အိန္ဒိယနိုင်ငံရှိ ပြည်နယ်နှစ်ခုတွင် အပူလှိုင်းဝင်ရောက်မှုကြောင့် အနည်းဆုံး လူ(၁ဝဝ)နီးပါး သေဆုံး

 447

Pika (NP News) - ဇွန် ၁၉

အိန္ဒိယနိုင်ငံ၏ နေရာအနှံ့အပြားတွင် ပြင်းထန်သော အပူလှိုင်းများဝင်ရောက်မှုကြောင့် လူဦးရေအများဆုံး ပြည်နယ်နှစ်ခုတွင် ပြီးခဲ့သည့်ရက်များအတွင်း အနည်းဆုံးလူ(၉၆)ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ဇွန်လ (၁၈) ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

အပူရှိန်မြင့်တက်မှုကြောင့် သေဆုံးမှုများသည် ဥတ္တရာပရာဒက်ရှ်ပြည်နယ် နှင့် ဘီဟာပြည်နယ်တို့တွင် ဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး အာဏာပိုင်များသည် အသက်(၆ဝ)ကျော်သောသူများကို နေ့ခင်းဖက်တွင် နေအိမ်ထဲတွင်သာ နေထိုင် ကြရန် သတိပေးထားကြောင်း သိရသည်။

ဥတ္တရာပရာဒက်ရှ်ပြည်နယ်တွင် Ballia ခရိုင်တွင် သေဆုံးသူဦးရေမှာ စုစုပေါင်း(၅၄)ဦး ရှိကြောင်းသိရသည်။ သေဆုံးသူအများစုမှာ အသက်(၆ဝ)ကျော်သူများဖြစ်ပြီး ယခင်တည်းက ကျန်းမာရေးချို့ယွင်းသူများဖြစ်ကာ ပြင်းထန်သောအပူရှိန်ကြောင့် ကျန်းမာရေးပိုမိုဆိုးရွားလာကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များ က ပြောကြားခဲ့သည်။

Ballia ခရိုင်တွင် ပြီးခဲ့သည့်သုံးရက်အတွင်း ပြင်းထန်သောအပူရှိန်များကြောင့် လူနာ(၃ဝဝ)ခန့် ဆေးရုံတက်ခဲ့ ရကြောင်း ဆေးဘက်ဆိုင်ရာအရာရှိ S. K. Yadav က ပြောကြားခဲ့သည်။ လူနာ အများစုမှာ အသက်(၆ဝ) နှင့် အထက်ရှိသူများဖြစ်ကြပြီး အဖျားကြီးခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အသက်ရှုရခက်ခဲခြင်း နှင့် နှလုံးနှင့် ပတ်သက်သည့်ပြဿနာများကဲ့သို့သော လက္ခဏာများရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဇွန်လ(၁၇)ရက်တွင် ဖခင်ကိုဆုံးရှုံးခဲ့သော Ballia တွင် နေထိုင်သူ R.S. Pathak က "Ballia မှာ ဒီလို အဖြစ်အပျက် မျိုးတစ်ခါမှ မဖြစ်ဖူးပါဘူး။ ပြင်းထန်တဲ့အပူရှိန်ကြောင့် လူဒီလောက်အများကြီးသေတာမျိုးလည်း တစ်ခါမှ မတွေ့ ဖူးပါဘူး။ လူတွေက အပြင်ထွက်ရမှာကြောက်နေပါပြီ။ လမ်းပေါ်တွေ၊ ဈေးတွေမှာ လူသူကင်းမဲ့နေပါပြီ" ဟု ပြောခဲ့သည်။

ဇွန်လ(၁၈)ရက်က Ballia ခရိုင်တွင် အမြင့်ဆုံးအပူချိန်(၄၃)ဒီဂရီစင်တီဂရိတ်အထိရှိခဲ့ပြီး ပုံမှန်အပူချိန်ထက် (၅)ဒီဂရီ မြင့်တက်ခဲ့ကြောင်းသိရသည်။ ဘီဟာပြည်နယ်တွင် ပြင်းထန်သောအပူရှိန်များကြောင့် ပြီးခဲ့သည့် နှစ်ရက်အတွင်းလူ(၄၂)ဦး သေဆုံးခဲ့ကြောင်း သိရသည်။ Patna မြို့ရှိ ဆေးရုံနှစ်ရုံတွင် ဝမ်းလျှောခြင်းနှင့် အော့အန် ခြင်းဝေဒနာ ခံစားရသောလူနာ(၂ဝဝ)ကျော်ကို ကုသပေးလျက်ရှိပြီး သေဆုံးသူများထဲမှ (၃၅)ဦးသည် အဆိုပါ ဆေးရုံများတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဇွန်လ(၁၇)ရက်က Patna မြို့တွင် အမြင့်ဆုံးအပူချိန်မှာ (၄၄ ဒသမ ၇) ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
အိႏၵိယႏိုင္ငံရွိ ျပည္နယ္ႏွစ္ခုတြင္ အပူလႈိင္းဝင္ေရာက္မႈေၾကာင့္ အနည္းဆုံး လူ(၁ဝဝ)နီးပါး ေသဆုံး
Pika (NP News) - ဇြန္ ၁၉

