လာမည့် သြဂုတ်လ(၁)ရက်မှစ၍ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် ဘဏ်စနစ်ဖြင့် ဆောင်ရွက်ခြင်းကို စတင်ကျင့်သုံးမည်

 598

ယွန်း (NP News) - ဇွန် ၂၄

၂ဝ၂၃ ခုနှစ်၊ သြဂုတ်လ(၁)ရက်မှစ၍ မြန်မာ- တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် ဘဏ်စနစ်ဖြင့် ဆောင်ရွက်ခြင်းကို စတင်ကျင့်သုံးမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်‌ရေးဦးစီးဌာနက ဇွန်လ(၂၃)ရက်တွင် အထက်ပါကဲ့သို့ အသိပေး ထုတ်ပြန်ထားခြင်းဖြစ်သည်။

နယ်စပ်ကုန်သွယ်ရေးတွင် ဘဏ်စနစ်ဖြင့်ဆောင်ရွက်ခြင်းကို ကနဦးအနေဖြင့် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး၌ ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁)ရက်၌ စတင်ကျင့်သုံးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာ၌ သွင်းကုန်ပစ္စည်းတင်သွင်းမှုအတွက် တစ်ဖက်နိုင်ငံသို့ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့်ဝင်ငွေ အပါအဝင် အခြားဝင်ငွေများ နှင့် ပြည်တွင်းဘဏ်မှဖြစ်စေ ဝယ်ယူထားသော ငွေစာရင်းလက်ကျန် (ယွမ်ငွေ)ကို အသုံးပြုတင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သွင်းကုန်တင်သွင်းသူများအနေဖြင့် အဆိုပါရငွေကို အသုံးပြုကာ သက်ဆိုင်ရာဘဏ်များမှ တဆင့် သွင်းကုန်အတွက် ငွေပေးချေမှုများကို ပေး‌ချေဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာ-တရုတ်ကုန်သွယ်မှုများ ဆောင်ရွက်ရာ၌ ကုန်စည်တင်သွင်းမှုအတွက် ကုန်သွယ်ရေးဦးစီးဌာနသည် သွင်းကုန်တင်သွင်းလိုသည့် ကုမ္ပဏီက တင်ပြလာသော ပို့ကုန်မှရရှိသည့်ဝင်ငွေ(သို့မဟုတ်) အခြားဝင်ငွေဝင်ရောက်မှု(သို့မဟုတ်) ပြည်တွင်းဘဏ်မှဝယ်ယူထားမှု ပမာဏတို့ကို စိစစ်၍ ဘဏ်ငွေစာရင်းလက်ကျန်ပမာဏထက် မကျော်လွန်ဘဲ သွင်းကုန်လိုင်စင် ခွင့်ပြုထုတ်ပေးမည်ဖြစ်သည်။

ထိုသို့ဆောင်ရွက်ရာ၌ သြဂုတ်လ(၃ဝ)ရက်အထိ ကာလအတွင်း လျှောက်ထားပြီးဖြစ်သည့် သွင်းကုန်လိုင်စင်လျှောက်ထားမှုများမှာ အကျုံးမဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သြဂုတ်လ(၃ဝ)ရက်မတိုင်မီ ထုတ်ပေးပြီးဖြစ်သည့် သွင်းကုန်လိုင်စင်များဖြင့် ကုန်ပစ္စည်းတင်သွင်းမှုကို သြဂုတ်လ(၃၁)ရက်မတိုင်မီ ပြီးပြတ်အောင် တင်သွင်းရန်နှင့် အဆိုပါသတ်မှတ်ကာလအတွင်း တင်သွင်းနိုင်ခြင်းမရှိပါက သွင်းကုန်လိုင်စင်ပျက်ပြယ်မည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ဆိုထားသည်။

