မြန်မာနိုင်ငံကို အာဆီယံမိသားစုအသိုက်အဝန်းထဲမှ ဖယ်ထုတ်မယ့်အယူအဆကို လက်မခံနိုင်ကြောင်း ထိုင်းအမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးဟောင်းပြော

 8069

ဂျန်ဇက် (NP News) - ဇွန် ၂၄

မြန်မာနိုင်ငံကို အာဆီယံမိသားစုအသိုက်အဝန်းထဲမှ ဖယ်ထုတ်မယ့် အယူအဆကို လက်မခံနိုင်ကြောင်း ထိုင်းအမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်းဖြစ်သလို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဟောင်း Nantiwat Samart ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ ဇွန်လ ၁၉ ရက်ကကျင်းပတဲ့ မြန်မာ့အရေးအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုများ၊ ဝေဖန်ပြစ်တင်မှုများထွက်ပေါ်လာခဲ့ပြီးနောက် ၎င်းက အခုလိုပြန်လည်တုံ့ပြန်လိုက်တာဖြစ်ပါတယ်။ ၎င်းက "မင်းအမှားလုပ်သလိုမျိုး ငါကိုအမှားလုပ်ရမယ်ဆိုပြီး ခိုင်းစေလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတိုင်းဟာ ကိုယ်ပိုင်အချုပ်အခြာအာဏာရှိတယ်။ ဘယ်နိုင်ငံကိုမှ ၎င်းတို့ရဲ့ကိုယ်ပိုင်စံနှုန်းများနဲ့ အကဲဖြတ်ခြင်းမပြုရဘူး၊ အဲဒီလိုမျိုး မဟုတ်ပါက ပဋိပက္ခများ နဲ့ စစ်ပွဲများ အဆုံးသတ်နိုင်မှာမဟုတ်တော့ဘူး"လို့ပြောပါတယ်။

ထိုင်း နဲ့ မြန်မာနယ်စပ်ဒေသမှာတိုက်ပွဲဖြစ်ပွားမှုမြင့်တက်လာမယ်ဆိုရင် နယ်စပ်ဒေသ စစ်ဆေးရေးဂိတ်များကို ပိတ်ရမယ့်အခြေအနေမျိုးများရှိလာနိုင်ပြီး နှစ်နိုင်ငံနယ်စပ်တစ်လျှောက်ကုန်သွယ်ရေးကို သက် ရောက်မှုများရှိလာနိုင်ကာ ထိုင်းပြည်သူများအပေါ် သက်ရောက်မှုများစွာရှိလာနိုင်ကြောင်း ၎င်းကပြောပါတယ်။ ထိုင်း နဲ့ မြန်မာနိုင်ငံတို့ဟာ နယ်စပ်ဒေသချင်းထိစပ်နေတဲ့ နိုင်ငံဖြစ်တဲ့အတွက် တစ်နိုင်ငံ နဲ့ တစ်နိုင်ငံဝေးကွာတဲ့ပုံစံမျိုးနဲ့ရပ်တည်လို့မရဘဲ အတူရှင်သန်နေထိုင်ရမှာဖြစ်ပြီး မိတ်ဆွေတွေကို ရန်သူတွေဖြစ်အောင်တွန်းမပို့စေလိုကြောင်း၊ ထိုင်းအမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်းကပြောပါတယ်။

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ မြန်မာ့အရေးအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ အိန္ဒိယ၊ တရုတ်၊ ထိုင်း တို့အပါအဝင် နိုင်ငံပေါင်း (၉)နိုင်ငံတက်ရောက်ခဲ့ကြောင်းသိရပါတယ်။ အဲဒီအစည်းအဝေးဟာ မြန်မာနိုင်ငံကို အာဆီယံမိသားစုအသိုက်ဝန်းထဲ ပြန်လည်ရောက်ရှိစေအောင် မြန်မာနိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ဖို့ကူညီပေးရေးအတွက် နည်းလမ်းရှာတဲ့ အစည်းအဝေးမျိုးဖြစ်ကြောင်း ၎င်းကပြောပါတယ်။

