ဂျာမနီနိုင်ငံတွင် ယူကရိန်းနိုင်ငံသားများက ဒုတိယအများဆုံး ရွှေ့ပြောင်းနေထိုင်သူအဖွဲ့ဖြစ်လာ

764

Pika (NP News) - ဇွန် ၂၂
ဂျာမနီနိုင်ငံ၏ လူဦးရသည် (၂ဝ၂၂)ခုနှစ်တွင် (၁၁၂၂ဝဝဝ)ဦး တိုးလာခဲ့ပြီး နှစ်စဉ်(၁ ဒသမ ၃) ရာခိုင်နှုန်း တိုးလာခဲ့ ကြောင်း ဖက်ဒရယ်စာရင်းအင်းဝန်ဆောင်မှု Destatis က ဖော်ပြခဲ့သည်။
လူဦးရေတိုးလာရခြင်း၏ အဓိကအကြောင်းအရင်းမှာ ယူကရိန်းမှ ဒုက္ခသည်အရေအတွက် အများအပြားနိုင်ငံတွင်း သို့ ဝင်ရောက်လာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ (၂ဝ၂၁) ခုနှစ်တွင် ဂျာမနီနိုင်ငံသို့ ပြည်ပမှဝင်ရောက်လာ သူ (၃၂၉ဝဝဝ)ဦးရှိပြီး (၂ဝ၂၂)ခုနှစ်တွင် (၁၄၅၅ဝဝဝ)ဦး ဝင်ရောက်လာခဲ့ခြင်းကြောင့် နိုင်ငံအတွင်းရှိ လူဦးရေသည် (၂ဝ၂၂)ခုနှစ်ကုန်တွင် (၈၄ ဒသမ ၄) သန်းအထိ ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါအချက်ကြောင့် ဂျာမနီတွင် နေထိုင်သော ယူကရိန်းနိုင်ငံသားများသည် နိုင်ငံသားမဟုတ်သည့် ဒုတိယ အကြီးဆုံးအဖွဲ့တစ်ခုဖြစ်လာခဲ့ကြောင်း Destatis က ပြောကြားခဲ့သည်။
ဂျာမနီတွင်နေထိုင်သော နိုင်ငံခြားသား(၁၂ ဒသမ ၃) သန်းရှိသည့်အနက် (၁ ဒသမ ၃၄) သန်းသည် တူရကီနိုင်ငံသား များဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်ကုန်တွင် ဂျာမနီနိုင်ငံမှာ နေထိုင်သူ ယူကရိန်းနိုင်ငံသား (၁ ဒသမ ဝ၅) သန်းရှိပြီး နှစ်စဉ်ခြောက်ဆ တိုးလာနေကြောင်း သိရသည်။
ဆီးရီးယားနိုင်ငံသားများသည် ဂျာမနီတွင် နေထိုင်သည့် နိုင်ငံခြားသားများအနက် တတိယမြောက်အများဆုံးဖြစ်ပြီး လူဦးရေမှာ(၈၈၃ဝဝဝ)ဦး ရှိကြောင်း သိရသည်။ ပြည်ပမှ နိုင်ငံသားများ ဝင်ရောက်လာခြင်းသည် ဂျာမနီ လူအဖွဲ့အစည်း၏ အသက်အရွယ်ဖွဲ့စည်းပုံကို အနည်းငယ်ပြောင်းလဲစေခဲ့ပြီး အသက်(၂ဝ)အောက် လူငယ်များ၏ ဝေစုသည် (၂)ဒသမ(၈)ရာခိုင်နှုန်းတိုးလာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဂျာမနီနိုင်ငံတွင်းသို့ ယူကရိန်းနိုင်ငံသားများ ဝင်ရောက်လာမှုသည် တင်းမာမှုအချို့ကိုဖြစ်ပေါ်စေခဲ့သလို အချို့သော နိုင်ငံပိုင်မီဒီယာများသည် ဂျာမနီရှိ ယူကရိန်းနိုင်ငံသားများကြားတွင် အလုပ်အကိုင်နည်းပါးနေခြင်းကို အခြားသော ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ နှင့် နှိုင်းယှဉ်ကာ မေးခွန်းထုတ်ခဲ့ကြကြောင်း သိရသည်။

