လက်နက်ခဲယမ်းနှင့်အတူ ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်(၂)ဦးအား ဆုကြေးငွေကျပ် သိန်း(၄ဝ)ပေးအပ်

 2956

Pearl (NP News) - ဇွန် ၂၄

လက်နက်ခဲယမ်းနှင့်အတူ ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင် (၂)ဦးအား ဆုကြေးငွေကျပ် သိန်းလေးဆယ် ပေးအပ်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

နစကမှ ယမန်နေ့ (ဇွန်လ ၂၃ ရက်)၊ ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းမှ PDF အဖွဲ့ဝင်အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၁) ဦးတို့သည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

အဆိုပါဝင်ရောက်လာသူ(၂)ဦးအား ပြန်လည်လက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲ ပြောင်းပေးအပ်ခြင်းကို ဇွန်လ (၂၃)ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ အောင်ငြိမ်းအေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်းတို့နှင့်အတူပါလာသည့် ပစ္စတိုသေနတ် နှစ်လက်အား တာဝန်ရှိသူများထံ အပ်နှံခဲ့ပြီး အဆိုပါ ပစ္စတိုနှစ်လက်အတွက် ဆုကြေးငွေကျပ်သိန်းလေးဆယ်နှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း နစကမှ ဆိုသည်။

ထိုသို့ပေးအပ်ခဲ့ပြီးနောက် ၎င်းတို့ (၂)ဦးအား ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ် ထိန်းသူများထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ် ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများအား ပေးအပ်သွားမည်ဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားပြီးဖြစ်သည်။

zawgyi version
လက္နက္ခဲယမ္းႏွင့္အတူ ဥပေဒေဘာင္အတြင္းဝင္ေရာက္လာေသာ PDF အဖြဲ႕ဝင္ (၂)ဦးအား ဆုေၾကးေငြက်ပ္ သိန္း(၄ဝ) ေပးအပ္

Pearl (NP News) - ဇြန္ ၂၄

လက္နက္ခဲယမ္းႏွင့္အတူ ဥပေဒေဘာင္အတြင္းဝင္ေရာက္လာေသာ PDF အဖြဲ႕ဝင္ (၂)ဦးအား ဆုေၾကးေငြက်ပ္ သိန္းေလးဆယ္ ေပးအပ္ခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

နစကမွ ယမန္ေန႔ (ဇြန္လ ၂၃ ရက္)၊ ညပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။

ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းမွ PDF အဖြဲ႕ဝင္အမ်ိဳးသား (၁) ဦးႏွင့္ အမ်ိဳးသမီး (၁) ဦးတို႔သည္ လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္လာခဲ့ေၾကာင္း သိရသည္။

အဆိုပါဝင္ေရာက္လာသူ(၂)ဦးအား ျပန္လည္လက္ခံ၍ ၎တို႔၏ မိဘအုပ္ထိန္းသူမ်ားထံ ျပန္လည္လႊဲ ေျပာင္းေပးအပ္ျခင္းကို ဇြန္လ (၂၃)ရက္၊ နံနက္ပိုင္းတြင္ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ရွိ ေအာင္ၿငိမ္းေအးခန္းမ၌ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ၎တို႔ႏွင့္အတူပါလာသည့္ ပစၥတိုေသနတ္ ႏွစ္လက္အား တာဝန္ရွိသူမ်ားထံ အပ္ႏွံခဲ့ၿပီး အဆိုပါ ပစၥတိုႏွစ္လက္အတြက္ ဆုေၾကးေငြက်ပ္သိန္းေလးဆယ္ႏွင့္ ေထာက္ပံ့ပစၥည္းမ်ားကို ေပးအပ္ခဲ့ေၾကာင္း နစကမွ ဆိုသည္။

ထိုသို႔ေပးအပ္ခဲ့ၿပီးေနာက္ ၎တို႔ (၂)ဦးအား ဝန္ခံကတိလက္မွတ္ေရးထိုးေစကာ ၎တို႔၏ မိဘအုပ္ ထိန္းသူမ်ားထံသို႔ လႊဲေျပာင္းေပးခဲ့ေၾကာင္း သိရသည္။

ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္လိုသူမ်ားအေနျဖင့္ နီးစပ္ရာခ႐ိုင္၊ ၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား၊ တပ္စခန္းမ်ားႏွင့္ ရဲစခန္းမ်ားသို႔ ဆက္သြယ္သတင္းေပးပို႔လာပါက ႀကိဳဆိုလက္ခံေပးသြားမည္ျဖစ္ ေၾကာင္းႏွင့္ လက္နက္/ခဲယမ္းမ်ားအတြက္ ဆုေၾကးေငြမ်ားအား ေပးအပ္သြားမည္ျဖစ္ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားၿပီးျဖစ္သည္။

Related news

© 2021. All rights reserved.