၎င်းက "မကြာခင်ဖြစ်လာမယ့် ထိုင်းအစိုးရအဖွဲ့သစ်ဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဒီလိုမျိုးချဉ်းကပ်မှုကို မကြိုက်နှစ်သက်ဘူးလား၊ မြန်မာနိုင်ငံ နဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကိုမလိုလားဘူးလား၊ထိုင်းအစိုးရအဖွဲ့အသစ်ဟာ မြန်မာနိုင်ငံကို ဖိအားပေးဖို့၊ အထီးကျန်နိုင်ငံဖြစ်ဖို့၊ အနောက်အုပ်စုရဲ့အလိုဆန္ဒအတိုင်း ပိတ်ဆို့မှုချမှတ်ဖို့ လိုလားနေသလား၊ ဒါဆိုရင် ထိုင်းအစိုးရသစ် ကိုယ်တိုင်စဉ်းစားဆုံးဖြတ်ရမှာဖြစ်တယ်"လို့လည်း ၎င်းက Facebook စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။

zawgyi version
ျမန္မာႏိုင္ငံကို အာဆီယံမိသားစုအသိုက္အဝန္းထဲမွ ဖယ္ထုတ္မယ့္အယူအဆကို လက္မခံႏိုင္ေၾကာင္း ထိုင္းအမ်ိဳးသားေထာက္လွမ္းေရးၫႊန္ၾကားေရးမႉးေဟာင္းေျပာ
ဂ်န္ဇက္ (NP News) - ဇြန္ ၂၄

ျမန္မာႏိုင္ငံကို အာဆီယံမိသားစုအသိုက္အဝန္းထဲမွ ဖယ္ထုတ္မယ့္ အယူအဆကို လက္မခံႏိုင္ေၾကာင္း ထိုင္းအမ်ိဳးသားေထာက္လွမ္းေရး ၫႊန္ၾကားေရးမႉးေဟာင္းျဖစ္သလို ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ေဟာင္း Nantiwat Samart ကထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ထိုင္းႏိုင္ငံမွာ ဇြန္လ ၁၉ ရက္ကက်င္းပတဲ့ ျမန္မာ့အေရးအလြတ္သေဘာေတြ႕ဆုံေဆြးေႏြးပြဲနဲ႔ပတ္သက္ၿပီး သေဘာထားကြဲလြဲမႈမ်ား၊ ေဝဖန္ျပစ္တင္မႈမ်ားထြက္ေပၚလာခဲ့ၿပီးေနာက္ ၎က အခုလိုျပန္လည္တုံ႔ျပန္လိုက္တာျဖစ္ပါတယ္။ ၎က "မင္းအမွားလုပ္သလိုမ်ိဳး ငါကိုအမွားလုပ္ရမယ္ဆိုၿပီး ခိုင္းေစလို႔မရဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ႏိုင္ငံတိုင္းဟာ ကိုယ္ပိုင္အခ်ဳပ္အျခာအာဏာရွိတယ္။ ဘယ္ႏိုင္ငံကိုမွ ၎တို႔ရဲ႕ကိုယ္ပိုင္စံႏႈန္းမ်ားနဲ႔ အကဲျဖတ္ျခင္းမျပဳရဘူး၊ အဲဒီလိုမ်ိဳး မဟုတ္ပါက ပဋိပကၡမ်ား နဲ႔ စစ္ပြဲမ်ား အဆုံးသတ္ႏိုင္မွာမဟုတ္ေတာ့ဘူး"လို႔ေျပာပါတယ္။