Zawgyi Version;
ဂ်ာမနီႏိုင္ငံတြင္ ယူကရိန္းႏိုင္ငံသားမ်ားက ဒုတိယအမ်ားဆုံး ေ႐ႊ႕ေျပာင္းေနထိုင္သူအဖြဲ႕ျဖစ္လာ
Pika (NP News) - ဇြန္ ၂၂
ဂ်ာမနီႏိုင္ငံ၏ လူဦးရသည္ (၂ဝ၂၂)ခုႏွစ္တြင္ (၁၁၂၂ဝဝဝ)ဦး တိုးလာခဲ့ၿပီး ႏွစ္စဥ္(၁ ဒသမ ၃) ရာခိုင္ႏႈန္း တိုးလာခဲ့ ေၾကာင္း ဖက္ဒရယ္စာရင္းအင္းဝန္ေဆာင္မႈ Destatis က ေဖာ္ျပခဲ့သည္။
လူဦးေရတိုးလာရျခင္း၏ အဓိကအေၾကာင္းအရင္းမွာ ယူကရိန္းမွ ဒုကၡသည္အေရအတြက္ အမ်ားအျပားႏိုင္ငံတြင္း သို႔ ဝင္ေရာက္လာျခင္းေၾကာင့္ျဖစ္ေၾကာင္း သိရသည္။ (၂ဝ၂၁) ခုႏွစ္တြင္ ဂ်ာမနီႏိုင္ငံသို႔ ျပည္ပမွဝင္ေရာက္လာ သူ (၃၂၉ဝဝဝ)ဦးရွိၿပီး (၂ဝ၂၂)ခုႏွစ္တြင္ (၁၄၅၅ဝဝဝ)ဦး ဝင္ေရာက္လာခဲ့ျခင္းေၾကာင့္ ႏိုင္ငံအတြင္းရွိ လူဦးေရသည္ (၂ဝ၂၂)ခုႏွစ္ကုန္တြင္ (၈၄ ဒသမ ၄) သန္းအထိ ေရာက္ရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါအခ်က္ေၾကာင့္ ဂ်ာမနီတြင္ ေနထိုင္ေသာ ယူကရိန္းႏိုင္ငံသားမ်ားသည္ ႏိုင္ငံသားမဟုတ္သည့္ ဒုတိယ အႀကီးဆုံးအဖြဲ႕တစ္ခုျဖစ္လာခဲ့ေၾကာင္း Destatis က ေျပာၾကားခဲ့သည္။
ဂ်ာမနီတြင္ေနထိုင္ေသာ ႏိုင္ငံျခားသား(၁၂ ဒသမ ၃) သန္းရွိသည့္အနက္ (၁ ဒသမ ၃၄) သန္းသည္ တူရကီႏိုင္ငံသား မ်ားျဖစ္ေၾကာင္း သိရသည္။ ၿပီးခဲ့သည့္ႏွစ္ကုန္တြင္ ဂ်ာမနီႏိုင္ငံမွာ ေနထိုင္သူ ယူကရိန္းႏိုင္ငံသား (၁ ဒသမ ဝ၅) သန္းရွိၿပီး ႏွစ္စဥ္ေျခာက္ဆ တိုးလာေနေၾကာင္း သိရသည္။
ဆီးရီးယားႏိုင္ငံသားမ်ားသည္ ဂ်ာမနီတြင္ ေနထိုင္သည့္ ႏိုင္ငံျခားသားမ်ားအနက္ တတိယေျမာက္အမ်ားဆုံးျဖစ္ၿပီး လူဦးေရမွာ(၈၈၃ဝဝဝ)ဦး ရွိေၾကာင္း သိရသည္။ ျပည္ပမွ ႏိုင္ငံသားမ်ား ဝင္ေရာက္လာျခင္းသည္ ဂ်ာမနီ လူအဖြဲ႕အစည္း၏ အသက္အ႐ြယ္ဖြဲ႕စည္းပုံကို အနည္းငယ္ေျပာင္းလဲေစခဲ့ၿပီး အသက္(၂ဝ)ေအာက္ လူငယ္မ်ား၏ ေဝစုသည္ (၂)ဒသမ(၈)ရာခိုင္ႏႈန္းတိုးလာေၾကာင္း အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။
ဂ်ာမနီႏိုင္ငံတြင္းသို႔ ယူကရိန္းႏိုင္ငံသားမ်ား ဝင္ေရာက္လာမႈသည္ တင္းမာမႈအခ်ိဳ႕ကိုျဖစ္ေပၚေစခဲ့သလို အခ်ိဳ႕ေသာ ႏိုင္ငံပိုင္မီဒီယာမ်ားသည္ ဂ်ာမနီရွိ ယူကရိန္းႏိုင္ငံသားမ်ားၾကားတြင္ အလုပ္အကိုင္နည္းပါးေနျခင္းကို အျခားေသာ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ား ႏွင့္ ႏႈိင္းယွဥ္ကာ ေမးခြန္းထုတ္ခဲ့ၾကေၾကာင္း သိရသည္။