နိုင်ငံခြားငွေကြေး ဈေးကစားသူနှင့် တရားမဝင်အရောင်းအဝယ်ပြုလုပ်သူ (၅ဝ)ကျော်ကို ဖော်ထုတ်အရေးယူထားကြောင်း ဗဟိုဘဏ်ထုတ်ပြန်

 1691

NP News - ဇွန် ၂၄

နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကစားသူများ၊ တရားမဝင်နိုင်ငံခြားငွေရောင်းဝယ်သူများနှင့် တရားမဝင်နိုင်ငံခြားငွေလွှဲပြောင်းသူများကို ‌‌ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ဖော်ထုတ်အရေးယူလျက်ရှိရာ ရန်ကုန်နှင့် မန္တလေးမြို့များတွင် လူပုဂ္ဂိုလ် (၅ဝ)ကျော်နှင့် ကုမ္ပဏီများအား အရေးယူရန် ဆောင်ရွက်နေကြောင်း ဗဟိုဘဏ်က ယမန်နေ့ (ဇွန်လ ၂၃) ရက်တွင် ထုတ်ပြန်ထားသည်။

ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်နှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် မရှိဘဲ ငွေလွှဲလုပ် ငန်းဆောင်ရွက်ကြောင်း သံသယဖြစ်ဖွယ်အထောက်အထားများကို စစ်ဆေးတွေ့ရှိရသည့် လူပုဂ္ဂိုလ် (၅၁) ဦးနှင့် ကုမ္ပဏီ (၁) ခုအား လည်းကောင်း၊ အင်တာနက်နှင့် ဆိုရှယ်မီဒီယာများပေါ်ရှိ အွန်လိုင်းလောင်းကစားခြင်းများအတွက် တရားမဝင်ငွေလွှဲခြင်း၊ ငွေလွှဲလက်ခံခြင်းများဆောင်ရွက်ခဲ့ကြောင်း သံသယဖြစ်ဖွယ် အထောက်အထားများကို စစ်ဆေးတွေ့ရှိရသည့် လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီ (၂) ခုအားလည်းကောင်း သက်ဆိုင်ရာဥပဒေများနှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထို့ပြင် မန္တလေးမြို့ပေါ်ရှိ ရွှေဆိုင်များနှင့် ရွှေသန့်စင်လုပ်ငန်းအချို့ကို သွားရောက်စစ်ဆေးခဲ့ပြီး ပြည်ပနှင့် တရားမဝင်‌နိုင်ငံခြားငွေလွှဲပို့ခြင်းလုပ်ငန်းများဆောင်ရွက်ကြောင်း သံသယ ဖြစ်ဖွယ်အထောက်အထားများကို စစ်ဆေးတွေ့ရှိရသဖြင့် သက်ဆိုင်ရာဥပဒေများနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ အရေးယူဆောင်ရွက်ခြင်းများအပြင် နိုင်ငံခြားငွေလဲလှယ်နှုန်းဈေးကစားပြီး မဟုတ်မမှန်သောနည်းလမ်းဖြင့် အကျိုးအမြတ် ရယူရန်ဆောင်ရွက်ခြင်း၊ တရားမဝင်နိုင်ငံခြားငွေ လဲလှယ်ခြင်း၊ တရားမဝင် ငွေလွှဲလုပ်ငန်းဆောင်ရွက်ခြင်းတို့ကို ဆက်လက်ရှာဖွေဖော်ထုတ်ကာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့်ဆက်စပ်ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူသွားမည်ဖြစ် ကြောင်းသိရသည်။

ယခုရက်ပိုင်းအတွင်း ပြင်ပနိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်အတွင်း၌လည်း ဖမ်းဆီးစစ်ဆေးခံရမှုများရှိနေကြောင်း ပြင်ပအရောင်းအဝယ်အသိုင်းအဝိုင်းမှသိရှိရကာ ယင်းအခြေအနေကြောင့် ဒေါ်လာအရောင်း အဝယ်များရပ်တန့်နေကြောင်းဈေးကွက်အတွင်းမှ သိရသည်။

zawgyi version
ႏိုင္ငံျခားေငြေၾကး ေဈးကစားသူႏွင့္ တရားမဝင္အေရာင္းအဝယ္ျပဳလုပ္သူ (၅ဝ)ေက်ာ္ကို ေဖာ္ထုတ္အေရးယူထားေၾကာင္း ဗဟိုဘဏ္ထုတ္ျပန္
NP News - ဇြန္ ၂၄

ႏိုင္ငံျခားေငြလဲလွယ္ႏႈန္း ေဈးကစားသူမ်ား၊ တရားမဝင္ႏိုင္ငံျခားေငြေရာင္းဝယ္သူမ်ားႏွင့္ တရားမဝင္ႏိုင္ငံျခားေငြလႊဲေျပာင္းသူမ်ားကို ‌‌ေ႐ႊႏွင့္ ေငြေၾကးေဈးကြက္ ေစာင့္ၾကည့္ထိန္းသိမ္းၾကပ္မတ္ေရးလုပ္ငန္းေကာ္မတီ၏ ႀကီးၾကပ္မႈျဖင့္ ေဖာ္ထုတ္အေရးယူလ်က္ရွိရာ ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕မ်ားတြင္ လူပုဂၢိဳလ္ (၅ဝ)ေက်ာ္ႏွင့္ ကုမၸဏီမ်ားအား အေရးယူရန္ ေဆာင္႐ြက္ေနေၾကာင္း ဗဟိုဘဏ္က ယမန္ေန႔ (ဇြန္လ ၂၃) ရက္တြင္ ထုတ္ျပန္ထားသည္။