ထိုင္း နဲ႔ ျမန္မာနယ္စပ္ေဒသမွာတိုက္ပြဲျဖစ္ပြားမႈျမင့္တက္လာမယ္ဆိုရင္ နယ္စပ္ေဒသ စစ္ေဆးေရးဂိတ္မ်ားကို ပိတ္ရမယ့္အေျခအေနမ်ိဳးမ်ားရွိလာႏိုင္ၿပီး ႏွစ္ႏိုင္ငံနယ္စပ္တစ္ေလွ်ာက္ကုန္သြယ္ေရးကို သက္ ေရာက္မႈမ်ားရွိလာႏိုင္ကာ ထိုင္းျပည္သူမ်ားအေပၚ သက္ေရာက္မႈမ်ားစြာရွိလာႏိုင္ေၾကာင္း ၎ကေျပာပါတယ္။ ထိုင္း နဲ႔ ျမန္မာႏိုင္ငံတို႔ဟာ နယ္စပ္ေဒသခ်င္းထိစပ္ေနတဲ့ ႏိုင္ငံျဖစ္တဲ့အတြက္ တစ္ႏိုင္ငံ နဲ႔ တစ္ႏိုင္ငံေဝးကြာတဲ့ပုံစံမ်ိဳးနဲ႔ရပ္တည္လို႔မရဘဲ အတူရွင္သန္ေနထိုင္ရမွာျဖစ္ၿပီး မိတ္ေဆြေတြကို ရန္သူေတြျဖစ္ေအာင္တြန္းမပို႔ေစလိုေၾကာင္း၊ ထိုင္းအမ်ိဳးသားေထာက္လွမ္းေရး ၫႊန္ၾကားေရးမႉးေဟာင္းကေျပာပါတယ္။

ထိုင္းႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပခဲ့တဲ့ ျမန္မာ့အေရးအလြတ္သေဘာေတြ႕ဆုံေဆြးေႏြးပြဲကို ျမန္မာႏိုင္ငံရဲ႕အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္တဲ့ အိႏၵိယ၊ တ႐ုတ္၊ ထိုင္း တို႔အပါအဝင္ ႏိုင္ငံေပါင္း (၉)ႏိုင္ငံတက္ေရာက္ခဲ့ေၾကာင္းသိရပါတယ္။ အဲဒီအစည္းအေဝးဟာ ျမန္မာႏိုင္ငံကို အာဆီယံမိသားစုအသိုက္ဝန္းထဲ ျပန္လည္ေရာက္ရွိေစေအာင္ ျမန္မာႏိုင္ငံေရးျပႆနာကို ေျဖရွင္းႏိုင္ဖို႔ကူညီေပးေရးအတြက္ နည္းလမ္းရွာတဲ့ အစည္းအေဝးမ်ိဳးျဖစ္ေၾကာင္း ၎ကေျပာပါတယ္။

၎က "မၾကာခင္ျဖစ္လာမယ့္ ထိုင္းအစိုးရအဖြဲ႕သစ္ဟာ ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး ဒီလိုမ်ိဳးခ်ဥ္းကပ္မႈကို မႀကိဳက္ႏွစ္သက္ဘူးလား၊ ျမန္မာႏိုင္ငံ နဲ႔ အျပဳသေဘာေဆာင္တဲ့ ဆက္ဆံေရးကိုမလိုလားဘူးလား၊ထိုင္းအစိုးရအဖြဲ႕အသစ္ဟာ ျမန္မာႏိုင္ငံကို ဖိအားေပးဖို႔၊ အထီးက်န္ႏိုင္ငံျဖစ္ဖို႔၊ အေနာက္အုပ္စုရဲ႕အလိုဆႏၵအတိုင္း ပိတ္ဆို႔မႈခ်မွတ္ဖို႔ လိုလားေနသလား၊ ဒါဆိုရင္ ထိုင္းအစိုးရသစ္ ကိုယ္တိုင္စဥ္းစားဆုံးျဖတ္ရမွာျဖစ္တယ္"လို႔လည္း ၎က Facebook စာမ်က္ႏွာမွာေရးသားေဖာ္ျပခဲ့ပါတယ္။

Picture

Reep tape

26/06/2023 15:12

ဖျင်သာခံလိုက်ပေတော့ 🤣

Related news

© 2021. All rights reserved.