PDF သည် တပ်မတော်နှင့် ရင်ဆိုင်တိုက်ခိုက်ခြင်းမဟုတ်ဘဲ လက်နက်မဲ့ပြည်သူများကို သတ်ဖြတ်နေခြင်းဖြစ်၍ (၆ဝဝဝ) နီးပါး အသတ်ခံခဲ့ရဟု နစကဆို

 1128

NP News - ဇွန် ၂၃

PDF သည် တပ်မတော်နှင့် ရင်ဆိုင်တိုက်ခိုက်ခြင်းမဟုတ်ဘဲ လက်နက်မဲ့ပြည်သူများကို သတ်ဖြတ်နေခြင်းဖြစ်၍ ပြည်သူ (၆ဝဝဝ) နီးပါး အသတ်ခံခဲ့ရကြောင်း နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေက ပြောသည်။

ဝန်ကြီးဦသန်းဆွေက ပြီးခဲ့သောရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ၊ ပတ္တရာမြို့၌ ပြုလုပ်ခဲ့သည့် မြန်မာအရေးဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲ၌ နိုင်ငံတကာကို အထက်ပါကဲ့သို့ ထည့်သွင်းဆွေးနွေးပြောဆိုခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံရေးမတည်ငြိမ်မှုအပေါ် အခွင့်ကောင်းယူကာ EAO အချို့သည် လူငယ် များကို PDF အဖြစ် သင်တန်းပေးကာ လက်နက်တပ်ဆင်ပြီး နှစ်ပေါင်း(၅ဝ)နီးပါး အေးချမ်းနေသော ပြည်တွင်း ဒေသများ၌ လက်နက်ကိုင်တိုက်ခိုက်မှုများ ပေါ်ပေါက်ရန် ဖန်တီးခဲ့ကြောင်း ၎င်းက ဆွေးနွေးတင်ပြခဲ့သည်။

ထိုသို့ တိုက်ခိုက်ရာတွင်လည်း တပ်မတော်လက်နက်ကိုင်တပ်ဖွဲ့များနှင့် ရင်ဆိုင်တိုက်ခြင်းမဟုတ်ဘဲ soft target ဖြစ်သော လက်နက်မဲ့ပြည်သူများကို အနိုင်ကျင့်သတ်ဖြတ်နေခြင်းသာဖြစ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ထပ်မံပြောဆိုခဲ့သည်။

ပြည်ပရောက် NUG အဖွဲ့သည် ပြည်တွင်းရှိ PDF များကို လက်နက်ခဲယမ်းငွေကြေးထောက်ပံ့ကာ အကြမ်းဖက် လုပ်ငန်းများ စေခိုင်းနေကြောင်း၊ ကျောင်းများ၊ ဆေးရုံများ၊ ရုံးများပိတ်ရန် နှင့် မလိုက်နာပါက သတ်ဖြတ်အရေးယူ ရန် NUG ဝန်ကြီးဆိုသူများက ညွှန်ကြားနေကြောင်းလည်း ၎င်းက ဆိုသည်။

ထို့ကြောင့် PDF များသည် ဘုန်းတော်ကြီး (၆၉)ပါး၊ ကျောင်းသားကလေးငယ် (၁၈၇)ဦး၊ ဆရာ/ဆရာမ (၇၇)ဦး၊ ကျန်းမာရေးဝန်ထမ်း (၁၇)ဦး၊ စစ်မှုထမ်းဟောင်း၊ ပါတီဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ နိုင်ငံ့ဝန်ထမ်းများ အပါအဝင် စုစုပေါင်း လက်နက်မဲ့ပြည်သူ (၅၈၄၆)ကို ဥပဒေမဲ့သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်တင်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏရယူခဲ့ပြီးနောက်ပိုင်းတွင် ပဋိပက္ခများကြောင့် အကြမ်းဖက်သတ်ဖြတ်ခံနေရသည့် မြန်မာနိုင်ငံသားများမှာ တစ်ရက်လျှင် (၈)ဦးထက်မနည်း ရှိနေကြောင်း သိရှိရ သည်။

ပြည်သူလူထုကို အကာအကွယ်ပေးရန် အစိုးရတွင် တာဝန်ရှိသည့်အတွက် ဥပဒေနှင့်အညီ ပြန်လည်တိုက်ခိုက်နေ ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ထပ်မံပြောဆိုထားသည်။

ထို့ပြင် တပ်မတော်သည် စနစ်တကျဖွဲ့စည်းထားသော တပ်မတော်ဖြစ်သည့်အတွက် သာမန်လက်နက်ကိုင်အဖွဲ့ များကို လွယ်ကူစွာချေမှုန်းနိုင်စွမ်းရှိကြောင်းနှင့် အင်အားသုံးချေမှုန်းပါက နိုင်ငံသားများသာ များစွာသေကြေ ဒဏ်ရာရကြမည်ဖြစ်၍ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်နေကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

Zawgyi Version;
PDF သည္ တပ္မေတာ္ႏွင့္ ရင္ဆိုင္တိုက္ခိုက္ျခင္းမဟုတ္ဘဲ လက္နက္မဲ့ျပည္သူမ်ားကို သတ္ျဖတ္ေနျခင္းျဖစ္၍ (၆ဝဝဝ) နီးပါး အသတ္ခံခဲ့ရဟု နစကဆို
NP News - ဇြန္ ၂၃

PDF သည္ တပ္မေတာ္ႏွင့္ ရင္ဆိုင္တိုက္ခိုက္ျခင္းမဟုတ္ဘဲ လက္နက္မဲ့ျပည္သူမ်ားကို သတ္ျဖတ္ေနျခင္းျဖစ္၍ ျပည္သူ (၆ဝဝဝ) နီးပါး အသတ္ခံခဲ့ရေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဦးသန္းေဆြက ေျပာသည္။

