မြောက်ကိုရီးယားရဲ့စစ်ဘက်သုံး ဂြိုလ်တုအပျက်အစီးအပိုင်းစများကို ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက် ပြော

611

ဂျန်ဇက် (NP News) - ဇွန် ၁၇
တောင်ကိုရီးယားစစ်တပ်ဟာ မြောက်ကိုရီးယားနိုင်ငံက မေလ ၃၁ ရက်မှာ ပစ်လွှတ်တဲ့ စစ်ဘက်သုံး ဂြိုလ်တု အပျက်အစီးအပိုင်းအစများကို ပင်လယ်ထဲမှ ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ၎င်းတို့ရဲ့ပထမဆုံးစစ်ဘက်သုံး ဂြိုလ်တုကို မေ ၃၁ ရက်က လွှတ်တင်ခဲ့ရာ အင်ဂျင် ချို့ယွင်းချက်များကြောင့် ပင်လယ်ဝါထဲကိုပျက်ကျခဲ့ပြီး တောင်ကိုရီးယားစစ်တပ်က မြောက်ကိုရီးယားဂြိုလ်တု အပျက်အစီးများကို ပင်လယ်ထဲမှာ ၁၅ ရက်ကြာ ရှာဖွေခဲ့ပြီးနောက် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။
တောင်ကိုရီးယားစစ်ဘက်က မြောက်ကိုရီးယားရဲ့ဂြိုလ်တုအပိုင်းအစများကို Eocheong ကျွန်းအနောက် တောင်ပိုင်း ကီလိုမီတာ ၂ဝဝ အကွာရှိ ရေအောက်ကြမ်းပြင်ကနေ ပြန်လည်ဆယ်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ တောင်ကိုရီးယားစစ်တပ်ဟာ စစ်ဘက်သုံးသင်္ဘော ၁ဝ စင်းအပြင် ရေငုပ်သမား ဒါဇင်ချီအသုံးပြုပြီး အခက်ခဲများကြားကနေ မြောက်ကိုရီးယား ဂြိုလ်တုအပိုင်းအစတွေကို ရှာဖွေခဲ့ရခြင်းဖြစ် ကြောင်း သိရပါတယ်။
တောင်ကိုရီးယားစစ်ဘက်ဟာ ရှာဖွေတွေ့ရှိခဲ့တဲ့ ဂြိုလ်တုအပိုင်းအစများကို သုတေသနလုပ် စစ်ဆေးသွားမှာဖြစ်ပြီး အမေရိကန်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ အဆိုပါ ဂြိုလ်တုကို Chollima-1. လို့အမည်ပေးထားပြီး ကုလသမဂ္ဂက ပိတ်ဆို့မှုများ ရှိနေတဲ့ကြားကနေ ပစ်လွှတ်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
မြောက်ကိုရီးယားအစိုးရက ပထမဆုံးအကြိမ်လွှတ်တင်တဲ့ စစ်ဘက်သုံး ဂြိုလ်တုအောင်မြင်မှုမရပေမယ့် ထပ်မံ လွှတ်တင်သွားဖို့အစီအစဉ်များ ရှိနေဆဲဖြစ်ကြောင်း မကြာသေးမီက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ တောင်ကိုရီးယား အာကာသ တက္ကသိုလ်ရဲ့ပါမောက္ခဖြစ်သူ Chang Young-keun က မြောက်ကိုရီးယားနိုင်ငံဟာ နည်းပညာပိုင်း တိုးတက်မှုများ ရှိလာနေကြောင်း ပြောပါတယ်။ မြောက်ကိုရီးယားအစိုးရက ဒေသအတွင်းမှာ အမေရိကန် စစ်တပ်ရဲ့လှုပ်ရှားမှုများမြင့်တက်လာနေခြင်းအပေါ် တန်ပြန်နိုင်ဖို့ စစ်ဘက်သုံး စပိုင်ဂြိုလ်တုရှိဖို့ လိုအပ် ကြောင်း ပြောဆိုထားပါတယ်။
အမေရိကန်၊ တောင်ကိုရီးယားတို့ ပြုလုပ်တဲ့စစ်ရေးလေ့ကျင့်မှုကို သတိပေးမှုအဖြစ် မြောက်ကိုရီးယားနိုင်ငံဟာ ဇွန်လ ၁၅ ရက် ညနေပိုင်းမှာ တာတိုပစ်ဒုံးကျည်တစ်စင်း ထပ်မံစမ်းသပ်ပစ်လွှတ်ခဲ့ကြောင်းသိရပါတယ်။

