တရုတ်ကို ပြန်ချင်တဲ့ ပန်းသီး (ဘာသာပြန်ဆောင်းပါး)

 1612

မောင်ဌေးအောင် (ကျောက်မဲ) (NP News) - ဇွန် ၂၄

အမေရိကန်နဲ့ တရုတ်အစိုးရတွေအကြားတင်းမာမှုတွေဟာ လွန်ခဲ့တဲ့လတွေမှာ အသည်းအသန် ပြင်းထန်လာနေပေမယ့် အဲဒီကိစ္စက အက်ပဲလ်တို့လို အမေရိကန်နည်းပညာကုမ္ပဏီကြီးတွေ တရုတ်ပြည် ပြန်လာအလုပ်လုပ်မှာကိုတော့ မတားဆီးနိုင်ပါ။ အခုပြောပြမယ့်ကိစ္စက အက်ပဲလ်ကုမ္ပဏီက တရုတ်အစိုးရကို ပြန်ချော့ဖို့ ကြိုးစားနေတဲ့ အကြောင်းပါ။ အထူးသဖြင့် အစိုးရနှစ်ရပ်အကြား တင်းမာမှုတွေ မြင့်မားနေတဲ့ ကာလမှာပေါ့။ ဘာဖြစ်လို့ ဒီလို ပြောရတာလည်းဆိုတော့ အက်ပဲလ်ရဲ့ စီအီးအို တင်ကွတ်ဟာ ဒီနှစ်မတ်လ ၂၃ ရက်က၊ ပီကင်းမှာ အစိုးရက ဦးစီးကျင်းပတဲ့ တရုတ်ဖွံ့ဖြိုးရေး ဖိုရမ်ဆိုတာကို တက်ရောက်ခဲ့လို့ပါ။ အဲဒီဖိုရမ်ကိုတက်ရောက်ရင်းနဲ့ တင်ကွတ်က တရုတ်အစိုးရ အရာရှိတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ သူက တရုတ်ပြည်ရဲ့ လျှင်မြန်လှတဲ့ တီထွင်ဖန်တီးမှုကို ချီးမွမ်းထောမနာပြုရင်း တရုတ်ပြည်နဲ့ အက်ပဲလ်ကုမ္ပဏီတို့ အကြားက နှစ်ပေါင်း ၃ဝ ရှည်ကြာခဲ့ပြီဖြစ်တဲ့ ဆက်ဆံ‌ရေးကို အမွှမ်းတင်ခဲ့ပါတယ်။ ကြည့်ရတာက အက်ပဲလ်ရဲ့ စီအီးအိုဟာ တရုတ်နိုင်ငံနဲ့ အပြန်အလှန်အကျိုးရှိတဲ့ ဆက်ဆံရေးကောင်းကို ဆက်လက်ထိန်းသိမ်းထားလိုပုံပါပဲ။ တကယ်တမ်းမှာတော့ တရုတ်ပြည်မကြီးထဲက အက်ပဲလ်ထုတ်ကုန်ရောင်းအား ၂ဝ ရာခိုင်နှုန်း ရှိတဲ့စျေးကွက် ၊ ထုတ်လုပ်ရေးမှာ ကုန်ကျစားရိတ် သက်သာမှုနဲ့ ကျွမ်းကျင်လုပ်သား ရရှိနိုင်မှုတို့က တကယ့် ဆွဲဆောင်မှုကြီးဖြစ်လို့ပါ။

တရုတ်အစိုးရ အလိုကျ လိုက်လျောပေးခဲ့မှုတွေ

မကြာသေးတဲ့ကာလ ၂ဝ၂၁ ခုနှစ်တုန်းက အက်ပဲလ်ဟာပီကင်းကိုစိတ်ပျက်သွားစေတဲ့ကြေညာချက် ထုတ်ခဲ့ပါသေးတယ်။ အဲဒါက သူ့ရဲ့ ထုတ်လုပ်ရေးစက်ရုံတွေကို တရုတ်အပေါ်မှီခိုနေရတာလျှော့ချပြီး အိန္ဒိယနဲ့ ဗီယက်နမ်တို့လို နိုင်ငံတွေဆီရွှေ့မယ်လို့ကြေညာခဲ့တာပါ။ အဲဒီလိုတရုတ်နဲ့ ဆက်ဆံ‌ရေး မကောင်းဖြစ်ခဲ့တာကို အက်ပဲလ်ကဆက်ပြီး ဆိုးရွားမသွားစေချင်တဲ့အတွက် တင်ကွတ်ကိုယ်တိုင် ပီကင်းအစည်းအဝေးလာတက်ရင်း မျက်နှာချို သွေးတာပါ။
တရုတ်အာဏာပိုင်တွေကို အက်ပဲလ်က ဒီလို မျက်နှာချိုသွေးတာမျိုးက ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ တရုတ်အစိုးရရဲ့ ဆင်ဆာဖြတ်မှုနဲ့ ဒေတာသိုလှောင်မှုတို့နဲ့ ပတ်သက်တဲ့ ဥပဒေကို လေးစား လိုက်နာပါ့မယ်လို့ အက်ပဲလ်က ကြေငြာခဲ့ဖူးပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်မှုကြောင့် အက်ပဲလ်ဟာ ဝေဖန်တာခံရပါတယ်။ လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ အက်ပဲလ်ဟာ သူ့ရဲ့ထုတ်ကုန်တွေကို ပီကင်းရဲ့အလိုကျ အပြောင်းအလဲလုပ်ပေးခဲ့ရပါတယ်။ ၂ဝ၂၂ ခုနှစ်အတွင်းက တရုတ်မှာရောင်းတဲ့ အိုင်ဖုန်းတွေမှာ အဲယားဒရော့ပ် airdrop feature အသုံးပြုမှုကို ကန့်သတ်ပေးခဲ့ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အစိုးရကို ဆန္ဒပြသူတွေက တရုတ် သမ္မတရှီကျင့်ဖျင်နဲ့ တရုတ်အစိုးကို ဆန့်ကျင်တဲ့ ပို့စ်တွေကို အဲယားဒရော့ပ် airdrop feature ကိုအသုံးပြုပြီး ဖြန့်ဝေကြလို့ပါ။ အဲယားဒရော့ပ် ဆိုတာက အက်ပဲလ်ထုတ်ကုန်တွေမှာပါဝင်တဲ့ ဓါတ်ပုံ၊ ဗီဒီယိုနဲ့ သတင်းအချက် အလက်တွေကို လျှင်လျှင်မြန်မြန် အပြန်အလှန်ဖြန့်ဝေနိုင်တဲ့ ကြိုးမဲ့လုပ်ဆောင်ချက်တစ်ခုပါ။

