဝ၂၃ ဘ႑ာႏွစ္က စုစုေပါင္း ေရာ္ဘာတန္ခ်ိန္ ၃ သိန္း ၆ ေသာင္းေက်ာ္ထြက္ရွိခဲ့ၿပီး ျပည္ပသို႔ ေရာ္ဘာတန္ခ်ိန္ ၂ သိန္းေက်ာ္ တင္ပို႔ထားႏိုင္ခဲ့ေၾကာင္း သိရသည္။

ျမန္မာ့ေရာ္ဘာကို တ႐ုတ္၊ အိႏၵိယ၊ ထိုင္း၊ မေလးရွား ၊ အင္ဒိုနီးရွား၊ စင္ကာပူႏွင့္ ေတာင္ကိုရီးယားႏိုင္ငံတို႔အျပင္ တ႐ုတ္ (တိုင္ေပ)သို႔လည္း နယ္စပ္လမ္းေၾကာင္းနဲ႔ ပင္လယ္ေရေၾကာင္းတို႔မွ တင္ပို႔လ်က္ရွိသည္။

ျမန္မာႏိုင္ငံမွာ ေရာ္ဘာစိုက္ဧက ၁ ဒသမ ၆ သန္းေက်ာ္ရွိကာ လက္ရွိအခ်ိန္ဟာ မိုးရာသီကာလျဖစ္တာေၾကာင့္ အထြက္ႏႈန္းက်ဆင္းတဲ့အတြက္ ျပည္တြင္းေရာ္ဘာ အေစးျခစ္ျခင္းလုပ္ငန္းမ်ားကို စက္တင္ဘာလကုန္အထိ ရပ္နားထားေၾကာင္းသိရသည္။

ျပည္တြင္း၌ ေရာ္ဘာကို တနသၤာရီတိုင္းေဒသႀကီးႏွင့္ မြန္ျပည္နယ္တို႔တြင္ အမ်ားဆုံးစိုက္ပ်ိဳးၾကၿပီး ရန္ကုန္တိုင္း ေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီးႏွင့္ ကရင္ျပည္နယ္တို႔တြင္လည္း စိုက္ပ်ိဳးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.