ဥက္ကလာပဂေါက်ကွင်းမီးပွိုင့်တွင် ကားနှစ်စီးတိုက်မိ၍ (၃)နှစ်အရွယ်ကလေးငယ်အပါအဝင် (၅)ဦးထိခိုက်ဒဏ်ရာရရှိ

 603

စော(NP News) - ဇွန် ၂၅

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ဥက္ကလာပဂေါက်ကွင်းမီးပွိုင့်တွင် ကားနှစ်စီးတိုက်မိ၍ (၃)နှစ်အရွယ် ကလေးငယ်အပါအဝင် (၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဇွန်လ ၂၄ ရက်) ၊ ည(၁ဝ)နာရီဝန်းကျင်အချိန်တွင် မရမ်းကုန်းမြို့နယ်၊ ဝေဇယန္တာ လမ်းနှင့် ဂန္ဓမာလမ်းထောင့်၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း မေတ္တာသီတာရေစင်ပရဟိတအသင်းထံမှ သိရသည်။

“မီးပွိုင့်ကမီးနီနေတာကို တစ်စီးကဖြတ်မောင်းတော့ တည့်မောင်းတဲ့ကားနဲ့ တိုက်ကြတာပါ။ ဘယ်တစ်စီးကမီးနီဖြတ်မောင်းတာလဲတော့ မသိပါဘူး။ အိမ်စီးကား စက်ရုပ်ကားပေါ်ကလူတွေတော့ ထိခိုက်ဒဏ်ရာရတဲ့လူမရှိပါဘူး”ဟု မေတ္တာသီတာရေစင်ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြော သည်။

ယာဉ်တိုက်မှုကြောင့် HIJET ယာဉ်ပေါ်မှ အသက်(၃)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီး (၁)ဦးနှင့် အမျိုးသား(၃)ဦးသည် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၎င်းတို့အား ကောင်းမှုဆောင်လူမှုကယ်ဆယ်ရေးအသင်းမှ မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

zawgyi version
ဥကၠလာပေဂါက္ကြင္းမီးပြိဳင့္တြင္ ကားႏွစ္စီးတိုက္မိ၍ (၃)ႏွစ္အ႐ြယ္ကေလးငယ္အပါအဝင္ (၅)ဦးထိခိုက္ဒဏ္ရာရရွိ
ေစာ(NP News) - ဇြန္ ၂၅

ရန္ကုန္တိုင္း၊ မရမ္းကုန္းၿမိဳ႕နယ္၊ ဥကၠလာပေဂါက္ကြင္းမီးပြိဳင့္တြင္ ကားႏွစ္စီးတိုက္မိ၍ (၃)ႏွစ္အ႐ြယ္ ကေလးငယ္အပါအဝင္ (၅)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ဇြန္လ ၂၄ ရက္) ၊ ည(၁ဝ)နာရီဝန္းက်င္အခ်ိန္တြင္ မရမ္းကုန္းၿမိဳ႕နယ္၊ ေဝဇယႏၲာ လမ္းႏွင့္ ဂႏၶမာလမ္းေထာင့္၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း ေမတၱာသီတာေရစင္ပရဟိတအသင္းထံမွ သိရသည္။

“မီးပြိဳင့္ကမီးနီေနတာကို တစ္စီးကျဖတ္ေမာင္းေတာ့ တည့္ေမာင္းတဲ့ကားနဲ႔ တိုက္ၾကတာပါ။ ဘယ္တစ္စီးကမီးနီျဖတ္ေမာင္းတာလဲေတာ့ မသိပါဘူး။ အိမ္စီးကား စက္႐ုပ္ကားေပၚကလူေတြေတာ့ ထိခိုက္ဒဏ္ရာရတဲ့လူမရွိပါဘူး”ဟု ေမတၱာသီတာေရစင္ပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာ သည္။

ယာဥ္တိုက္မႈေၾကာင့္ HIJET ယာဥ္ေပၚမွ အသက္(၃)ႏွစ္အ႐ြယ္ မိန္းကေလးငယ္တစ္ဦးအပါအဝင္ အမ်ိဳးသမီး (၁)ဦးႏွင့္ အမ်ိဳးသား(၃)ဦးသည္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ၎တို႔အား ေကာင္းမႈေဆာင္လူမႈကယ္ဆယ္ေရးအသင္းမွ ေျမာက္ဥကၠလာေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.