၂ဝ၂၁ ခုနှစ်မှာတော့ အက်ပဲလ်ဟာ တရုတ်အစိုးရကို ဒေသတွင်းက အချက်အလက်တွေထိန်းချုပ်ဖို့ အခွင့်ပေးအပ်ခဲ့ပါတယ်။ ၂ဝ၁၉ ခုနှစ်မှာတော့ အက်ပဲဟာ သူ့ရဲ့ အီမိုဂျီ (ရုပ်ပုံသင်္ကေတ) ကီးဘုတ်ထဲက ထိုင်ဝမ်နိုင်ငံရဲ့အလံကို တရုတ်နဲ့ ဟောင်ကောင်မှာ အသုံးပြုတဲ့ဖုန်းတွေကနေ ဖယ်ရှားပေးခဲ့ပါတယ်။ နှစ်ပေါင်းများစွာ အတောအတွင်းမှာ အက်ပဲလ်တရုတ်အပလီကေးရှင်းစတိုးထဲက အပလီကေးရှင်း ထောင်ပေါင်းများစွာဟာ ပျောက်ကွယ်သွားခဲ့ပါတယ်။ အဲဒီအထဲမှာ နိုင်ငံခြားသတင်းဌာန အပလီကေး ရှင်းတွေနဲ့ ‌ gay dating apps လိင်တူချစ်သူများ ဒိတ်တင်း အပလီကေးရှင်းတွေပါဝင်ပါတယ်။

အမေရိကန်လွှတ်တော်အမတ်တွေကတော့ သူတို့အမေရိကန် နည်းပညာကုမ္ပဏီကြီးတွေ တရုတ်ပြည်မှာ အစိုးရနဲ့ အဆင်ပြေအောင် ဘယ်လိုလုပ်နေကြသလဲဆိုတာကို အံ့သြစိုးရိမ်နေကြပါတယ်။ နောက် နည်းပညာကုမ္ပဏီတစ်ခုက မိုက္ကရိုဆော့ဖ်ပါ။ ကြားရတဲ့ သတင်းတွေအရ မိုက္ကရိုဆော့ဖ်ကုမ္ပဏီကလည်း တရုတ်ပြည်တွင်းမှာ ဆက်လက်တိုးချဲ့မယ်လို့ သိရပါတယ်။ ဒီကုမ္ပဏီက လာမဲ့ ၃ နှစ်မှ ၅ နှစ်အတွင်း ပီကင်းနဲ့ ရှန်ဟိုင်းမှာရှိတဲ့ သူ့ရဲ့ ပရိဝုဏ်တွေကို အဆင့်မြှင့်တင်မယ်လို့ဆိုပါတယ်။ အမေဇုန်ကလည်း တရုတ်အစိုးရနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က သမ္မတရှီကျင့်ဖျင်အကြောင်းစာအုပ်ရဲ့ ရီဗျူးနဲ့ အဆင့်အတန်းသတ်မှတ်ချက်ကို ဖယ်ရှားပစ်ဖို့ တရုတ်အစိုးရက အမေဇုန်ကို ညွှန်ကြားခဲ့တာကို အမေဇုန်က လက်ခံပြီး ဖယ်ရှားပေးခဲ့ပါတယ်။

လွန်ခဲ့တဲ့ ကာလအတွင်း အမေရိကန်အစိုးရက တရုတ်ကုမ္ပဏီတွေကို အမျိုးသား လုံခြုံရေးအကြောင်း ပြချက်နဲ့ နှိပ်ကွပ်နေတဲ့အချိန်မှာ၊ အမေရိကန်နည်းပညာကုမ္ပဏီတွေကတော့ တရုတ်အစိုးရနဲ့ ပိုမိုနက်နက်ရှိုင်းရှိုင်း ဆက်ဆံလာနေတာကို တွေ့မြင်ရပါတယ်။

ဘာကြောင့်လဲ

အမေရိကန်က ဟွာဝေးလို တရုတ်နည်းပညာကုမ္ပဏီကြီးတွေကို နှိပ်ကွပ်တာကြောင့် တရုတ် အစိုးရရဲ့ လက်တုန့်ပြန်မှာကို စိုးရိမ်တဲ့ အက်ပဲလ်လို အမေရိကန်ကုမ္ပဏီတွေဟာ ၂ဝ၂၁ ခုနှစ်မှာ တရုတ်ကနေ အိန္ဒိယနဲ့ ဗီယက်နမ်တို့ကို စတင်ထွက်ခွာခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီမှာအဆင်မပြေဘဲ ကြီးမားတဲ့ အခက်အခဲတွေနဲ့ ကြုံရပါတယ်။

