ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို PDF အဖွဲ့မှ မီးရှို့ဖျက်ဆီး

 842

NP News - ဇွန် ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို PDF အဖွဲ့မှ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သော (ဇွန်လ ၂၁ ရက်)၊ ည ၁၁ နာရီခွဲအချိန်တွင် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်သည် အဆိုပါရုံးအတွင်းသို့ PDF အဖွဲ့မှရောက်ရှိလာကာ ရုံးအားအကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ထို့နောက် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့တို့က အဆိုပါရုံးအား (၁)နာရီခန့်အကြာ မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထိုသို့ မီးရှို့ဖျက်ဆီးခံရမှုကြောင့် ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအတွင်းရှိ ဖိုင်တင်စင် ၂ခုနှင့် ရုံးသုံးစာရွက်စာတမ်းများ မီးလောင်ပျက်ဆီးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် နိုင်ငံပိုင်အဆောက်အဦးဖြစ်သော ထွေ/အုပ်ရုံးကို အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်း ဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
ကလိန္ေအာင္ၿမိဳ႕ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးကို PDF အဖြဲ႕မွ မီးရႈိ႕ဖ်က္ဆီး

NP News - ဇြန္ ၂၄

တနသၤာရီတိုင္းေဒသႀကီး၊ ေရျဖဴၿမိဳ႕နယ္၊ ကလိန္ေအာင္ၿမိဳ႕ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးကို PDF အဖြဲ႕မွ အေၾကာင္းမဲ့ မီးရႈိ႕ဖ်က္ဆီးသြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

ၿပီးခဲ့ေသာ (ဇြန္လ ၂၁ ရက္)၊ ည ၁၁ နာရီခြဲအခ်ိန္တြင္ တနသၤာရီတိုင္း၊ ေရျဖဴၿမိဳ႕နယ္၊ ကလိန္ေအာင္ၿမိဳ႕ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံး၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္သည္ အဆိုပါ႐ုံးအတြင္းသို႔ PDF အဖြဲ႕မွေရာက္ရွိလာကာ ႐ုံးအားအေၾကာင္းမဲ့ မီးရႈိ႕ဖ်က္ဆီးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

ထို႔ေနာက္ မီးေလာင္မႈျဖစ္ပြားခဲ့သျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕တို႔က အဆိုပါ႐ုံးအား (၁)နာရီခန႔္အၾကာ မီးျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

ထိုသို႔ မီးရႈိ႕ဖ်က္ဆီးခံရမႈေၾကာင့္ ကလိန္ေအာင္ၿမိဳ႕ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးအတြင္းရွိ ဖိုင္တင္စင္ ၂ခုႏွင့္ ႐ုံးသုံးစာ႐ြက္စာတမ္းမ်ား မီးေလာင္ပ်က္ဆီးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

လက္ရွိတြင္ ႏိုင္ငံပိုင္အေဆာက္အဦးျဖစ္ေသာ ေထြ/အုပ္႐ုံးကို အေၾကာင္းမဲ့မီးရႈိ႕ဖ်က္ဆီးခဲ့သည့္ အၾကမ္း ဖက္သမားမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.