ပို့ကုန်လိုင်စင်၌ နာမည်လွဲမှားခြင်းကြောင့် ပြောင်းကားအစီးရေ (၅ဝဝ)ကျော်‌‌ ထိုင်းသို့ ရောင်းမရဖြစ်နေ

 2246

NP News - ဇွန် ၂၄

မြဝတီတွင် ပို့ကုန်လိုင်စင်လျှောက်ရန် ငွေထည့်ပေးသော ပြည်ပကုမ္ပဏီနာမည်နှင့် ဝယ်ယူမည့် ကုမ္ပဏီ နာမည် မတူညီခြင်းကြောင့် ဇွန်လ ၁၆ ရက်မှစပြီး ပို့ကုန်ပါမစ် Form D (Export Declaration) မထုတ် ပေးသဖြင့် ပြောင်းကားအစီးရေ (၅ဝဝ)ကျော်ရောင်းချ၍ မရသော ပြဿနာဖြစ်ပေါ်နေကြောင်း ပို့ကုန်လုပ်ငန်းရှင်များထံမှ သိရသည်။

“မူဝါဒအရ ပို့ကုန်လိုင်စင်ရဖို့ ပြည်ပ Buyer က လိုင်စင်သတ်မှတ်စျေးအတိုင်း ၁ဝဝ ရာခိုင်နှုန်းထည့်ခိုင်းပါတယ်။ ငွေထည့်တဲ့အချိန်မှာ ၆၅ ရာခိုင်နှုန်းကို ၂၁ဝဝ ကျပ်နဲ့ဖြတ်ယူပါတယ်။ ပြည်ပက ဘယ်ဝယ်လက်ကမှ သူတို့ဆီ မပို့ရသေးတဲ့၊ လိုင်စင်ခွင့်ပြုချက်တောင် မရသေးတဲ့ မြန်မာကုမ္ပဏီကို ငွေကြိုမထည့်ပါဘူး။ ဒီတော့ Exporter တွေဟာ မိမိငွေ ၁ဝဝ ရာခိုင်နှုန်းနဲ့ ဒေါ်လာကို ပြင်ပမှာ စျေးကွက်ပေါက်စျေးနဲ့ ဝယ်ယူ၊ ပြည်ပရှိ Third Party ကုမ္ပဏီတွေဆီ စိုက်လွှဲ၊ ပြီးမှ မြန်မာဘဏ်ကို တဖန်ပြန်လွှဲပြီး လွှဲငွေရဲ့ ၆၅ ရာခိုင်နှုန်းကို နိုင်ငံတော်ဆီ တစ်ဒေါ်လာ ၂၁ဝဝ ကျပ်နဲ့ပေးသွင်းပြီးမှ Credit Advise ရရှိပါတယ်”ဟု ပြောင်း တင်ပို့နေသူတစ်ဦးက ပြောသည်။

အဆိုပါ Credit Advise ဖြင့်သာ ပို့ကုန်လိုင်စင် လျှောက်ထားခွင့်ပြုခြင်းဖြစ်ပြီး ဝယ်လက်ကုမ္ပဏီ နာမည်နှင့် လိုင်စင်၌ပါသည့် ကုမ္ပဏီနာမည် မတူခဲ့ရခြင်း ဖြစ်ကြောင်းသိရသည်။ မရိုးသားသည့်၊ မသမာသည့် စိတ်ဖြင့်နာမည်မတူခဲ့ရခြင်း မဟုတ်ကြောင်းနှင့် နိုင်ငံတော်ကို မိမိငွေဖြင့် ၆၅ ရာခိုင်နှုန်းအရှုံးခံ စိုက်သွင်းပြီးမှ ရရှိခဲ့သည့် တရားဝင်လိုင်စင်ဖြင့် တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း ၄င်းကဆက်လက်ပြောသည်။

ထို့ကြောင့် ဇွန်လ ၁၆ ရက်မှ ဇွန်လ၂၃ရက်အထိ ထိုင်းဘက်ကို ပြောင်းမရောင်းနိုင်ဘဲ ပြောင်းတင်ပို့မှုရပ်တန့်နေကြောင်းသိရသည်။

လတ်တလောတွင် ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှုသည် အခွန်ကင်းလွတ်ခွင့်ရထားသည့်ကာလဖြစ်သည့် အတွက် ပြည်တွင်းမှထွက်ရှိသော ပြောင်း (၈ဝ)ရာခိုင်နှုန်းခန့်တင်ပို့နေခြင်းဖြစ်ပြီး တရုတ်ဘက်ကိုပြည်တွင်း ပြောင်းအထွက်၏ ငါးရာခိုင်နှုန်းခန့်သာ တင်ပို့နေကြောင်းသိရသည်။

မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံဘက်ရှိ တိရိစ္ဆာန် အစာစက်ရုံများက အဓိကဝယ်ယူနေခြင်းဖြစ်ပြီး နေ့စဥ် မြဝတီကုန်သွယ်ရေးဇုန်မှတဆင့်တင်ပို့နေခြင်းဖြစ်သည်။

zawgyi version
ပို႔ကုန္လိုင္စင္၌ နာမည္လြဲမွားျခင္းေၾကာင့္ ေျပာင္းကားအစီးေရ (၅ဝဝ)ေက်ာ္‌‌ ထိုင္းသို႔ ေရာင္းမရျဖစ္ေန
NP News - ဇြန္ ၂၄