အက်ပဲလ်ဟာ သူ့ရဲ့စက်ရုံကို အိန္ဒိယကို ရွှေ့ပြီးထုတ်လုပ်ဖို့စီစဉ်ခဲ့ပေမယ့် အဲဒါက ရုတ်တရက်တုန့်ဆိုင်းသွားပါတယ်။ ဒီလိုဘာကြောင့်ဖြစ်တာလည်းဆိုတာ သူတို့အရင် အိန္ဒိယကို ရောက်ရှိသွားတဲ့ Wistron ဝစ်စထရွန်နဲ့ ‌Foxconn ဖေါက်စ်ကွန်တို့ကြုံခဲ့ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပါလိမ့်မယ်။

အိန္ဒိယမှာ တရုတ်လောက် ကျွမ်းကျင်လုပ်သားရှာမရ

ဝစ်စထရွန်ဟာ အက်ပဲလ်ရဲ့ သြဇာ၊ ဖိအားနဲ့ မက်လုံးပေးမှုတွေကြောင့်၊ သူ့ရဲ့ထုတ်လုပ်ရေးတွေကို ၂ဝ၂ဝ ခုနှစ်မှာ အိန္ဒိယကို ပထမဆုံး စတင်ရွှေ့ပြောင်းခဲ့တဲ့ကုမ္ပဏီပါ။ ၂ဝ၂ဝ ခုနှစ်မှာ ဝစ်စထရွန်ဟာ တရုတ်မှာရှိတဲ့ သူ့စက်ရုံတွေကို ရောင်းပစ်လိုက်ပါတယ်။ ဒီစက်ရုံတွေက တရုတ်မှာရှိတဲ့ အက်ပဲလ် ကုမ္ပဏီအတွက် အလုပ်တွေပြီးမြောက်အောင် ပံ့ပိုးပေးတဲ့စက်ရုံတွေပါ။ အဲလိုနဲ့ တရုတ်ကထွက်ခွာလာတဲ့ ဝစ်ထရွန်ဟာ အိန္ဒိယမှာ အမြောက်အများရင်းနှီးမြှုပ်နှံမှုတွေလုပ်ပါတယ်။ ထုတ်လုပ်ရေးအခြေခံစခန်း သစ်ကြီး တစ်ခု တည်ထောင်လိုက်မယ်ဆိုတဲ့ စိတ်ကူးနဲ့ပါ။ ဒါပေမယ့် နှစ်နှစ်ကျော်လောက် ကြိုးစားလိုက်ပြီးတဲ့အခါမှာတော့ အခြေအနေတွေက သူတို့ မျှော်မှန်းထားတာတွေနဲ့ တခြားစီဖြစ်နေတာသိလိုက်ရပါတယ်။ အိန္ဒိယမှာ တည်ဆောက်တဲ့ ဝစ်စထရွန်ရဲ့ စက်ရုံတွေမှာ လုပ်သားအင်အားက ၁ဝ,ဝဝဝ သာရှိပြီး တရုတ်ပြည်မှာတုန်းက ရှိခဲ့တဲ့ လုပ်သားအင်အား ၈ဝ,ဝဝဝ ထက်အများကြီးသေးငယ်နေပါတယ်။ ကံမကောင်း အကြောင်းမလှချင်တော့၊ အိန္ဒိယမှာ ဒီလောက် သေးငယ်တဲ့စက်ရုံ ကလေးတစ်ရုံကိုတောင်မှ တာတာလို လုပ်ငန်းပေါင်းစုံကော်ပိုရေးရှင်းကြီးတွေရဲ့ လောဘနဲ့ အမဲဖျက်တာကိုခံခဲ့ရပါတယ်။

ဒီဖြစ်ရပ်ကြောင့် ဝစ်စထရွန်ဟာ အိန္ဒိယစျေးကွက်ကနေ လုံးဝဥသုံ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အက်ပဲလ်အတွက်ထုတ်လုပ်ပေးဖို့ လိုအပ်ချက်မပြည့်မီတာကြောင့် ဒီပြဿနာဟာ အက်ပဲလ်အတွက် တရုတ်က ထွက်ခွာ‌ဖို့အရေးမှာ ပထမဆုံးရင်ဆိုင်ရတဲ့ အခက်အခဲပါဘဲ။