ထိုသို့ တင်သွင်းခွင့်ပြုရာတွင် ပို့ကုန်မှရသည့်ဝင်ငွေ၊ အခြားဝင်ငွေဝင်ရောက်မှုများနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက် နောက်ပိုင်းဝင်ရောက်သည့် ငွေကိုသာ အသုံးပြုဆောင်ရွက်ခွင့်ပြုမည်ဖြစ် ကြောင်း သိရသည်။

ထို့ပြင် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန်တင်ပို့သည့် ကုမ္ပဏီသည် ရရှိသည့်ပိုကုန်ဝင်ငွေကို ကိုယ်တိုင်သွင်းကုန်တင်သွင်းခြင်းဖြစ်စေ၊ အခြားကုမ္ပဏီတစ်ခုခုသို့ လွှဲပြောင်းပေး၍ သွင်းကုန်တင်သွင်းခြင်းကိုဖြစ်စေ ဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ပို့ကုန်မှရရှိသည့် ဝင်ငွေကိုအသုံးပြုပြီး သွင်းကုန်တင်သွင်းရာ၌ မြန်မာ-တရုတ် နယ်စပ်ကုန် သွယ်ရေးစခန်းတစ်ခုခုမှ အခြားတစ်ခုခုသို့ လွှဲပြောင်း သုံးစွဲနိုင်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

zawgyi version
လာမည့္ ၾသဂုတ္လ(၁)ရက္မွစ၍ ျမန္မာ-တ႐ုတ္နယ္စပ္ကုန္သြယ္ေရးတြင္ ဘဏ္စနစ္ျဖင့္ ေဆာင္႐ြက္ျခင္းကို စတင္က်င့္သုံးမည္

ယြန္း (NP News) - ဇြန္ ၂၄

၂ဝ၂၃ ခုႏွစ္၊ ၾသဂုတ္လ(၁)ရက္မွစ၍ ျမန္မာ- တ႐ုတ္နယ္စပ္ကုန္သြယ္ေရးတြင္ ဘဏ္စနစ္ျဖင့္ ေဆာင္႐ြက္ျခင္းကို စတင္က်င့္သုံးမည္ျဖစ္ေၾကာင္း ကုန္သြယ္ေရးဦးစီးဌာနက ထုတ္ျပန္ထားသည္။

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ကုန္သြယ္‌ေရးဦးစီးဌာနက ဇြန္လ(၂၃)ရက္တြင္ အထက္ပါကဲ့သို႔ အသိေပး ထုတ္ျပန္ထားျခင္းျဖစ္သည္။

နယ္စပ္ကုန္သြယ္ေရးတြင္ ဘဏ္စနစ္ျဖင့္ေဆာင္႐ြက္ျခင္းကို ကနဦးအေနျဖင့္ ျမန္မာ-ထိုင္းနယ္စပ္ကုန္သြယ္ေရး၌ ၂ဝ၂၂ ခုႏွစ္၊ ႏိုဝင္ဘာလ(၁)ရက္၌ စတင္က်င့္သုံးခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ေဆာင္႐ြက္ရာ၌ သြင္းကုန္ပစၥည္းတင္သြင္းမႈအတြက္ တစ္ဖက္ႏိုင္ငံသို႔ပို႔ကုန္တင္ပို႔ျခင္းမွ ရရွိသည့္ဝင္ေငြ အပါအဝင္ အျခားဝင္ေငြမ်ား ႏွင့္ ျပည္တြင္းဘဏ္မွျဖစ္ေစ ဝယ္ယူထားေသာ ေငြစာရင္းလက္က်န္ (ယြမ္ေငြ)ကို အသုံးျပဳတင္သြင္းခြင့္ျပဳမည္ ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ သြင္းကုန္တင္သြင္းသူမ်ားအေနျဖင့္ အဆိုပါရေငြကို အသုံးျပဳကာ သက္ဆိုင္ရာဘဏ္မ်ားမွ တဆင့္ သြင္းကုန္အတြက္ ေငြေပးေခ်မႈမ်ားကို ေပး‌ေခ်ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

