နည်းပညာတက္ကသိုလ်(မုံရွာ)၌ လုံခြုံရေးယူနေသည့်အဖွဲ့ကို အလစ်အငိုက်တွင် PDF ပူးပေါင်းအဖွဲ့များက ပစ်ခတ် တိုက်ခိုက်

4360

NP News - ဇွန် ၁၆
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ နည်းပညာတက္ကသိုလ်၌ လုံခြုံရေးဆောင်ရွက်နေသည့်အဖွဲ့ကို PDF ပူးပေါင်းအဖွဲ့က လာရောက်ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁၄ ရက် နေ့လည် ၁ နာရီအချိန်ခန့်တွင် PDF ပူးပေါင်းအဖွဲ့သည် ကားတစ်စီးဖြင့် လာရောက်ကာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါပစ်ခတ်မှုဖြစ်စဉ်အတွင်း နည်းပညာတက္ကသိုလ်၏ ဂိတ်ပေါက်ဝ၌ လုံခြုံရေးဆောင်ရွက်နေသည့် အဖွဲ့ဝင် (၄)ဦးအနက် ၃ ဦးသည် ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။
“အဲဒီတက္ကသိုလ်က မုံရွာမြို့နဲ့ (၃)မိုင်ကျော်လောက်ပဲ ဝေးတာ။ ကျောင်းလည်း ဖွင့်ထားပါတယ်။ PDF တွေက အလစ်အငိုက်မှာ ဝင်ပစ်သွားတာပါ။ အပြန်အလှန်ပစ်တာတွေတော့ ရှိတယ်။ ဒါပေမယ့် လုံခြုံရေးတွေက အလစ် အငိုက်အပစ်ခံရတာဆိုတော့ ထိခိုက်သေဆုံးတာတွေတော့ ရှိခဲ့တယ်” ဟု မုံရွာမြို့ခံတစ်ဦးက NP News ကို ပြော သည်။
တက္ကသိုလ်ဂိတ်ပေါက်ဝရှိ လုံခြုံရေးအဖွဲ့ဝင်များကို တောကျွဲကြီးပြောက်ကျားဖွဲ့၊ Golden Eagle Force-Monywa အဖွဲ့၊ Red Star Front အဖွဲ့၊ ပုဏ္ဏက ပြောက်ကျားအဖွဲ့၊ God of Monywa People Defence Force အဖွဲ့တို့က အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PDF ပူးပေါင်းအဖွဲ့များက ထုတ်ပြန်ထားသည်။
လက်ရှိတွင် အထက်ပါပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ နစကထုတ်ပြန်ရေးအဖွဲ့က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆို ခြင်းမျိုး မရှိသေးပေ။

Zawgyi Version;
နည္းပညာတကၠသိုလ္(မုံ႐ြာ)၌ လုံၿခဳံေရးယူေနသည့္အဖြဲ႕ကို အလစ္အငိုက္တြင္ PDF ပူးေပါင္းအဖြဲ႕မ်ားက ပစ္ခတ္ တိုက္ခိုက္
NP News - ဇြန္ ၁၆
စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕ရွိ နည္းပညာတကၠသိုလ္၌ လုံၿခဳံေရးေဆာင္႐ြက္ေနသည့္အဖြဲ႕ကို PDF ပူးေပါင္းအဖြဲ႕က လာေရာက္ပစ္ခတ္တိုက္ခိုက္မႈ ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ဇြန္ ၁၄ ရက္ ေန႔လည္ ၁ နာရီအခ်ိန္ခန႔္တြင္ PDF ပူးေပါင္းအဖြဲ႕သည္ ကားတစ္စီးျဖင့္ လာေရာက္ကာ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါပစ္ခတ္မႈျဖစ္စဥ္အတြင္း နည္းပညာတကၠသိုလ္၏ ဂိတ္ေပါက္ဝ၌ လုံၿခဳံေရးေဆာင္႐ြက္ေနသည့္ အဖြဲ႕ဝင္ (၄)ဦးအနက္ ၃ ဦးသည္ ထိခိုက္ေသဆုံးမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။
“အဲဒီတကၠသိုလ္က မုံ႐ြာၿမိဳ႕နဲ႔ (၃)မိုင္ေက်ာ္ေလာက္ပဲ ေဝးတာ။ ေက်ာင္းလည္း ဖြင့္ထားပါတယ္။ PDF ေတြက အလစ္အငိုက္မွာ ဝင္ပစ္သြားတာပါ။ အျပန္အလွန္ပစ္တာေတြေတာ့ ရွိတယ္။ ဒါေပမယ့္ လုံၿခဳံေရးေတြက အလစ္ အငိုက္အပစ္ခံရတာဆိုေတာ့ ထိခိုက္ေသဆုံးတာေတြေတာ့ ရွိခဲ့တယ္” ဟု မုံ႐ြာၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာ သည္။
တကၠသိုလ္ဂိတ္ေပါက္ဝရွိ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားကို ေတာကြၽဲႀကီးေျပာက္က်ားဖြဲ႕၊ Golden Eagle Force-Monywa အဖြဲ႕၊ Red Star Front အဖြဲ႕၊ ပုဏၰက ေျပာက္က်ားအဖြဲ႕၊ God of Monywa People Defence Force အဖြဲ႕တို႔က အလစ္အငိုက္ဝင္ေရာက္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း PDF ပူးေပါင္းအဖြဲ႕မ်ားက ထုတ္ျပန္ထားသည္။
လက္ရွိတြင္ အထက္ပါပစ္ခတ္မႈျဖစ္စဥ္ႏွင့္ပတ္သက္၍ နစကထုတ္ျပန္ေရးအဖြဲ႕က တစ္စုံတစ္ရာ ထုတ္ျပန္ေျပာဆို ျခင္းမ်ိဳး မရွိေသးေပ။