အက်ပဲလ်ရဲ့ ညွှန်ကြားမှုနဲ့ အိန္ဒိယမှာ စက်ရုံတွေတည်ထောင်ဖို့ကြိုးပမ်းတဲ့ နောက်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ ဖေါက်စ်ကွန်း Foxconn ကလည်း စိန်ခေါ်မှုတွေရင်ဆိုင်ခဲ့ရပါတယ်။ ဒီကုမ္ပဏီကလည်း ၃ နှစ်ကျော်လောက် ကြိုးစားခဲ့ပေမယ့် လုပ်သားအင်အား ၁၇,ဝဝဝ အထိသာ လုပ်ငန်းတိုးချဲ့နိုင်ခဲ့ပါတယ်။ ဒီအရေအတွက်ဟာ လုပ်သား ဦးရေ ၃ဝဝ,ဝဝဝ ရှိတဲ့ တရုတ်နိုင်ငံ ကျန့်ကျိုး Zhang Zhao က ဖေါက်စ်ကွန်းရဲ့ စက်ရုံနဲ့ နှိုင်းယှဉ်ကြည့်လို့ရပါတယ်။ ဒီအရေအတွက် ၃ဝဝ,ဝဝဝ ဟာ ဖေါက်စ်ကွန်က တရုတ်ကိုပြန်လာပြီး ၂ နှစ်အတွင်း ‌ရှိလာတဲ့ လုပ်သားအင်အားစုပါ။ အမှန်က အိန္ဒိယမှာတည်တဲ့ စက်ရုံရဲ့ စကေးကို အလုပ်သမားအင်အား ၇ဝ,ဝဝဝ ကနေ ၅ဝ,ဝဝဝ အထိ လျှော့ချထားတာပါ။ ဒါတောင်မှ လိုအပ်တဲ့ အလုပ်သမားအင်အား အပြည့်မရပါဘူး။ ဒါ့ပြင် ဖေါက်စ်ကွန်းတည်ထောင်သူ တယ်ရီကော့ (Terry Guo - ကော့ထိုက်မင်) ရဲ့ညီငယ်ဖြစ်တဲ့ ကော့ထိုက်ချန်းရဲ့ လျှပ်စစ်ဓါတ်အားပေး စက်ရုံဟာ မတ်လထဲမှာ မီးလောင်ခဲ့ပါတယ်။ ဒီစက်ရုံက အက်ပဲလ်စက်ရုံကို ဓါတ်အားပေးဖို့ရည်ရွယ် တည်ဆောက် ထားတာပါ။ ကော့ထိုက်ချန်း ရဲ့ အိန္ဒိယစက်ရုံမှာ ထုတ်လုပ်ရေးလိုင်း ၁ဝ လိုင်းရှိပြီး ၄ လိုင်းက မီးလောင် ရာမှာပါသွားပါတယ်။ ဒီအဖြစ်အပျက်ရဲ့ သက်ရောက်မှုက ဝစ်ထရွန်ရဲ့ ရုန်းကန်လှုပ်ရှားရမှုနဲ့ နှိုင်းစာရင် ပိုပြီးကြီးမားပါတယ်။ အက်ပဲလ်က အိန္ဒိယမှာ ထုတ်လုပ်ရေးတိုးတက်ကောင်းမွန်အောင် ဆက်ကြိုးစား ချင်ပေမယ့် အိုင်ဖုန်းထဲ မှာတပ်ဆင်ရမယ့် ပစ္စည်းအစိတ်အပိုင်းထုတ်လုပ်မှုက အိန္ဒိယမှာရနိုင်တာက ၁ဝ ရာခိုင်နှုန်းလောက်သာရှိပါတယ်။ ဒီလောက်နည်းပါးတဲ့ ရာခိုင်နှုန်းလောက်သာရရှိနိုင်တဲ့ အိန္ဒိယက အက်ပဲလ်ရဲ့ အိုင်ဖုန်းထုတ်လုပ်ရေးဟာ ကြီးမားတဲ့ ချို့ယွင်းမှုတစ်ခုပါဘဲ။ အက်ပဲလ်အနေနဲ့ အိန္ဒိယက သူ့ရဲ့စီမံကိန်းတွေကို အရှိန်လျှော့ချလိုက်တယ်လို့ တရားဝင် အသိအမှတ်ပြုပြောကြားတာမရှိပေမဲ့၊ မကြာသေးခင်က သတင်းပေးပို့ချက်တွေအရ အိုင်ဖုန်း မိုဒယ် ၁၅ ကို တရုတ်ပြည်မကြီးက ကုမ္ပဏီကထုတ်လုပ်မှာလို့ သိရပါတယ်။ အဲဒါကြောင့် ဖေါက်စ်ကွန်းကလည်း သူ့ရဲ့ စီးပွားရေး ဌာနချုပ်အသစ်တွေကို တရုတ်နိုင်ငံ ကျန့်ကျိုးမှာ တည်ဆောက်ပြီး တရုတ်မှာရင်းနှီးမြှုပ်နှံမှုတွေ ဆက် လုပ်မယ်လို့ မကြာသေးခင်ကဘဲ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဖြစ်ပေါ်တိုးတက်မှုတွေက ပြသနေတာက အက်ပဲလ်နဲ့ ဖေါက်စ်ကွန်းတို့ဟာ အိန္ဒိယကို အဓိကဦးတည်ပစ်မှတ်ထား ရင်းနှီးမြှုပ်နှံရာကနေ တရုတ်ပြည်ဘက်ကို ပြန်လည်ဦးတည်ပစ်မှတ်ထား ရင်းနှီးမြှုပ်နှံမှုပြုလာတာကို ပြသနေပါကြောင်း တင်ပြလိုက်ရပါတယ်။

ကိုးကား- China Becomes the Irreplaceable Chip Market | Why Apple & Others Companies Are Returning to China
- Apple tries to woo China, again | Tech It Out by WION

zawgyi version
တ႐ုတ္ကို ျပန္ခ်င္တဲ့ ပန္းသီး (ဘာသာျပန္ေဆာင္းပါး)
ေမာင္ေဌးေအာင္ (ေက်ာက္မဲ) (NP News) - ဇြန္ ၂၄