Zawgyi Version;
ေျမာက္ကိုရီးယားရဲ႕စစ္ဘက္သုံး ၿဂိဳလ္တုအပ်က္အစီးအပိုင္းစမ်ားကို ျပန္လည္ဆယ္ယူႏိုင္ခဲ့ေၾကာင္း ေတာင္ကိုရီးယားစစ္ဘက္ ေျပာ
ဂ်န္ဇက္ (NP News) - ဇြန္ ၁၇
ေတာင္ကိုရီးယားစစ္တပ္ဟာ ေျမာက္ကိုရီးယားႏိုင္ငံက ေမလ ၃၁ ရက္မွာ ပစ္လႊတ္တဲ့ စစ္ဘက္သုံး ၿဂိဳလ္တု အပ်က္အစီးအပိုင္းအစမ်ားကို ပင္လယ္ထဲမွ ျပန္လည္ဆယ္ယူႏိုင္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ခဲ့ပါတယ္။
ေျမာက္ကိုရီးယားႏိုင္ငံဟာ ၎တို႔ရဲ႕ပထမဆုံးစစ္ဘက္သုံး ၿဂိဳလ္တုကို ေမ ၃၁ ရက္က လႊတ္တင္ခဲ့ရာ အင္ဂ်င္ ခ်ိဳ႕ယြင္းခ်က္မ်ားေၾကာင့္ ပင္လယ္ဝါထဲကိုပ်က္က်ခဲ့ၿပီး ေတာင္ကိုရီးယားစစ္တပ္က ေျမာက္ကိုရီးယားၿဂိဳလ္တု အပ်က္အစီးမ်ားကို ပင္လယ္ထဲမွာ ၁၅ ရက္ၾကာ ရွာေဖြခဲ့ၿပီးေနာက္ ျပန္လည္ေတြ႕ရွိခဲ့ျခင္းျဖစ္ပါတယ္။
ေတာင္ကိုရီးယားစစ္ဘက္က ေျမာက္ကိုရီးယားရဲ႕ၿဂိဳလ္တုအပိုင္းအစမ်ားကို Eocheong ကြၽန္းအေနာက္ ေတာင္ပိုင္း ကီလိုမီတာ ၂ဝဝ အကြာရွိ ေရေအာက္ၾကမ္းျပင္ကေန ျပန္လည္ဆယ္ယူႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။ ေတာင္ကိုရီးယားစစ္တပ္ဟာ စစ္ဘက္သုံးသေဘၤာ ၁ဝ စင္းအျပင္ ေရငုပ္သမား ဒါဇင္ခ်ီအသုံးျပဳၿပီး အခက္ခဲမ်ားၾကားကေန ေျမာက္ကိုရီးယား ၿဂိဳလ္တုအပိုင္းအစေတြကို ရွာေဖြခဲ့ရျခင္းျဖစ္ ေၾကာင္း သိရပါတယ္။
ေတာင္ကိုရီးယားစစ္ဘက္ဟာ ရွာေဖြေတြ႕ရွိခဲ့တဲ့ ၿဂိဳလ္တုအပိုင္းအစမ်ားကို သုေတသနလုပ္ စစ္ေဆးသြားမွာျဖစ္ၿပီး အေမရိကန္ႏိုင္ငံနဲ႔ ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔ ေျပာဆိုခဲ့ဖူးပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံဟာ အဆိုပါ ၿဂိဳလ္တုကို Chollima-1. လို႔အမည္ေပးထားၿပီး ကုလသမဂၢက ပိတ္ဆို႔မႈမ်ား ရွိေနတဲ့ၾကားကေန ပစ္လႊတ္ခဲ့တာ ျဖစ္ေၾကာင္း သိရပါတယ္။
ေျမာက္ကိုရီးယားအစိုးရက ပထမဆုံးအႀကိမ္လႊတ္တင္တဲ့ စစ္ဘက္သုံး ၿဂိဳလ္တုေအာင္ျမင္မႈမရေပမယ့္ ထပ္မံ လႊတ္တင္သြားဖို႔အစီအစဥ္မ်ား ရွိေနဆဲျဖစ္ေၾကာင္း မၾကာေသးမီက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ေတာင္ကိုရီးယား အာကာသ တကၠသိုလ္ရဲ႕ပါေမာကၡျဖစ္သူ Chang Young-keun က ေျမာက္ကိုရီးယားႏိုင္ငံဟာ နည္းပညာပိုင္း တိုးတက္မႈမ်ား ရွိလာေနေၾကာင္း ေျပာပါတယ္။ ေျမာက္ကိုရီးယားအစိုးရက ေဒသအတြင္းမွာ အေမရိကန္ စစ္တပ္ရဲ႕လႈပ္ရွားမႈမ်ားျမင့္တက္လာေနျခင္းအေပၚ တန္ျပန္ႏိုင္ဖို႔ စစ္ဘက္သုံး စပိုင္ၿဂိဳလ္တုရွိဖို႔ လိုအပ္ ေၾကာင္း ေျပာဆိုထားပါတယ္။
အေမရိကန္၊ ေတာင္ကိုရီးယားတို႔ ျပဳလုပ္တဲ့စစ္ေရးေလ့က်င့္မႈကို သတိေပးမႈအျဖစ္ ေျမာက္ကိုရီးယားႏိုင္ငံဟာ ဇြန္လ ၁၅ ရက္ ညေနပိုင္းမွာ တာတိုပစ္ဒုံးက်ည္တစ္စင္း ထပ္မံစမ္းသပ္ပစ္လႊတ္ခဲ့ေၾကာင္းသိရပါတယ္။