နိုင်ငံတကာစံချိန်မီ သံနှင့်သံမဏိများထုတ်လုပ်နိုင်ရန် မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်း ရည်မှန်းထား

 1538

ယွန်း (NP News) - ဇွန် ၂၂

သံနှင့် သံမဏိများကို နိုင်ငံတကာစံချိန်မီ အရည်အသွေးထုတ်လုပ်နိုင်ရန် မြန်မာနိုင်ငံ သံနှင့် သံမဏိအသင်းမှ ရည်မှန်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံ သံနှင့် သံမဏိအသင်း၏ ရုံးခန်းကို ဇွန်လ(၂၁)ရက်တွင် ကုန်သည်စက်မှုအသင်းချုပ်၏ (၁၃)လွှာ၌ဖွင့်လှစ်ခဲ့ကြောင်း Myanmar Iron and Steel Association မှ အသိပေးပြောဆိုထားသည်။

မြန်မာနိုင်ငံ သံနှင့် သံမဏိအသင်းသည် မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း(MIA) ၏လုပ်ငန်းတူ CLUSTER အစုအဖွဲ့အဖြစ် (၂ဝ၁၄) ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ အသိအမှတ်ပြုလက်မှတ်ရထားပြီးကြောင်းလည်း သိရသည်။

အသင်းဖွဲ့စည်းရသည့် ရည်ရွယ်ချက်သည် သံနှင့်သံမဏိလုပ်ငန်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံစံချိန်စံညွှန်းကို အကောင်အထည်ဖော်ပြီး သံနှင့် သံမဏိလုပ်ငန်းဖွံ့ဖြိုးအောင်ဆောင်ရွက်ရန်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သံနှင့်သံမဏိပစ္စည်းများကို နိုင်ငံတကာစံချိန်မီသည့် အရည်အသွေးထုတ်လုပ်ရန်နှင့် အသင်းဝင်များအတွက် ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ ကျင်းပစေပြီး နိုင်ငံတကာနှင့် အာဆီယံဒေသအတွင်း၊ နိုင်ငံများ၏ သံနှင့် သံမဏိသတင်းအချက်အလက်များ ပညာရပ်ဆိုင်ရာ စာရွက်စာတမ်းများဖြန့်ဝေနိုင်ရန် ရည်ရွယ်ကြောင်း Myanmar Iron and Steel Association မှ အသိပေး ပြောဆိုထားသည်။

အလားတူ ပြည်တွင်းသံ၊ သံမဏိထုတ်လုပ်ခြင်းအတွက် လိုအပ်သော တည်ဆောက်မှုဆိုင်ရာများ၊ ထုတ်လုပ်မှုဆိုင်ရာ၊ ထုတ်လုပ်မှုနည်းပညာများအတွက် ပံ့ပိုးကူညီရန်နှင့် Small and Medium သံ သံမဏိလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်သော ကူညီပံ့ပိုးမှုများပေးရန် ရည်ရွယ်ကြောင်း သိရသည်။

အလားတူ မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်းအနေဖြင့် The South East Asia Iron and Steel Institute(SEAISI) တွင်လည်း ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဝင်ရောက်ခဲ့ပြီး အရှေ့တောင်အာရှ သံနှင့်သံမဏိ အသင်းဝင်များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ သံနှင့် သံမဏိ လိုအပ်ချက်သည် နှစ်စဉ်တန်ချိန် (၂ ဒသမ ၅)သန်းမှ သုံးသန်းခန့်ရှိသည့် အတွက် လိုအပ်သောတန်ချိန် (၂)သန်းခန့်ကို နှစ်စဉ်ပြည်ပမှတင်သွင်းနေရပြီး နိုင်ငံခြားငွေ (၁)ဘီလျံကျော်ခန့် သုံးစွဲနေရသည်။

zawgyi version
ႏိုင္ငံတကာစံခ်ိန္မီ သံႏွင့္သံမဏိမ်ားထုတ္လုပ္ႏိုင္ရန္ ျမန္မာႏိုင္ငံ သံႏွင့္သံမဏိအသင္း ရည္မွန္းထား