အေမရိကန္နဲ႔ တ႐ုတ္အစိုးရေတြအၾကားတင္းမာမႈေတြဟာ လြန္ခဲ့တဲ့လေတြမွာ အသည္းအသန္ ျပင္းထန္လာေနေပမယ့္ အဲဒီကိစၥက အက္ပဲလ္တို႔လို အေမရိကန္နည္းပညာကုမၸဏီႀကီးေတြ တ႐ုတ္ျပည္ ျပန္လာအလုပ္လုပ္မွာကိုေတာ့ မတားဆီးႏိုင္ပါ။ အခုေျပာျပမယ့္ကိစၥက အက္ပဲလ္ကုမၸဏီက တ႐ုတ္အစိုးရကို ျပန္ေခ်ာ့ဖို႔ ႀကိဳးစားေနတဲ့ အေၾကာင္းပါ။ အထူးသျဖင့္ အစိုးရႏွစ္ရပ္အၾကား တင္းမာမႈေတြ ျမင့္မားေနတဲ့ ကာလမွာေပါ့။ ဘာျဖစ္လို႔ ဒီလို ေျပာရတာလည္းဆိုေတာ့ အက္ပဲလ္ရဲ႕ စီအီးအို တင္ကြတ္ဟာ ဒီႏွစ္မတ္လ ၂၃ ရက္က၊ ပီကင္းမွာ အစိုးရက ဦးစီးက်င္းပတဲ့ တ႐ုတ္ဖြံ႕ၿဖိဳးေရး ဖိုရမ္ဆိုတာကို တက္ေရာက္ခဲ့လို႔ပါ။ အဲဒီဖိုရမ္ကိုတက္ေရာက္ရင္းနဲ႔ တင္ကြတ္က တ႐ုတ္အစိုးရ အရာရွိေတြနဲ႔လည္း ေတြ႕ဆုံခဲ့ပါတယ္။ အဲဒီလိုေတြ႕ဆုံရာမွာ သူက တ႐ုတ္ျပည္ရဲ႕ လွ်င္ျမန္လွတဲ့ တီထြင္ဖန္တီးမႈကို ခ်ီးမြမ္းေထာမနာျပဳရင္း တ႐ုတ္ျပည္နဲ႔ အက္ပဲလ္ကုမၸဏီတို႔ အၾကားက ႏွစ္ေပါင္း ၃ဝ ရွည္ၾကာခဲ့ၿပီျဖစ္တဲ့ ဆက္ဆံ‌ေရးကို အမႊမ္းတင္ခဲ့ပါတယ္။ ၾကည့္ရတာက အက္ပဲလ္ရဲ႕ စီအီးအိုဟာ တ႐ုတ္ႏိုင္ငံနဲ႔ အျပန္အလွန္အက်ိဳးရွိတဲ့ ဆက္ဆံေရးေကာင္းကို ဆက္လက္ထိန္းသိမ္းထားလိုပုံပါပဲ။ တကယ္တမ္းမွာေတာ့ တ႐ုတ္ျပည္မႀကီးထဲက အက္ပဲလ္ထုတ္ကုန္ေရာင္းအား ၂ဝ ရာခိုင္ႏႈန္း ရွိတဲ့ေစ်းကြက္ ၊ ထုတ္လုပ္ေရးမွာ ကုန္က်စားရိတ္ သက္သာမႈနဲ႔ ကြၽမ္းက်င္လုပ္သား ရရွိႏိုင္မႈတို႔က တကယ့္ ဆြဲေဆာင္မႈႀကီးျဖစ္လို႔ပါ။

တ႐ုတ္အစိုးရ အလိုက် လိုက္ေလ်ာေပးခဲ့မႈေတြ

မၾကာေသးတဲ့ကာလ ၂ဝ၂၁ ခုႏွစ္တုန္းက အက္ပဲလ္ဟာပီကင္းကိုစိတ္ပ်က္သြားေစတဲ့ေၾကညာခ်က္ ထုတ္ခဲ့ပါေသးတယ္။ အဲဒါက သူ႔ရဲ႕ ထုတ္လုပ္ေရးစက္႐ုံေတြကို တ႐ုတ္အေပၚမွီခိုေနရတာေလွ်ာ့ခ်ၿပီး အိႏၵိယနဲ႔ ဗီယက္နမ္တို႔လို ႏိုင္ငံေတြဆီေ႐ႊ႕မယ္လို႔ေၾကညာခဲ့တာပါ။ အဲဒီလိုတ႐ုတ္နဲ႔ ဆက္ဆံ‌ေရး မေကာင္းျဖစ္ခဲ့တာကို အက္ပဲလ္ကဆက္ၿပီး ဆိုး႐ြားမသြားေစခ်င္တဲ့အတြက္ တင္ကြတ္ကိုယ္တိုင္ ပီကင္းအစည္းအေဝးလာတက္ရင္း မ်က္ႏွာခ်ိဳ ေသြးတာပါ။
တ႐ုတ္အာဏာပိုင္ေတြကို အက္ပဲလ္က ဒီလို မ်က္ႏွာခ်ိဳေသြးတာမ်ိဳးက ဒါပထမဆုံးအႀကိမ္ေတာ့ မဟုတ္ပါဘူး။ တ႐ုတ္အစိုးရရဲ႕ ဆင္ဆာျဖတ္မႈနဲ႔ ေဒတာသိုေလွာင္မႈတို႔နဲ႔ ပတ္သက္တဲ့ ဥပေဒကို ေလးစား လိုက္နာပါ့မယ္လို႔ အက္ပဲလ္က ေၾကျငာခဲ့ဖူးပါတယ္။ ဒီလိုပူးေပါင္းေဆာင္႐ြက္မႈေၾကာင့္ အက္ပဲလ္ဟာ ေဝဖန္တာခံရပါတယ္။ လြန္ခဲ့တဲ့ႏွစ္ေတြအတြင္းမွာ အက္ပဲလ္ဟာ သူ႔ရဲ႕ထုတ္ကုန္ေတြကို ပီကင္းရဲ႕အလိုက် အေျပာင္းအလဲလုပ္ေပးခဲ့ရပါတယ္။ ၂ဝ၂၂ ခုႏွစ္အတြင္းက တ႐ုတ္မွာေရာင္းတဲ့ အိုင္ဖုန္းေတြမွာ အဲယားဒေရာ့ပ္ airdrop feature အသုံးျပဳမႈကို ကန႔္သတ္ေပးခဲ့ပါတယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ အစိုးရကို ဆႏၵျပသူေတြက တ႐ုတ္ သမၼတရွီက်င့္ဖ်င္နဲ႔ တ႐ုတ္အစိုးကို ဆန႔္က်င္တဲ့ ပို႔စ္ေတြကို အဲယားဒေရာ့ပ္ airdrop feature ကိုအသုံးျပဳၿပီး ျဖန႔္ေဝၾကလို႔ပါ။ အဲယားဒေရာ့ပ္ ဆိုတာက အက္ပဲလ္ထုတ္ကုန္ေတြမွာပါဝင္တဲ့ ဓါတ္ပုံ၊ ဗီဒီယိုနဲ႔ သတင္းအခ်က္ အလက္ေတြကို လွ်င္လွ်င္ျမန္ျမန္ အျပန္အလွန္ျဖန႔္ေဝႏိုင္တဲ့ ႀကိဳးမဲ့လုပ္ေဆာင္ခ်က္တစ္ခုပါ။

