ရန်ကုန်ရွှေဈေးဆက်မတက်ရန် ထိန်းထားပြီး ရွှေထုတ်ရောင်းရန် မရှိဟုဆို

 2301

NP News - ဇွန် ၂၂

ရန်ကုန်တိုင်းအတွင်း ရွှေထုတ်ရောင်းခြင်းမရှိသေးဘဲ ဒေါ်လာဈေးအကျကိုစောင့်ဆိုင်းပြီး စျေးမတက်အောင်စီမံနေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပြောသည်။

လတ်တလော၌ ရွှေဈေးဆက်တိုက်မြင့်တက်နေခြင်းကြောင့် အဝယ်မရှိသလောက် ရပ်တန့်နေပြီး ရွှေထည်အကျိုးအပြတ်များသာ လာရောက်ရောင်းချနေကြောင်းသိရသည်။

“ရွှေဈေးဆက်မတက်အောင်ထိန်းထားပါတယ်။ ရန်ကုန်မှာတော့ အရောင်းအဝယ်ရပ်သလောက်နည်းနေတယ်။ နယ်ဘက်ကလည်းအဝယ်မရှိဘူး။ ဈေးဆက်မတက်အောင်လုပ်လို့ရတဲ့နည်းလမ်းတွေနဲ့ဆောင် ရွက်သွားမှာပါ။ မန္တလေးလိုတော့ ရွှေထုတ်ရောင်းဖို့အစီအစဉ်မရှိသေးပါဘူး”ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

ဗဟိုဘဏ်၏ ဒေါ်လာပေါက်ဈေး ၂၁ဝဝ ကျပ်အရ ဇွန်လ ၂၂ ရက်တွင် ရန်ကုန်၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် (၂၂) သိန်း (၇)သောင်းကျော် အဖွင့်ဈေးသတ်မှတ်ပြီး ပြင်ပဈေးကွက်တွင် (၃၁)သိန်းဝန်းကျင်ဖြင့် အရောင်းအဝယ်ပြုလုပ်နေကြောင်းသိရသည်။

လတ်တလော ရွှေဈေးကွက်အတွင်းဈေးတက်နေခြင်းသည် ကမ္ဘာ့ရွှေဈေး အမြင့်ပိုင်းရောက်ရှိနေသည့်အပြင် ဒေါ်လာငွေလဲဈေးနှုန်းလည်း မြင့်တက်နေခြင်းကြောင့်ဖြစ်ကြောင်းသိရသည်။

ပြည်တွင်းဒေါ်လာဈေးပြန်လည်ကျဆင်းလာပါက ရွှေဈေးပါလိုက်ပါကျဆင်းမည်ဖြစ်ခြင်းကြောင့် ဒေါ်လာဈေးကိုစောင့်ဆိုင်းကာ ရွှေဈေးကွက်ကို ထိန်းချုပ်ထားကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကပြောသည်။

zawgyi version
ရန္ကုန္ေ႐ႊေဈးဆက္မတက္ရန္ ထိန္းထားၿပီး ေ႐ႊထုတ္ေရာင္းရန္ မရွိဟုဆို

NP News - ဇြန္ ၂၂

ရန္ကုန္တိုင္းအတြင္း ေ႐ႊထုတ္ေရာင္းျခင္းမရွိေသးဘဲ ေဒၚလာေဈးအက်ကိုေစာင့္ဆိုင္းၿပီး ေစ်းမတက္ေအာင္စီမံေနေၾကာင္း ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒က ေျပာသည္။

လတ္တေလာ၌ ေ႐ႊေဈးဆက္တိုက္ျမင့္တက္ေနျခင္းေၾကာင့္ အဝယ္မရွိသေလာက္ ရပ္တန္႔ေနၿပီး ေ႐ႊထည္အက်ိဳးအျပတ္မ်ားသာ လာေရာက္ေရာင္းခ်ေနေၾကာင္းသိရသည္။

“ေ႐ႊေဈးဆက္မတက္ေအာင္ထိန္းထားပါတယ္။ ရန္ကုန္မွာေတာ့ အေရာင္းအဝယ္ရပ္သေလာက္နည္းေနတယ္။ နယ္ဘက္ကလည္းအဝယ္မရွိဘူး။ ေဈးဆက္မတက္ေအာင္လုပ္လို႔ရတဲ့နည္းလမ္းေတြနဲ႔ေဆာင္ ႐ြက္သြားမွာပါ။ မႏၲေလးလိုေတာ့ ေ႐ႊထုတ္ေရာင္းဖို႔အစီအစဥ္မရွိေသးပါဘူး”ဟု ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ ဦးမ်ိဳးျမင့္က ေျပာသည္။

ဗဟိုဘဏ္၏ ေဒၚလာေပါက္ေဈး ၂၁ဝဝ က်ပ္အရ ဇြန္လ ၂၂ ရက္တြင္ ရန္ကုန္၌ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ေငြက်ပ္ (၂၂) သိန္း (၇)ေသာင္းေက်ာ္ အဖြင့္ေဈးသတ္မွတ္ၿပီး ျပင္ပေဈးကြက္တြင္ (၃၁)သိန္းဝန္းက်င္ျဖင့္ အေရာင္းအဝယ္ျပဳလုပ္ေနေၾကာင္းသိရသည္။

လတ္တေလာ ေ႐ႊေဈးကြက္အတြင္းေဈးတက္ေနျခင္းသည္ ကမာၻ႔ေ႐ႊေဈး အျမင့္ပိုင္းေရာက္ရွိေနသည့္အျပင္ ေဒၚလာေငြလဲေဈးႏႈန္းလည္း ျမင့္တက္ေနျခင္းေၾကာင့္ျဖစ္ေၾကာင္းသိရသည္။

ျပည္တြင္းေဒၚလာေဈးျပန္လည္က်ဆင္းလာပါက ေ႐ႊေဈးပါလိုက္ပါက်ဆင္းမည္ျဖစ္ျခင္းေၾကာင့္ ေဒၚလာေဈးကိုေစာင့္ဆိုင္းကာ ေ႐ႊေဈးကြက္ကို ထိန္းခ်ဳပ္ထားေၾကာင္း ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္းကေျပာသည္။

Related news

© 2021. All rights reserved.