ဝန္ႀကီးဦသန္းေဆြက ၿပီးခဲ့ေသာရက္ပိုင္းအတြင္း ထိုင္းႏိုင္ငံ၊ ပတၱရာၿမိဳ႕၌ ျပဳလုပ္ခဲ့သည့္ ျမန္မာအေရးဆိုင္ရာ အလြတ္သေဘာေဆြးေႏြးပြဲ၌ ႏိုင္ငံတကာကို အထက္ပါကဲ့သို႔ ထည့္သြင္းေဆြးေႏြးေျပာဆိုခဲ့ျခင္းျဖစ္သည္။

လြန္ခဲ့ေသာ ႏွစ္ႏွစ္ေက်ာ္ကာလအတြင္း ႏိုင္ငံေရးမတည္ၿငိမ္မႈအေပၚ အခြင့္ေကာင္းယူကာ EAO အခ်ိဳ႕သည္ လူငယ္ မ်ားကို PDF အျဖစ္ သင္တန္းေပးကာ လက္နက္တပ္ဆင္ၿပီး ႏွစ္ေပါင္း(၅ဝ)နီးပါး ေအးခ်မ္းေနေသာ ျပည္တြင္း ေဒသမ်ား၌ လက္နက္ကိုင္တိုက္ခိုက္မႈမ်ား ေပၚေပါက္ရန္ ဖန္တီးခဲ့ေၾကာင္း ၎က ေဆြးေႏြးတင္ျပခဲ့သည္။

ထိုသို႔ တိုက္ခိုက္ရာတြင္လည္း တပ္မေတာ္လက္နက္ကိုင္တပ္ဖြဲ႕မ်ားႏွင့္ ရင္ဆိုင္တိုက္ျခင္းမဟုတ္ဘဲ soft target ျဖစ္ေသာ လက္နက္မဲ့ျပည္သူမ်ားကို အႏိုင္က်င့္သတ္ျဖတ္ေနျခင္းသာျဖစ္ေၾကာင္းလည္း ႏိုင္ငံျခားေရးဝန္ႀကီး ဦးသန္းေဆြက ထပ္မံေျပာဆိုခဲ့သည္။

ျပည္ပေရာက္ NUG အဖြဲ႕သည္ ျပည္တြင္းရွိ PDF မ်ားကို လက္နက္ခဲယမ္းေငြေၾကးေထာက္ပံ့ကာ အၾကမ္းဖက္ လုပ္ငန္းမ်ား ေစခိုင္းေနေၾကာင္း၊ ေက်ာင္းမ်ား၊ ေဆး႐ုံမ်ား၊ ႐ုံးမ်ားပိတ္ရန္ ႏွင့္ မလိုက္နာပါက သတ္ျဖတ္အေရးယူ ရန္ NUG ဝန္ႀကီးဆိုသူမ်ားက ၫႊန္ၾကားေနေၾကာင္းလည္း ၎က ဆိုသည္။

ထို႔ေၾကာင့္ PDF မ်ားသည္ ဘုန္းေတာ္ႀကီး (၆၉)ပါး၊ ေက်ာင္းသားကေလးငယ္ (၁၈၇)ဦး၊ ဆရာ/ဆရာမ (၇၇)ဦး၊ က်န္းမာေရးဝန္ထမ္း (၁၇)ဦး၊ စစ္မႈထမ္းေဟာင္း၊ ပါတီဝင္မ်ား၊ ရပ္ကြက္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးမ်ား၊ ႏိုင္ငံ့ဝန္ထမ္းမ်ား အပါအဝင္ စုစုေပါင္း လက္နက္မဲ့ျပည္သူ (၅၈၄၆)ကို ဥပေဒမဲ့သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ဝန္ႀကီးက ဆက္လက္တင္ျပထားသည္။

ျမန္မာႏိုင္ငံတြင္ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ တပ္မေတာ္က ႏိုင္ငံေတာ္အာဏရယူခဲ့ၿပီးေနာက္ပိုင္းတြင္ ပဋိပကၡမ်ားေၾကာင့္ အၾကမ္းဖက္သတ္ျဖတ္ခံေနရသည့္ ျမန္မာႏိုင္ငံသားမ်ားမွာ တစ္ရက္လွ်င္ (၈)ဦးထက္မနည္း ရွိေနေၾကာင္း သိရွိရ သည္။

ျပည္သူလူထုကို အကာအကြယ္ေပးရန္ အစိုးရတြင္ တာဝန္ရွိသည့္အတြက္ ဥပေဒႏွင့္အညီ ျပန္လည္တိုက္ခိုက္ေန ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးက ထပ္မံေျပာဆိုထားသည္။

ထို႔ျပင္ တပ္မေတာ္သည္ စနစ္တက်ဖြဲ႕စည္းထားေသာ တပ္မေတာ္ျဖစ္သည့္အတြက္ သာမန္လက္နက္ကိုင္အဖြဲ႕ မ်ားကို လြယ္ကူစြာေခ်မႈန္းႏိုင္စြမ္းရွိေၾကာင္းႏွင့္ အင္အားသုံးေခ်မႈန္းပါက ႏိုင္ငံသားမ်ားသာ မ်ားစြာေသေၾက ဒဏ္ရာရၾကမည္ျဖစ္၍ ထိန္းထိန္းသိမ္းသိမ္းေဆာင္႐ြက္ေနေၾကာင္းလည္း ၎က ဆက္လက္ေျပာဆိုထားသည္။

Related news

© 2021. All rights reserved.