၂ဝ၂၁ ခုႏွစ္မွာေတာ့ အက္ပဲလ္ဟာ တ႐ုတ္အစိုးရကို ေဒသတြင္းက အခ်က္အလက္ေတြထိန္းခ်ဳပ္ဖို႔ အခြင့္ေပးအပ္ခဲ့ပါတယ္။ ၂ဝ၁၉ ခုႏွစ္မွာေတာ့ အက္ပဲဟာ သူ႔ရဲ႕ အီမိုဂ်ီ (႐ုပ္ပုံသေကၤတ) ကီးဘုတ္ထဲက ထိုင္ဝမ္ႏိုင္ငံရဲ႕အလံကို တ႐ုတ္နဲ႔ ေဟာင္ေကာင္မွာ အသုံးျပဳတဲ့ဖုန္းေတြကေန ဖယ္ရွားေပးခဲ့ပါတယ္။ ႏွစ္ေပါင္းမ်ားစြာ အေတာအတြင္းမွာ အက္ပဲလ္တ႐ုတ္အပလီေကးရွင္းစတိုးထဲက အပလီေကးရွင္း ေထာင္ေပါင္းမ်ားစြာဟာ ေပ်ာက္ကြယ္သြားခဲ့ပါတယ္။ အဲဒီအထဲမွာ ႏိုင္ငံျခားသတင္းဌာန အပလီေကး ရွင္းေတြနဲ႔ ‌ gay dating apps လိင္တူခ်စ္သူမ်ား ဒိတ္တင္း အပလီေကးရွင္းေတြပါဝင္ပါတယ္။

အေမရိကန္လႊတ္ေတာ္အမတ္ေတြကေတာ့ သူတို႔အေမရိကန္ နည္းပညာကုမၸဏီႀကီးေတြ တ႐ုတ္ျပည္မွာ အစိုးရနဲ႔ အဆင္ေျပေအာင္ ဘယ္လိုလုပ္ေနၾကသလဲဆိုတာကို အံ့ၾသစိုးရိမ္ေနၾကပါတယ္။ ေနာက္ နည္းပညာကုမၸဏီတစ္ခုက မိုကၠ႐ိုေဆာ့ဖ္ပါ။ ၾကားရတဲ့ သတင္းေတြအရ မိုကၠ႐ိုေဆာ့ဖ္ကုမၸဏီကလည္း တ႐ုတ္ျပည္တြင္းမွာ ဆက္လက္တိုးခ်ဲ႕မယ္လို႔ သိရပါတယ္။ ဒီကုမၸဏီက လာမဲ့ ၃ ႏွစ္မွ ၅ ႏွစ္အတြင္း ပီကင္းနဲ႔ ရွန္ဟိုင္းမွာရွိတဲ့ သူ႔ရဲ႕ ပရိဝုဏ္ေတြကို အဆင့္ျမႇင့္တင္မယ္လို႔ဆိုပါတယ္။ အေမဇုန္ကလည္း တ႐ုတ္အစိုးရနဲ႔ ရင္းႏွီးတဲ့ဆက္ဆံေရးကို ဆက္လက္ထိန္းသိမ္းထားပါတယ္။ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္က သမၼတရွီက်င့္ဖ်င္အေၾကာင္းစာအုပ္ရဲ႕ ရီဗ်ဴးနဲ႔ အဆင့္အတန္းသတ္မွတ္ခ်က္ကို ဖယ္ရွားပစ္ဖို႔ တ႐ုတ္အစိုးရက အေမဇုန္ကို ၫႊန္ၾကားခဲ့တာကို အေမဇုန္က လက္ခံၿပီး ဖယ္ရွားေပးခဲ့ပါတယ္။

လြန္ခဲ့တဲ့ ကာလအတြင္း အေမရိကန္အစိုးရက တ႐ုတ္ကုမၸဏီေတြကို အမ်ိဳးသား လုံၿခဳံေရးအေၾကာင္း ျပခ်က္နဲ႔ ႏွိပ္ကြပ္ေနတဲ့အခ်ိန္မွာ၊ အေမရိကန္နည္းပညာကုမၸဏီေတြကေတာ့ တ႐ုတ္အစိုးရနဲ႔ ပိုမိုနက္နက္ရႈိင္းရႈိင္း ဆက္ဆံလာေနတာကို ေတြ႕ျမင္ရပါတယ္။

ဘာေၾကာင့္လဲ

အေမရိကန္က ဟြာေဝးလို တ႐ုတ္နည္းပညာကုမၸဏီႀကီးေတြကို ႏွိပ္ကြပ္တာေၾကာင့္ တ႐ုတ္ အစိုးရရဲ႕ လက္တုန႔္ျပန္မွာကို စိုးရိမ္တဲ့ အက္ပဲလ္လို အေမရိကန္ကုမၸဏီေတြဟာ ၂ဝ၂၁ ခုႏွစ္မွာ တ႐ုတ္ကေန အိႏၵိယနဲ႔ ဗီယက္နမ္တို႔ကို စတင္ထြက္ခြာခဲ့ၾကပါတယ္။ ဒါေပမယ့္ အဲဒီမွာအဆင္မေျပဘဲ ႀကီးမားတဲ့ အခက္အခဲေတြနဲ႔ ႀကဳံရပါတယ္။