ျမဝတီတြင္ ပို႔ကုန္လိုင္စင္ေလွ်ာက္ရန္ ေငြထည့္ေပးေသာ ျပည္ပကုမၸဏီနာမည္ႏွင့္ ဝယ္ယူမည့္ ကုမၸဏီ နာမည္ မတူညီျခင္းေၾကာင့္ ဇြန္လ ၁၆ ရက္မွစၿပီး ပို႔ကုန္ပါမစ္ Form D (Export Declaration) မထုတ္ ေပးသျဖင့္ ေျပာင္းကားအစီးေရ (၅ဝဝ)ေက်ာ္ေရာင္းခ်၍ မရေသာ ျပႆနာျဖစ္ေပၚေနေၾကာင္း ပို႔ကုန္လုပ္ငန္းရွင္မ်ားထံမွ သိရသည္။

“မူဝါဒအရ ပို႔ကုန္လိုင္စင္ရဖို႔ ျပည္ပ Buyer က လိုင္စင္သတ္မွတ္ေစ်းအတိုင္း ၁ဝဝ ရာခိုင္ႏႈန္းထည့္ခိုင္းပါတယ္။ ေငြထည့္တဲ့အခ်ိန္မွာ ၆၅ ရာခိုင္ႏႈန္းကို ၂၁ဝဝ က်ပ္နဲ႔ျဖတ္ယူပါတယ္။ ျပည္ပက ဘယ္ဝယ္လက္ကမွ သူတို႔ဆီ မပို႔ရေသးတဲ့၊ လိုင္စင္ခြင့္ျပဳခ်က္ေတာင္ မရေသးတဲ့ ျမန္မာကုမၸဏီကို ေငြႀကိဳမထည့္ပါဘူး။ ဒီေတာ့ Exporter ေတြဟာ မိမိေငြ ၁ဝဝ ရာခိုင္ႏႈန္းနဲ႔ ေဒၚလာကို ျပင္ပမွာ ေစ်းကြက္ေပါက္ေစ်းနဲ႔ ဝယ္ယူ၊ ျပည္ပရွိ Third Party ကုမၸဏီေတြဆီ စိုက္လႊဲ၊ ၿပီးမွ ျမန္မာဘဏ္ကို တဖန္ျပန္လႊဲၿပီး လႊဲေငြရဲ႕ ၆၅ ရာခိုင္ႏႈန္းကို ႏိုင္ငံေတာ္ဆီ တစ္ေဒၚလာ ၂၁ဝဝ က်ပ္နဲ႔ေပးသြင္းၿပီးမွ Credit Advise ရရွိပါတယ္”ဟု ေျပာင္း တင္ပို႔ေနသူတစ္ဦးက ေျပာသည္။

အဆိုပါ Credit Advise ျဖင့္သာ ပို႔ကုန္လိုင္စင္ ေလွ်ာက္ထားခြင့္ျပဳျခင္းျဖစ္ၿပီး ဝယ္လက္ကုမၸဏီ နာမည္ႏွင့္ လိုင္စင္၌ပါသည့္ ကုမၸဏီနာမည္ မတူခဲ့ရျခင္း ျဖစ္ေၾကာင္းသိရသည္။ မ႐ိုးသားသည့္၊ မသမာသည့္ စိတ္ျဖင့္နာမည္မတူခဲ့ရျခင္း မဟုတ္ေၾကာင္းႏွင့္ ႏိုင္ငံေတာ္ကို မိမိေငြျဖင့္ ၆၅ ရာခိုင္ႏႈန္းအရႈံးခံ စိုက္သြင္းၿပီးမွ ရရွိခဲ့သည့္ တရားဝင္လိုင္စင္ျဖင့္ တင္ပို႔ခဲ့ျခင္းျဖစ္ေၾကာင္း ၄င္းကဆက္လက္ေျပာသည္။

ထို႔ေၾကာင့္ ဇြန္လ ၁၆ ရက္မွ ဇြန္လ၂၃ရက္အထိ ထိုင္းဘက္ကို ေျပာင္းမေရာင္းႏိုင္ဘဲ ေျပာင္းတင္ပို႔မႈရပ္တန႔္ေနေၾကာင္းသိရသည္။

လတ္တေလာတြင္ ထိုင္းႏိုင္ငံသို႔ ေျပာင္းတင္ပို႔မႈသည္ အခြန္ကင္းလြတ္ခြင့္ရထားသည့္ကာလျဖစ္သည့္ အတြက္ ျပည္တြင္းမွထြက္ရွိေသာ ေျပာင္း (၈ဝ)ရာခိုင္ႏႈန္းခန႔္တင္ပို႔ေနျခင္းျဖစ္ၿပီး တ႐ုတ္ဘက္ကိုျပည္တြင္း ေျပာင္းအထြက္၏ ငါးရာခိုင္ႏႈန္းခန႔္သာ တင္ပို႔ေနေၾကာင္းသိရသည္။

ျမန္မာ့ေျပာင္းကို ထိုင္းႏိုင္ငံဘက္ရွိ တိရိစာၦန္ အစာစက္႐ုံမ်ားက အဓိကဝယ္ယူေနျခင္းျဖစ္ၿပီး ေန႔စဥ္ ျမဝတီကုန္သြယ္ေရးဇုန္မွတဆင့္တင္ပို႔ေနျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.