မုံရွာမြို့နယ်တွင် အသက်(၂ဝ)အရွယ်အမျိုးသားတစ်ဦးကို PDF အဖွဲ့မှ သေနတ်ဖြင့်ပစ်သတ်ခဲ့ဟု ရဲတပ်ဖွဲ့ဆို

 810

NP News - ဇွန် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် အသက်(၂ဝ)အရွယ် အမျိုးသားတစ်ဦးအား PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်ထွက်ပြေးသွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သော (ဇွန်လ ၂၁ ရက်)၊ နံနက် ၁ဝ နာရီ ၄ဝ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြဝတီရပ်ကွက်၊ သီတာလမ်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သေဆုံးသူအမျိုးသားသည် အဆိုပါလမ်းရှိ ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အမျိုးသား(၂)ဦးက ဆိုင်ကယ်(၁)စီးဖြင့်ရောက်ရှိလာကာ သေနတ်ဖြင့်ပစ်သတ်ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောဆိုထားသည်။

ထိုသို့ ပစ်သတ်ခံရမှုကြောင့် ကိုနှင်းဆီ(၂ဝ)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

zawgyi version
မုံ႐ြာၿမိဳ႕နယ္တြင္ အသက္(၂ဝ)အ႐ြယ္အမ်ိဳးသားတစ္ဦးကို PDF အဖြဲ႕မွ ေသနတ္ျဖင့္ပစ္သတ္ခဲ့ဟု ရဲတပ္ဖြဲ႕ဆို

NP News - ဇြန္ ၂၄

စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံ႐ြာၿမိဳ႕နယ္တြင္ အသက္(၂ဝ)အ႐ြယ္ အမ်ိဳးသားတစ္ဦးအား PDF အဖြဲ႕မွ ေသနတ္ျဖင့္ ပစ္သတ္ထြက္ေျပးသြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

ၿပီးခဲ့ေသာ (ဇြန္လ ၂၁ ရက္)၊ နံနက္ ၁ဝ နာရီ ၄ဝ မိနစ္အခ်ိန္တြင္ စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕နယ္၊ ျမဝတီရပ္ကြက္၊ သီတာလမ္း၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ေသဆုံးသူအမ်ိဳးသားသည္ အဆိုပါလမ္းရွိ ၎၏ေနအိမ္၌ရွိေနစဥ္ PDF အမ်ိဳးသား(၂)ဦးက ဆိုင္ကယ္(၁)စီးျဖင့္ေရာက္ရွိလာကာ ေသနတ္ျဖင့္ပစ္သတ္ထြက္ေျပးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ေျပာဆိုထားသည္။

ထိုသို႔ ပစ္သတ္ခံရမႈေၾကာင့္ ကိုႏွင္းဆီ(၂ဝ)ႏွစ္တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ပြားရာေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

အထက္ပါျဖစ္စဥ္ႏွင့္ပတ္သက္၍ အေၾကာင္းမဲ့လုပ္ႀကံသတ္ျဖတ္မႈက်ဴးလြန္ခဲ့သည့္ အၾကမ္းဖက္သမားမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.