အက္ပဲလ္ဟာ သူ႔ရဲ႕စက္႐ုံကို အိႏၵိယကို ေ႐ႊ႕ၿပီးထုတ္လုပ္ဖို႔စီစဥ္ခဲ့ေပမယ့္ အဲဒါက ႐ုတ္တရက္တုန႔္ဆိုင္းသြားပါတယ္။ ဒီလိုဘာေၾကာင့္ျဖစ္တာလည္းဆိုတာ သူတို႔အရင္ အိႏၵိယကို ေရာက္ရွိသြားတဲ့ Wistron ဝစ္စထ႐ြန္နဲ႔ ‌Foxconn ေဖါက္စ္ကြန္တို႔ႀကဳံခဲ့ရတဲ့ အခက္အခဲေတြနဲ႔ ပတ္သက္ပါလိမ့္မယ္။

အိႏၵိယမွာ တ႐ုတ္ေလာက္ ကြၽမ္းက်င္လုပ္သားရွာမရ

ဝစ္စထ႐ြန္ဟာ အက္ပဲလ္ရဲ႕ ၾသဇာ၊ ဖိအားနဲ႔ မက္လုံးေပးမႈေတြေၾကာင့္၊ သူ႔ရဲ႕ထုတ္လုပ္ေရးေတြကို ၂ဝ၂ဝ ခုႏွစ္မွာ အိႏၵိယကို ပထမဆုံး စတင္ေ႐ႊ႕ေျပာင္းခဲ့တဲ့ကုမၸဏီပါ။ ၂ဝ၂ဝ ခုႏွစ္မွာ ဝစ္စထ႐ြန္ဟာ တ႐ုတ္မွာရွိတဲ့ သူ႔စက္႐ုံေတြကို ေရာင္းပစ္လိုက္ပါတယ္။ ဒီစက္႐ုံေတြက တ႐ုတ္မွာရွိတဲ့ အက္ပဲလ္ ကုမၸဏီအတြက္ အလုပ္ေတြၿပီးေျမာက္ေအာင္ ပံ့ပိုးေပးတဲ့စက္႐ုံေတြပါ။ အဲလိုနဲ႔ တ႐ုတ္ကထြက္ခြာလာတဲ့ ဝစ္ထ႐ြန္ဟာ အိႏၵိယမွာ အေျမာက္အမ်ားရင္းႏွီးျမႇဳပ္ႏွံမႈေတြလုပ္ပါတယ္။ ထုတ္လုပ္ေရးအေျခခံစခန္း သစ္ႀကီး တစ္ခု တည္ေထာင္လိုက္မယ္ဆိုတဲ့ စိတ္ကူးနဲ႔ပါ။ ဒါေပမယ့္ ႏွစ္ႏွစ္ေက်ာ္ေလာက္ ႀကိဳးစားလိုက္ၿပီးတဲ့အခါမွာေတာ့ အေျခအေနေတြက သူတို႔ ေမွ်ာ္မွန္းထားတာေတြနဲ႔ တျခားစီျဖစ္ေနတာသိလိုက္ရပါတယ္။ အိႏၵိယမွာ တည္ေဆာက္တဲ့ ဝစ္စထ႐ြန္ရဲ႕ စက္႐ုံေတြမွာ လုပ္သားအင္အားက ၁ဝ,ဝဝဝ သာရွိၿပီး တ႐ုတ္ျပည္မွာတုန္းက ရွိခဲ့တဲ့ လုပ္သားအင္အား ၈ဝ,ဝဝဝ ထက္အမ်ားႀကီးေသးငယ္ေနပါတယ္။ ကံမေကာင္း အေၾကာင္းမလွခ်င္ေတာ့၊ အိႏၵိယမွာ ဒီေလာက္ ေသးငယ္တဲ့စက္႐ုံ ကေလးတစ္႐ုံကိုေတာင္မွ တာတာလို လုပ္ငန္းေပါင္းစုံေကာ္ပိုေရးရွင္းႀကီးေတြရဲ႕ ေလာဘနဲ႔ အမဲဖ်က္တာကိုခံခဲ့ရပါတယ္။

ဒီျဖစ္ရပ္ေၾကာင့္ ဝစ္စထ႐ြန္ဟာ အိႏၵိယေစ်းကြက္ကေန လုံးဝဥသုံ ထြက္ခြာဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ အက္ပဲလ္အတြက္ထုတ္လုပ္ေပးဖို႔ လိုအပ္ခ်က္မျပည့္မီတာေၾကာင့္ ဒီျပႆနာဟာ အက္ပဲလ္အတြက္ တ႐ုတ္က ထြက္ခြာ‌ဖို႔အေရးမွာ ပထမဆုံးရင္ဆိုင္ရတဲ့ အခက္အခဲပါဘဲ။