ယြန္း (NP News) - ဇြန္ ၂၂

သံႏွင့္ သံမဏိမ်ားကို ႏိုင္ငံတကာစံခ်ိန္မီ အရည္အေသြးထုတ္လုပ္ႏိုင္ရန္ ျမန္မာႏိုင္ငံ သံႏွင့္ သံမဏိအသင္းမွ ရည္မွန္းထားေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ သံႏွင့္ သံမဏိအသင္း၏ ႐ုံးခန္းကို ဇြန္လ(၂၁)ရက္တြင္ ကုန္သည္စက္မႈအသင္းခ်ဳပ္၏ (၁၃)လႊာ၌ဖြင့္လွစ္ခဲ့ေၾကာင္း Myanmar Iron and Steel Association မွ အသိေပးေျပာဆိုထားသည္။

ျမန္မာႏိုင္ငံ သံႏွင့္ သံမဏိအသင္းသည္ ျမန္မာႏိုင္ငံစက္မႈကုန္ထုတ္လုပ္သူမ်ားအသင္း(MIA) ၏လုပ္ငန္းတူ CLUSTER အစုအဖြဲ႕အျဖစ္ (၂ဝ၁၄) ခုႏွစ္မွ စတင္ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန၏ အသိအမွတ္ျပဳလက္မွတ္ရထားၿပီးေၾကာင္းလည္း သိရသည္။

အသင္းဖြဲ႕စည္းရသည့္ ရည္႐ြယ္ခ်က္သည္ သံႏွင့္သံမဏိလုပ္ငန္းႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံစံခ်ိန္စံၫႊန္းကို အေကာင္အထည္ေဖာ္ၿပီး သံႏွင့္ သံမဏိလုပ္ငန္းဖြံ႕ၿဖိဳးေအာင္ေဆာင္႐ြက္ရန္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ သံႏွင့္သံမဏိပစၥည္းမ်ားကို ႏိုင္ငံတကာစံခ်ိန္မီသည့္ အရည္အေသြးထုတ္လုပ္ရန္ႏွင့္ အသင္းဝင္မ်ားအတြက္ ေဆြးေႏြးပြဲမ်ား၊ စာတမ္းဖတ္ပြဲမ်ား က်င္းပေစၿပီး ႏိုင္ငံတကာႏွင့္ အာဆီယံေဒသအတြင္း၊ ႏိုင္ငံမ်ား၏ သံႏွင့္ သံမဏိသတင္းအခ်က္အလက္မ်ား ပညာရပ္ဆိုင္ရာ စာ႐ြက္စာတမ္းမ်ားျဖန႔္ေဝႏိုင္ရန္ ရည္႐ြယ္ေၾကာင္း Myanmar Iron and Steel Association မွ အသိေပး ေျပာဆိုထားသည္။

အလားတူ ျပည္တြင္းသံ၊ သံမဏိထုတ္လုပ္ျခင္းအတြက္ လိုအပ္ေသာ တည္ေဆာက္မႈဆိုင္ရာမ်ား၊ ထုတ္လုပ္မႈဆိုင္ရာ၊ ထုတ္လုပ္မႈနည္းပညာမ်ားအတြက္ ပံ့ပိုးကူညီရန္ႏွင့္ Small and Medium သံ သံမဏိလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ရန္လိုအပ္ေသာ ကူညီပံ့ပိုးမႈမ်ားေပးရန္ ရည္႐ြယ္ေၾကာင္း သိရသည္။

အလားတူ ျမန္မာႏိုင္ငံ သံႏွင့္သံမဏိအသင္းအေနျဖင့္ The South East Asia Iron and Steel Institute(SEAISI) တြင္လည္း ၂ဝ၁၈ ခုႏွစ္ ဒီဇင္ဘာလတြင္ စတင္ဝင္ေရာက္ခဲ့ၿပီး အေရွ႕ေတာင္အာရွ သံႏွင့္သံမဏိ အသင္းဝင္မ်ားႏွင့္လည္း ခ်ိတ္ဆက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၏ သံႏွင့္ သံမဏိ လိုအပ္ခ်က္သည္ ႏွစ္စဥ္တန္ခ်ိန္ (၂ ဒသမ ၅)သန္းမွ သုံးသန္းခန႔္ရွိသည့္ အတြက္ လိုအပ္ေသာတန္ခ်ိန္ (၂)သန္းခန႔္ကို ႏွစ္စဥ္ျပည္ပမွတင္သြင္းေနရၿပီး ႏိုင္ငံျခားေငြ (၁)ဘီလ်ံေက်ာ္ခန႔္ သုံးစြဲေနရသည္။

Picture

My Mine

22/06/2023 20:15

လဝသက...လဝရ၏တ

Related news

© 2021. All rights reserved.