ျမန္မာ-တ႐ုတ္ကုန္သြယ္မႈမ်ား ေဆာင္႐ြက္ရာ၌ ကုန္စည္တင္သြင္းမႈအတြက္ ကုန္သြယ္ေရးဦးစီးဌာနသည္ သြင္းကုန္တင္သြင္းလိုသည့္ ကုမၸဏီက တင္ျပလာေသာ ပို႔ကုန္မွရရွိသည့္ဝင္ေငြ(သို႔မဟုတ္) အျခားဝင္ေငြဝင္ေရာက္မႈ(သို႔မဟုတ္) ျပည္တြင္းဘဏ္မွဝယ္ယူထားမႈ ပမာဏတို႔ကို စိစစ္၍ ဘဏ္ေငြစာရင္းလက္က်န္ပမာဏထက္ မေက်ာ္လြန္ဘဲ သြင္းကုန္လိုင္စင္ ခြင့္ျပဳထုတ္ေပးမည္ျဖစ္သည္။

ထိုသို႔ေဆာင္႐ြက္ရာ၌ ၾသဂုတ္လ(၃ဝ)ရက္အထိ ကာလအတြင္း ေလွ်ာက္ထားၿပီးျဖစ္သည့္ သြင္းကုန္လိုင္စင္ေလွ်ာက္ထားမႈမ်ားမွာ အက်ဳံးမဝင္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ၾသဂုတ္လ(၃ဝ)ရက္မတိုင္မီ ထုတ္ေပးၿပီးျဖစ္သည့္ သြင္းကုန္လိုင္စင္မ်ားျဖင့္ ကုန္ပစၥည္းတင္သြင္းမႈကို ၾသဂုတ္လ(၃၁)ရက္မတိုင္မီ ၿပီးျပတ္ေအာင္ တင္သြင္းရန္ႏွင့္ အဆိုပါသတ္မွတ္ကာလအတြင္း တင္သြင္းႏိုင္ျခင္းမရွိပါက သြင္းကုန္လိုင္စင္ပ်က္ျပယ္မည္ျဖစ္ေၾကာင္း ကုန္သြယ္ေရးဦးစီးဌာနက ဆိုထားသည္။

ထိုသို႔ တင္သြင္းခြင့္ျပဳရာတြင္ ပို႔ကုန္မွရသည့္ဝင္ေငြ၊ အျခားဝင္ေငြဝင္ေရာက္မႈမ်ားႏွင့္ပတ္သက္၍ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၁)ရက္ ေနာက္ပိုင္းဝင္ေရာက္သည့္ ေငြကိုသာ အသုံးျပဳေဆာင္႐ြက္ခြင့္ျပဳမည္ျဖစ္ ေၾကာင္း သိရသည္။

ထို႔ျပင္ ျမန္မာ-တ႐ုတ္ နယ္စပ္ကုန္သြယ္ေရးတြင္ ပို႔ကုန္တင္ပို႔သည့္ ကုမၸဏီသည္ ရရွိသည့္ပိုကုန္ဝင္ေငြကို ကိုယ္တိုင္သြင္းကုန္တင္သြင္းျခင္းျဖစ္ေစ၊ အျခားကုမၸဏီတစ္ခုခုသို႔ လႊဲေျပာင္းေပး၍ သြင္းကုန္တင္သြင္းျခင္းကိုျဖစ္ေစ ေဆာင္႐ြက္ႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါ ပို႔ကုန္မွရရွိသည့္ ဝင္ေငြကိုအသုံးျပဳၿပီး သြင္းကုန္တင္သြင္းရာ၌ ျမန္မာ-တ႐ုတ္ နယ္စပ္ကုန္ သြယ္ေရးစခန္းတစ္ခုခုမွ အျခားတစ္ခုခုသို႔ လႊဲေျပာင္း သုံးစြဲႏိုင္ေၾကာင္း ကုန္သြယ္ေရးဦးစီးဌာနက ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.