အက္ပဲလ္ရဲ႕ ၫႊန္ၾကားမႈနဲ႔ အိႏၵိယမွာ စက္႐ုံေတြတည္ေထာင္ဖို႔ႀကိဳးပမ္းတဲ့ ေနာက္ကုမၸဏီ တစ္ခုျဖစ္တဲ့ ေဖါက္စ္ကြန္း Foxconn ကလည္း စိန္ေခၚမႈေတြရင္ဆိုင္ခဲ့ရပါတယ္။ ဒီကုမၸဏီကလည္း ၃ ႏွစ္ေက်ာ္ေလာက္ ႀကိဳးစားခဲ့ေပမယ့္ လုပ္သားအင္အား ၁၇,ဝဝဝ အထိသာ လုပ္ငန္းတိုးခ်ဲ႕ႏိုင္ခဲ့ပါတယ္။ ဒီအေရအတြက္ဟာ လုပ္သား ဦးေရ ၃ဝဝ,ဝဝဝ ရွိတဲ့ တ႐ုတ္ႏိုင္ငံ က်န႔္က်ိဳး Zhang Zhao က ေဖါက္စ္ကြန္းရဲ႕ စက္႐ုံနဲ႔ ႏႈိင္းယွဥ္ၾကည့္လို႔ရပါတယ္။ ဒီအေရအတြက္ ၃ဝဝ,ဝဝဝ ဟာ ေဖါက္စ္ကြန္က တ႐ုတ္ကိုျပန္လာၿပီး ၂ ႏွစ္အတြင္း ‌ရွိလာတဲ့ လုပ္သားအင္အားစုပါ။ အမွန္က အိႏၵိယမွာတည္တဲ့ စက္႐ုံရဲ႕ စေကးကို အလုပ္သမားအင္အား ၇ဝ,ဝဝဝ ကေန ၅ဝ,ဝဝဝ အထိ ေလွ်ာ့ခ်ထားတာပါ။ ဒါေတာင္မွ လိုအပ္တဲ့ အလုပ္သမားအင္အား အျပည့္မရပါဘူး။ ဒါ့ျပင္ ေဖါက္စ္ကြန္းတည္ေထာင္သူ တယ္ရီေကာ့ (Terry Guo - ေကာ့ထိုက္မင္) ရဲ႕ညီငယ္ျဖစ္တဲ့ ေကာ့ထိုက္ခ်န္းရဲ႕ လွ်ပ္စစ္ဓါတ္အားေပး စက္႐ုံဟာ မတ္လထဲမွာ မီးေလာင္ခဲ့ပါတယ္။ ဒီစက္႐ုံက အက္ပဲလ္စက္႐ုံကို ဓါတ္အားေပးဖို႔ရည္႐ြယ္ တည္ေဆာက္ ထားတာပါ။ ေကာ့ထိုက္ခ်န္း ရဲ႕ အိႏၵိယစက္႐ုံမွာ ထုတ္လုပ္ေရးလိုင္း ၁ဝ လိုင္းရွိၿပီး ၄ လိုင္းက မီးေလာင္ ရာမွာပါသြားပါတယ္။ ဒီအျဖစ္အပ်က္ရဲ႕ သက္ေရာက္မႈက ဝစ္ထ႐ြန္ရဲ႕ ႐ုန္းကန္လႈပ္ရွားရမႈနဲ႔ ႏႈိင္းစာရင္ ပိုၿပီးႀကီးမားပါတယ္။ အက္ပဲလ္က အိႏၵိယမွာ ထုတ္လုပ္ေရးတိုးတက္ေကာင္းမြန္ေအာင္ ဆက္ႀကိဳးစား ခ်င္ေပမယ့္ အိုင္ဖုန္းထဲ မွာတပ္ဆင္ရမယ့္ ပစၥည္းအစိတ္အပိုင္းထုတ္လုပ္မႈက အိႏၵိယမွာရႏိုင္တာက ၁ဝ ရာခိုင္ႏႈန္းေလာက္သာရွိပါတယ္။ ဒီေလာက္နည္းပါးတဲ့ ရာခိုင္ႏႈန္းေလာက္သာရရွိႏိုင္တဲ့ အိႏၵိယက အက္ပဲလ္ရဲ႕ အိုင္ဖုန္းထုတ္လုပ္ေရးဟာ ႀကီးမားတဲ့ ခ်ိဳ႕ယြင္းမႈတစ္ခုပါဘဲ။ အက္ပဲလ္အေနနဲ႔ အိႏၵိယက သူ႔ရဲ႕စီမံကိန္းေတြကို အရွိန္ေလွ်ာ့ခ်လိုက္တယ္လို႔ တရားဝင္ အသိအမွတ္ျပဳေျပာၾကားတာမရွိေပမဲ့၊ မၾကာေသးခင္က သတင္းေပးပို႔ခ်က္ေတြအရ အိုင္ဖုန္း မိုဒယ္ ၁၅ ကို တ႐ုတ္ျပည္မႀကီးက ကုမၸဏီကထုတ္လုပ္မွာလို႔ သိရပါတယ္။ အဲဒါေၾကာင့္ ေဖါက္စ္ကြန္းကလည္း သူ႔ရဲ႕ စီးပြားေရး ဌာနခ်ဳပ္အသစ္ေတြကို တ႐ုတ္ႏိုင္ငံ က်န႔္က်ိဳးမွာ တည္ေဆာက္ၿပီး တ႐ုတ္မွာရင္းႏွီးျမႇဳပ္ႏွံမႈေတြ ဆက္ လုပ္မယ္လို႔ မၾကာေသးခင္ကဘဲ ဆုံးျဖတ္ခဲ့ပါတယ္။ ဒီျဖစ္ေပၚတိုးတက္မႈေတြက ျပသေနတာက အက္ပဲလ္နဲ႔ ေဖါက္စ္ကြန္းတို႔ဟာ အိႏၵိယကို အဓိကဦးတည္ပစ္မွတ္ထား ရင္းႏွီးျမႇဳပ္ႏွံရာကေန တ႐ုတ္ျပည္ဘက္ကို ျပန္လည္ဦးတည္ပစ္မွတ္ထား ရင္းႏွီးျမႇဳပ္ႏွံမႈျပဳလာတာကို ျပသေနပါေၾကာင္း တင္ျပလိုက္ရပါတယ္။

ကိုးကား- China Becomes the Irreplaceable Chip Market | Why Apple & Others Companies Are Returning to China
- Apple tries to woo China, again | Tech It Out by WION

Related news

© 2021. All rights reserved.