နယူးဇီလန်နိုင်ငံ၊ ပုဆိန်ကိုင်ဆောင်ထားတဲ့အမျိုးသားတစ်ဦးက စားသောက်ဆိုင်တွေထဲ ဝင်ရောက်တိုက်ခိုက်မှုတွေ ပြုလုပ်၊ အမျိုးသားလေးဦး ဒဏ်ရာရ

 545

ရောင်နီ (NP News) - ဇွန် ၂ဝ

နယူးဇီလန်နိုင်ငံရဲ့အကြီးဆုံးမြို့ဖြစ်တဲ့ အော့ကလန်ရှိ တရုတ်စားသောက်ဆိုင်သုံးဆိုင်မှာ အမျိုးသားတစ်ဦး ပုဆိန် နဲ့ ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူလေးဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ မျက်မြင်သက်သေ တွေရဲ့ပြောကြားချက်အရ သိရပါတယ်။

ဒဏ်ရာရသူ သုံးဦးဟာ ဆေးရုံတက် ကုသမှု ခံယူနေရပြီး လေးဦးမြောက်ကတော့ ဆေးရုံမှ ဆင်းသွားပြီဖြစ်တယ်လို့ North Shore နဲ့ Auckland ဆေးရုံများမှ ပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့(ဇွန် ၂ဝ ရက်) မှာ ပြောကြားခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်သူအမျိုးသားဟာ အော့ကလန့်မြို့ ဆင်ခြေဖုံးရှိ Zhangliang Malatang၊ Yue's Dumpling Kitchen နဲ့ Maya Hotpot ဆိုတဲ့ တရုတ်စားသောက်ဆိုင်သုံးဆိုင်ကို တနင်္လာနေ့ (ဇွန်၁၉ ရက်) မနက် ၉ နာရီခန့်က ဝင်ရောက်ပြီး တွေ့ရာလူကို သစ်သားခွဲခြမ်းပုံစံ ပုဆိန်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြ ခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် တိုက်ခိုက်သူကို အခင်းဖြစ်နေရာမှာတင် ဖမ်းဆီးနိုင်ခဲ့ပြီး ရည်ရွယ်ချက်ရှိရှိ ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရစေမှုနဲ့ စွဲချက်တင်ထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

အဆိုပါ အမျိုးသားမှာ တရုတ်နိုင်ငံသားဖြစ်ပြီး ဒီဖြစ်ရပ်ဟာ လူမျိုးရေးအရ လှုံ့ဆော်တဲ့တိုက်ခိုက်မှုလို့ပြောနိုင်တဲ့သက်သေမရှိကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။ ယင်းအကြမ်းဖက်မှုဟာ တစ်ဦးတစ်ယောက်တည်းမှ တစ်ဦးတစ်ယောက်တည်း ဆန္ဒနဲ့ လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ယူဆထားပြီး အဆိုပါအမျိုးသားကို စွဲချက်တင် စစ်ဆေးသွားမယ်လို့ သိရပါတယ်။

Zawgyi Version;
နယူးဇီလန္ႏိုင္ငံ၊ ပုဆိန္ကိုင္ေဆာင္ထားတဲ့အမ်ိဳးသားတစ္ဦးက စားေသာက္ဆိုင္ေတြထဲ ဝင္ေရာက္တိုက္ခိုက္မႈေတြ ျပဳလုပ္၊ အမ်ိဳးသား ေလးဦး ဒဏ္ရာရ
ေရာင္နီ (NP News) - ဇြန္ ၂ဝ

နယူးဇီလန္ႏိုင္ငံရဲ႕အႀကီးဆုံးၿမိဳ႕ျဖစ္တဲ့ ေအာ့ကလန္ရွိ တ႐ုတ္စားေသာက္ဆိုင္သုံးဆိုင္မွာ အမ်ိဳးသားတစ္ဦး ပုဆိန္ နဲ႔ ဝင္ေရာက္တိုက္ခိုက္မႈျဖစ္ပြားခဲ့ၿပီး အနည္းဆုံး လူေလးဦး ဒဏ္ရာရခဲ့ေၾကာင္း ရဲတပ္ဖြဲ႕နဲ႔ မ်က္ျမင္သက္ေသ ေတြရဲ႕ေျပာၾကားခ်က္အရ သိရပါတယ္။

ဒဏ္ရာရသူ သုံးဦးဟာ ေဆး႐ုံတက္ ကုသမႈ ခံယူေနရၿပီး ေလးဦးေျမာက္ကေတာ့ ေဆး႐ုံမွ ဆင္းသြားၿပီျဖစ္တယ္လို႔ North Shore နဲ႔ Auckland ေဆး႐ုံမ်ားမွ ေျပာေရးဆိုခြင့္ရွိသူက အဂၤါေန႔(ဇြန္ ၂ဝ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။ အဆိုပါတိုက္ခိုက္သူအမ်ိဳးသားဟာ ေအာ့ကလန႔္ၿမိဳ႕ ဆင္ေျခဖုံးရွိ Zhangliang Malatang၊ Yue's Dumpling Kitchen နဲ႔ Maya Hotpot ဆိုတဲ့ တ႐ုတ္စားေသာက္ဆိုင္သုံးဆိုင္ကို တနလၤာေန႔ (ဇြန္၁၉ ရက္) မနက္ ၉ နာရီခန႔္က ဝင္ေရာက္ၿပီး ေတြ႕ရာလူကို သစ္သားခြဲျခမ္းပုံစံ ပုဆိန္နဲ႔ တိုက္ခိုက္ခဲ့တာျဖစ္တယ္လို႔ ေဒသခံမီဒီယာေတြက ေဖာ္ျပ ခဲ့ပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ တိုက္ခိုက္သူကို အခင္းျဖစ္ေနရာမွာတင္ ဖမ္းဆီးႏိုင္ခဲ့ၿပီး ရည္႐ြယ္ခ်က္ရွိရွိ ခႏၶာကိုယ္ကို ျပင္းျပင္းထန္ထန္ထိခိုက္ဒဏ္ရာရေစမႈနဲ႔ စြဲခ်က္တင္ထားေၾကာင္း ရဲတပ္ဖြဲ႕က ေျပာပါတယ္။

အဆိုပါ အမ်ိဳးသားမွာ တ႐ုတ္ႏိုင္ငံသားျဖစ္ၿပီး ဒီျဖစ္ရပ္ဟာ လူမ်ိဳးေရးအရ လႈံ႕ေဆာ္တဲ့တိုက္ခိုက္မႈလို႔ေျပာႏိုင္တဲ့သက္ေသမရွိေၾကာင္း ရဲတပ္ဖြဲ႕က ဆိုပါတယ္။ ယင္းအၾကမ္းဖက္မႈဟာ တစ္ဦးတစ္ေယာက္တည္းမွ တစ္ဦးတစ္ေယာက္တည္း ဆႏၵနဲ႔ လုပ္ေဆာင္ခဲ့ျခင္းျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕က ယူဆထားၿပီး အဆိုပါအမ်ိဳးသားကို စြဲခ်က္တင္ စစ္ေဆးသြားမယ္လို႔ သိရပါတယ္။

© 2021. All rights reserved.