ျပည္ပေငြလႊဲလုပ္ငန္းလိုင္စင္ႏွင့္ မိုဘိုင္းေငြေရးေၾကးေရးဝန္ေဆာင္မႈလုပ္ငန္းလိုင္စင္ မရွိဘဲ ေငြလႊဲလုပ္ ငန္းေဆာင္႐ြက္ေၾကာင္း သံသယျဖစ္ဖြယ္အေထာက္အထားမ်ားကို စစ္ေဆးေတြ႕ရွိရသည့္ လူပုဂၢိဳလ္ (၅၁) ဦးႏွင့္ ကုမၸဏီ (၁) ခုအား လည္းေကာင္း၊ အင္တာနက္ႏွင့္ ဆိုရွယ္မီဒီယာမ်ားေပၚရွိ အြန္လိုင္းေလာင္းကစားျခင္းမ်ားအတြက္ တရားမဝင္ေငြလႊဲျခင္း၊ ေငြလႊဲလက္ခံျခင္းမ်ားေဆာင္႐ြက္ခဲ့ေၾကာင္း သံသယျဖစ္ဖြယ္ အေထာက္အထားမ်ားကို စစ္ေဆးေတြ႕ရွိရသည့္ လူပုဂၢိဳလ္မ်ားႏွင့္ ကုမၸဏီ (၂) ခုအားလည္းေကာင္း သက္ဆိုင္ရာဥပေဒမ်ားႏွင့္အညီ အေရးယူႏိုင္ေရးေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။

ထို႔ျပင္ မႏၲေလးၿမိဳ႕ေပၚရွိ ေ႐ႊဆိုင္မ်ားႏွင့္ ေ႐ႊသန႔္စင္လုပ္ငန္းအခ်ိဳ႕ကို သြားေရာက္စစ္ေဆးခဲ့ၿပီး ျပည္ပႏွင့္ တရားမဝင္‌ႏိုင္ငံျခားေငြလႊဲပို႔ျခင္းလုပ္ငန္းမ်ားေဆာင္႐ြက္ေၾကာင္း သံသယ ျဖစ္ဖြယ္အေထာက္အထားမ်ားကို စစ္ေဆးေတြ႕ရွိရသျဖင့္ သက္ဆိုင္ရာဥပေဒမ်ားႏွင့္အညီ အေရးယူႏိုင္ေရး ေဆာင္႐ြက္ေနေၾကာင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ယင္းကဲ့သို႔ အေရးယူေဆာင္႐ြက္ျခင္းမ်ားအျပင္ ႏိုင္ငံျခားေငြလဲလွယ္ႏႈန္းေဈးကစားၿပီး မဟုတ္မမွန္ေသာနည္းလမ္းျဖင့္ အက်ိဳးအျမတ္ ရယူရန္ေဆာင္႐ြက္ျခင္း၊ တရားမဝင္ႏိုင္ငံျခားေငြ လဲလွယ္ျခင္း၊ တရားမဝင္ ေငြလႊဲလုပ္ငန္းေဆာင္႐ြက္ျခင္းတို႔ကို ဆက္လက္ရွာေဖြေဖာ္ထုတ္ကာ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဥပေဒ၊ ႏိုင္ငံျခားသုံးေငြစီမံခန႔္ခြဲမႈဥပေဒႏွင့္ဆက္စပ္ျပ႒ာန္းခ်က္မ်ားႏွင့္အညီ အေရးယူသြားမည္ျဖစ္ ေၾကာင္းသိရသည္။

ယခုရက္ပိုင္းအတြင္း ျပင္ပႏိုင္ငံျခားေငြလဲလွယ္ေရးေဈးကြက္အတြင္း၌လည္း ဖမ္းဆီးစစ္ေဆးခံရမႈမ်ားရွိေနေၾကာင္း ျပင္ပအေရာင္းအဝယ္အသိုင္းအဝိုင္းမွသိရွိရကာ ယင္းအေျခအေနေၾကာင့္ ေဒၚလာအေရာင္း အဝယ္မ်ားရပ္တန္႔ေနေၾကာင္းေဈးကြက္အတြင္းမွ သိရသည္။

Picture

My Mine

24/06/2023 21:22

လင် ယောကျ်ားတွေကို အရမ်းနိုင်ပြီး ချမ်းသာနေသူတွေရယ်...အရွယ်ရောက်သားသမီးများပြီး မိန်းမဦးစီးသောအိမ်တွေ...ဂရုစိုက်ကြပါ...မိန်းမဝါဒီ..ယောကျ်ားအထင်သေးဝါဒီတွေနဲ့ အရမ်းနာမည်ကြီးချင်သူ..ပါးစပ်စည်းမရှိသူတေ့...ဂရုစိုက်

Related news

© 2021. All rights reserved.