NCA လက်မှတ်ထိုးထားသော EAO (၅)ဖွဲ့နှင့် နစက၏ NSPNC တို့ ဇွန်လ(၂၆)ရက်မှစ၍ (၃)ရက်ကြာ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးမည်

 2531

မျိုးကြီး (NP News) - ဇွန် ၂၄

NCA လက်မှတ်ထိုးထားသော EAO (၅)ဖွဲ့နှင့် နစက၏ NSPNC တို့သည် လာမည့် ဇွန်လ (၂၆)ရက်မှစ၍ (၃)ရက်ကြာ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော NSPNC နှင့် NCA လက်မှတ်ရေးထိုးထားသော KNU/KNLA-PC၊ ALP၊ LDU၊ PNLO၊ DKBA လက်နက်ကိုင်အဖွဲ့(၅)ဖွဲ့တို့သည် ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ ဆွေး နွေးကြမည်ဖြစ်သည်။

“NSPNC က ကျွန်တော်တို့ကို ဖိတ်ခေါ်ထားတဲ့ တွေ့ဆုံဆွေးနွေးပွဲကို (၇)ဖွဲ့ထဲက (၅)ဖွဲ့ကတော့ အတူတူသွားကြဖို့ သဘောတူတယ်။ သို့သော်လည်းပဲ ကျန်တဲ့ (၂)ဖွဲ့ပေါ့လေ NMSP နဲ့ RCSS ကတော့ သူတို့အဖွဲ့ရဲ့ လက်ရှိ ပကတိအခြေအနေအရပေါ့လေ။ တစ်စုတစ်စည်းထဲ သွားဖို့က အဆင်သင့်မဖြစ်သေးဘူး။ ဒါကြောင့်မို့ သူတို့အနေနဲ့ တစ်ဖွဲ့ချင်းစီပဲ သွားရောက်တွေ့ဆုံဖို့ဆိုတဲ့ သဘောတူညီချက်အတိုင်းပဲပေါ့လေ။ လာမယ့် ဇွန်လ ၂၆၊ ၂၇၊ ၂၈ ရက်မှာ ကျွန်တော်တို့အဖွဲ့ကတော့ စတင်ပြီးတော့ သွားရောက်တွေ့ဆုံဆွေး နွေးဖို့ ပြင်ဆင်ထားတာရှိပါတယ်”ဟု KNU/KNLA-PC မှ ဗိုလ်မှူးကြီးစောကျော်ညွန့်က NP News ကို ပြောသည်။

ပြီးခဲ့သော ဇွန်လ ၁၇ ရက်၌ NCA လက်မှတ်ရေးထိုးထားသော EAO (၇)ဖွဲ့သည် မျက်နှာစုံအစည်းအဝေး ပြုလုပ်ခဲ့ကြောင်းသိရပြီး ၎င်းအစည်းအဝေး၌ NSPNC က ဖိတ်ကြားထားမှုအပေါ် ပထမဦးစွာ EAO (၅)ဖွဲ့မှ တက်ရောက်ဆွေးနွေးရန် သဘောတူညီခဲ့ကြောင်း သိရသည်။

“NSPNC က ကျွန်တော်တို့ကို အကြောင်းကြားစာရေးတဲ့အထဲမှာ တွေ့ဆုံဆွေးနွေးရန်ဆိုပြီးတော့ ကျွန် တော်တို့ကို အဲဒီလိုမျိုး အကြောင်းကြားထားတာရှိတယ်။ ဘာခေါင်းစဉ်တွေ၊ ဘာကိစ္စတွေ ဆွေးနွေးမယ်ဆိုတာတော့ ကျွန်တော်တို့လည်း အတိအကျတော့ မသိရသေးဘူးပေါ့လေ”ဟု ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲ၌ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးအကြောင်းအရာများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များနှင့် ဖက်ဒရယ်အခြေခံမူ (၂၃)ချက်တို့ကို ထည့်သွင်းဆွေးနွေးသွားရန် ပြင်ဆင်ထားကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

နစက၏ NSPNC နှင့် NCA လက်မှတ်ရေးထိုးထားသည့် EAO (၇)ဖွဲ့တို့သည် ပြီးခဲ့သည့် မတ်လကုန်ပိုင်းတွင်လည်း နေပြည်တော်၌ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ထားသည်။

zawgyi version
NCA လက္မွတ္ထိုးထားေသာ EAO (၅)ဖြဲ႕ႏွင့္ နစက၏ NSPNC တို႔ ဇြန္လ(၂၆)ရက္မွစ၍ (၃)ရက္ၾကာ ေနျပည္ေတာ္၌ ေတြ႕ဆုံေဆြးေႏြးမည္