အိႏၵိယႏိုင္ငံ၏ ေနရာအႏွံ႔အျပားတြင္ ျပင္းထန္ေသာ အပူလႈိင္းမ်ားဝင္ေရာက္မႈေၾကာင့္ လူဦးေရအမ်ားဆုံး ျပည္နယ္ႏွစ္ခုတြင္ ၿပီးခဲ့သည့္ရက္မ်ားအတြင္း အနည္းဆုံးလူ(၉၆)ဦးေသဆုံးခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ဇြန္လ (၁၈) ရက္တြင္ ထုတ္ျပန္ေျပာၾကားခဲ့သည္။

အပူရွိန္ျမင့္တက္မႈေၾကာင့္ ေသဆုံးမႈမ်ားသည္ ဥတၱရာပရာဒက္ရွ္ျပည္နယ္ ႏွင့္ ဘီဟာျပည္နယ္တို႔တြင္ ျဖစ္ပြားခဲ့ ျခင္းျဖစ္ၿပီး အာဏာပိုင္မ်ားသည္ အသက္(၆ဝ)ေက်ာ္ေသာသူမ်ားကို ေန႔ခင္းဖက္တြင္ ေနအိမ္ထဲတြင္သာ ေနထိုင္ ၾကရန္ သတိေပးထားေၾကာင္း သိရသည္။

ဥတၱရာပရာဒက္ရွ္ျပည္နယ္တြင္ Ballia ခ႐ိုင္တြင္ ေသဆုံးသူဦးေရမွာ စုစုေပါင္း(၅၄)ဦး ရွိေၾကာင္းသိရသည္။ ေသဆုံးသူအမ်ားစုမွာ အသက္(၆ဝ)ေက်ာ္သူမ်ားျဖစ္ၿပီး ယခင္တည္းက က်န္းမာေရးခ်ိဳ႕ယြင္းသူမ်ားျဖစ္ကာ ျပင္းထန္ေသာအပူရွိန္ေၾကာင့္ က်န္းမာေရးပိုမိုဆိုး႐ြားလာကာ ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း အာဏာပိုင္မ်ား က ေျပာၾကားခဲ့သည္။

Ballia ခ႐ိုင္တြင္ ၿပီးခဲ့သည့္သုံးရက္အတြင္း ျပင္းထန္ေသာအပူရွိန္မ်ားေၾကာင့္ လူနာ(၃ဝဝ)ခန႔္ ေဆး႐ုံတက္ခဲ့ ရေၾကာင္း ေဆးဘက္ဆိုင္ရာအရာရွိ S. K. Yadav က ေျပာၾကားခဲ့သည္။ လူနာ အမ်ားစုမွာ အသက္(၆ဝ) ႏွင့္ အထက္ရွိသူမ်ားျဖစ္ၾကၿပီး အဖ်ားႀကီးျခင္း၊ ေအာ့အန္ျခင္း၊ ဝမ္းေလွ်ာျခင္း၊ အသက္ရႈရခက္ခဲျခင္း ႏွင့္ ႏွလုံးႏွင့္ ပတ္သက္သည့္ျပႆနာမ်ားကဲ့သို႔ေသာ လကၡဏာမ်ားရွိေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။

ဇြန္လ(၁၇)ရက္တြင္ ဖခင္ကိုဆုံးရႈံးခဲ့ေသာ Ballia တြင္ ေနထိုင္သူ R.S. Pathak က "Ballia မွာ ဒီလို အျဖစ္အပ်က္ မ်ိဳးတစ္ခါမွ မျဖစ္ဖူးပါဘူး။ ျပင္းထန္တဲ့အပူရွိန္ေၾကာင့္ လူဒီေလာက္အမ်ားႀကီးေသတာမ်ိဳးလည္း တစ္ခါမွ မေတြ႕ ဖူးပါဘူး။ လူေတြက အျပင္ထြက္ရမွာေၾကာက္ေနပါၿပီ။ လမ္းေပၚေတြ၊ ေဈးေတြမွာ လူသူကင္းမဲ့ေနပါၿပီ" ဟု ေျပာခဲ့သည္။

ဇြန္လ(၁၈)ရက္က Ballia ခ႐ိုင္တြင္ အျမင့္ဆုံးအပူခ်ိန္(၄၃)ဒီဂရီစင္တီဂရိတ္အထိရွိခဲ့ၿပီး ပုံမွန္အပူခ်ိန္ထက္ (၅)ဒီဂရီ ျမင့္တက္ခဲ့ေၾကာင္းသိရသည္။ ဘီဟာျပည္နယ္တြင္ ျပင္းထန္ေသာအပူရွိန္မ်ားေၾကာင့္ ၿပီးခဲ့သည့္ ႏွစ္ရက္အတြင္းလူ(၄၂)ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။ Patna ၿမိဳ႕ရွိ ေဆး႐ုံႏွစ္႐ုံတြင္ ဝမ္းေလွ်ာျခင္းႏွင့္ ေအာ့အန္ ျခင္းေဝဒနာ ခံစားရေသာလူနာ(၂ဝဝ)ေက်ာ္ကို ကုသေပးလ်က္ရွိၿပီး ေသဆုံးသူမ်ားထဲမွ (၃၅)ဦးသည္ အဆိုပါ ေဆး႐ုံမ်ားတြင္ ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ဇြန္လ(၁၇)ရက္က Patna ၿမိဳ႕တြင္ အျမင့္ဆုံးအပူခ်ိန္မွာ (၄၄ ဒသမ ၇) ဒီဂရီစင္တီဂရိတ္အထိ စံခ်ိန္တင္ျမင့္တက္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.