မကွေးမြို့နယ်တွင် တစ်မနက်အတွင်း မီးလောင်မှု(၂)ကြိမ်ဖြစ်ပွား

 2823

သန့်ဇင်(NP News) - မေ ၁

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် တစ်မနက်အတွင်း မီးပလက်ခုံအပူလွန်ကဲခြင်းကြောင့် မီးလောင်မှု(၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မကွေးမြို့နယ်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ပထမ မီးလောင်မှုမှာ ယနေ့(မေလ ၁ရက်)၊ နံနက် ၃နာရီအချိန်ခန့်က မကွေးမြို့နယ်၊ ဘုရားပြိုကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဘုရားပြိုကျေးရွာမှာ လောင်တဲ့မီးက မီးပလက်ခုံကနေအပူလွန်ပြီး မီးပွားထွက်လောင်တာ။ အဲဒီမှာ လူနေအိမ်(၃)လုံးနဲ့ နွားတင်းကုတ် တစ်လုံး လောင်သွားတယ်” ဟု မကွေးမြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အလားတူ ဒုတိယမီးလောင်မှုဖြစ်စဉ်မှာ နံနက် ၁၁ နာရီခွဲအချိန်ခန့်က မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ စီအုပ်စု ၁၅လမ်း၊ အောင်မြေဓမ္မရတနာ ကျောင်းတိုက်တွင်းရှိ အဆောက်အအုံတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဘုန်းကြီးကျောင်းထဲမှာလောင်တဲ့မီးကလည်း မီးပလပ်ခုံကနေလောင်တာပေါ့။ ပန်ကာတွေ၊ ကွန်ပျူတာတွေနဲ့ ဖုန်းတွေကို ပလက်ပေါက်နဲ့တွဲသုံးရင်းကနေ အပူလွန်ပြီးလောင်တာ။ အဲဒီမှာ ယောဂီတွေနေတဲ့အဆောင်တစ်ခုလုံးမီးလောင်သွားတာပါ”ဟု ၎င်းကဆက်လက်ပြောသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်များတွင် လူထိခိုက်မှုများမရှိခဲ့သော်လည်း မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့(မကွေးမြို့နယ် မီးသတ်တပ်ဖွဲ့)နှင့် အခြားအသင်းအဖွဲ့များက ထွက်ခွာမီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

zawgyi version
မေကြးၿမိဳ႕နယ္တြင္ တစ္မနက္အတြင္း မီးေလာင္မႈ(၂)ႀကိမ္ျဖစ္ပြား

သန႔္ဇင္(NP News) - ေမ ၁

မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕နယ္တြင္ တစ္မနက္အတြင္း မီးပလက္ခုံအပူလြန္ကဲျခင္းေၾကာင့္ မီးေလာင္မႈ(၂)ႀကိမ္ျဖစ္ပြားခဲ့ေၾကာင္း မေကြးၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။

ပထမ မီးေလာင္မႈမွာ ယေန႔(ေမလ ၁ရက္)၊ နံနက္ ၃နာရီအခ်ိန္ခန႔္က မေကြးၿမိဳ႕နယ္၊ ဘုရားၿပိဳေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဘုရားၿပိဳေက်း႐ြာမွာ ေလာင္တဲ့မီးက မီးပလက္ခုံကေနအပူလြန္ၿပီး မီးပြားထြက္ေလာင္တာ။ အဲဒီမွာ လူေနအိမ္(၃)လုံးနဲ႔ ႏြားတင္းကုတ္ တစ္လုံး ေလာင္သြားတယ္” ဟု မေကြးၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အလားတူ ဒုတိယမီးေလာင္မႈျဖစ္စဥ္မွာ နံနက္ ၁၁ နာရီခြဲအခ်ိန္ခန႔္က မေကြးၿမိဳ႕၊ ေအာင္ေမတၱာရပ္ကြက္၊ စီအုပ္စု ၁၅လမ္း၊ ေအာင္ေျမဓမၼရတနာ ေက်ာင္းတိုက္တြင္းရွိ အေဆာက္အအုံတစ္ခုတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဘုန္းႀကီးေက်ာင္းထဲမွာေလာင္တဲ့မီးကလည္း မီးပလပ္ခုံကေနေလာင္တာေပါ့။ ပန္ကာေတြ၊ ကြန္ပ်ဴတာေတြနဲ႔ ဖုန္းေတြကို ပလက္ေပါက္နဲ႔တြဲသုံးရင္းကေန အပူလြန္ၿပီးေလာင္တာ။ အဲဒီမွာ ေယာဂီေတြေနတဲ့အေဆာင္တစ္ခုလုံးမီးေလာင္သြားတာပါ”ဟု ၎ကဆက္လက္ေျပာသည္။

အဆိုပါမီးေလာင္မႈျဖစ္စဥ္မ်ားတြင္ လူထိခိုက္မႈမ်ားမရွိခဲ့ေသာ္လည္း ျမန္မာ ႏိုင္ငံမီးသတ္တပ္ဖြဲ႕(မေကြးၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕)ႏွင့္ အျခားအသင္းအဖြဲ႕မ်ားက ထြက္ခြာမီးျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.