မ်ိဳးႀကီး (NP News) - ဇြန္ ၂၄

NCA လက္မွတ္ထိုးထားေသာ EAO (၅)ဖြဲ႕ႏွင့္ နစက၏ NSPNC တို႔သည္ လာမည့္ ဇြန္လ (၂၆)ရက္မွစ၍ (၃)ရက္ၾကာ ေနျပည္ေတာ္၌ ေတြ႕ဆုံေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္ ဦးေဆာင္ေသာ NSPNC ႏွင့္ NCA လက္မွတ္ေရးထိုးထားေသာ KNU/KNLA-PC၊ ALP၊ LDU၊ PNLO၊ DKBA လက္နက္ကိုင္အဖြဲ႕(၅)ဖြဲ႕တို႔သည္ ဇြန္လ ၂၆ ရက္မွ ၂၈ ရက္အထိ ေဆြး ေႏြးၾကမည္ျဖစ္သည္။

“NSPNC က ကြၽန္ေတာ္တို႔ကို ဖိတ္ေခၚထားတဲ့ ေတြ႕ဆုံေဆြးေႏြးပြဲကို (၇)ဖြဲ႕ထဲက (၅)ဖြဲ႕ကေတာ့ အတူတူသြားၾကဖို႔ သေဘာတူတယ္။ သို႔ေသာ္လည္းပဲ က်န္တဲ့ (၂)ဖြဲ႕ေပါ့ေလ NMSP နဲ႔ RCSS ကေတာ့ သူတို႔အဖြဲ႕ရဲ႕ လက္ရွိ ပကတိအေျခအေနအရေပါ့ေလ။ တစ္စုတစ္စည္းထဲ သြားဖို႔က အဆင္သင့္မျဖစ္ေသးဘူး။ ဒါေၾကာင့္မို႔ သူတို႔အေနနဲ႔ တစ္ဖြဲ႕ခ်င္းစီပဲ သြားေရာက္ေတြ႕ဆုံဖို႔ဆိုတဲ့ သေဘာတူညီခ်က္အတိုင္းပဲေပါ့ေလ။ လာမယ့္ ဇြန္လ ၂၆၊ ၂၇၊ ၂၈ ရက္မွာ ကြၽန္ေတာ္တို႔အဖြဲ႕ကေတာ့ စတင္ၿပီးေတာ့ သြားေရာက္ေတြ႕ဆုံေဆြး ေႏြးဖို႔ ျပင္ဆင္ထားတာရွိပါတယ္”ဟု KNU/KNLA-PC မွ ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္က NP News ကို ေျပာသည္။

ၿပီးခဲ့ေသာ ဇြန္လ ၁၇ ရက္၌ NCA လက္မွတ္ေရးထိုးထားေသာ EAO (၇)ဖြဲ႕သည္ မ်က္ႏွာစုံအစည္းအေဝး ျပဳလုပ္ခဲ့ေၾကာင္းသိရၿပီး ၎အစည္းအေဝး၌ NSPNC က ဖိတ္ၾကားထားမႈအေပၚ ပထမဦးစြာ EAO (၅)ဖြဲ႕မွ တက္ေရာက္ေဆြးေႏြးရန္ သေဘာတူညီခဲ့ေၾကာင္း သိရသည္။

“NSPNC က ကြၽန္ေတာ္တို႔ကို အေၾကာင္းၾကားစာေရးတဲ့အထဲမွာ ေတြ႕ဆုံေဆြးေႏြးရန္ဆိုၿပီးေတာ့ ကြၽန္ ေတာ္တို႔ကို အဲဒီလိုမ်ိဳး အေၾကာင္းၾကားထားတာရွိတယ္။ ဘာေခါင္းစဥ္ေတြ၊ ဘာကိစၥေတြ ေဆြးေႏြးမယ္ဆိုတာေတာ့ ကြၽန္ေတာ္တို႔လည္း အတိအက်ေတာ့ မသိရေသးဘူးေပါ့ေလ”ဟု ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္က ေျပာသည္။

အဆိုပါေတြ႕ဆုံေဆြးေႏြးပြဲ၌ လူသားခ်င္းစာနာမႈဆိုင္ရာအကူအညီေပးေရးအေၾကာင္းအရာမ်ား၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ မ်ားႏွင့္ ဖက္ဒရယ္အေျခခံမူ (၂၃)ခ်က္တို႔ကို ထည့္သြင္းေဆြးေႏြးသြားရန္ ျပင္ဆင္ထားေၾကာင္းလည္း ၎က ဆက္လက္ေျပာဆိုထားသည္။

နစက၏ NSPNC ႏွင့္ NCA လက္မွတ္ေရးထိုးထားသည့္ EAO (၇)ဖြဲ႕တို႔သည္ ၿပီးခဲ့သည့္ မတ္လကုန္ပိုင္းတြင္လည္း ေနျပည္ေတာ္၌ အလြတ္သေဘာေတြ႕ဆုံေဆြးေႏြးမႈမ်ား ျပဳလုပ္ထားသည္။

Related news

© 2021. All rights reserved.