ယခုနောက်ပိုင်းကာလတွင် ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်သော မြန်မာလုပ်သား ပိုမိုတိုးပွားလာဟုဆို

 1325

Pearl (NP News) - မေ ၁

ယခုနောက်ပိုင်း ကာလတွင် ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်သော မြန်မာလုပ်သား ပိုမိုတိုးပွားလာကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူများထံ ဆက်သွယ်မေးမြန်းထားသည့်အချက်အလက်များအရ သိရသည်။

လက်ရှိကာလတွင် MOU လုပ်သားများကို မြဝတီ-မဲဆောက်လမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ စေလွှတ်ရာတွင် အခက်အခဲများရှိလာသည့်အတွက် အဆိုပါလမ်းကြောင်းမှစေလွှတ်ခြင်းကို ယာယီရပ်ဆိုင်းခဲ့ပြီး ရန်ကုန်-ဒွန်မောင်း လေကြောင်းလိုင်းမှတစ်ဆင့် ပထမဆုံးအကြိမ် စတင်စေလွှတ်ခဲ့ကြောင်း သိရသည်။

ထိုသို့တရားဝင်သွားရောက် လုပ်ကိုင်သူများရှိသော်လည်း တရားမဝင်လမ်းကြောင်းများမှ တဆင့်သွားရောက်သူများမှာပိုမိုတိုးပွားလာခဲ့ပြီး ယခင်ထက်ပိုမိုများပြားလာခဲ့ခြင်းဖြစ်ကာ ထိုသို့ တရားမဝင်သွားရောက်သူများမှာ ပြည်ပသို့ အလျင်အမြန်သွားလိုသူများဖြစ်ကြောင်း ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက NP News ကို ပြောသည်။

"အခုနောက်ပိုင်း တရားမဝင်သွားတဲ့လူက ပိုများလာတယ်။ သွားချင်တဲ့လူက တအားများတာကို။ အရင်ကတည်းက အောက်လမ်းဆိုပြီးတော့ သွားနေကြတာ။ ရွာကလူတွေဆို ရွာလုံး ကျွတ်နီးနီး ထိုင်းသွားနေတာ။ သူတို့က သူတို့ဟာ သူတို့ အဆက်အသွယ်ရှိကြတယ်။ မြဝတီ တစ်နေရာတည်းက ကူးတာမဟုတ်ဘူး။ တရားဝင် သွားချင်တဲ့လူကတော့ အေဂျင်စီတွေနဲ့ပဲ အေးအေးချမ်းချမ်းသွားကြတာပေါ့။ မြန်မြန်သွားချင်တဲ့လူကတော့ မြန်မာလူမျိုးထုံးစံက သိတဲ့အတိုင်းပဲ သွားချင်ပြီဆို ရောက်ရမှ။ အဲဒီလိုမျိုးတွေကျတော့ ထိန်းမရဘူးပေါ့" ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံ၏ လက်ရှိ အနိမ့်ဆုံးလုပ်ခလစာမှာ (၃၅၅)ဘတ်ဖြစ်ပြီး မြန်မာလုပ်သားများသည် ထိုင်းနိုင်ငံရှိ စက်ရုံအလုပ်ရုံ နှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အများဆုံးလုပ်ကိုင်နေကြကြောင်း သိရသည်။

"အခုနောက်ပိုင်း ဘာမြင်ရလဲဆိုတော့ စက်ရုံလုပ်နေတဲ့လူတွေကလည်း အလုပ်ထွက်ပြီးတော့ နိုင်ငံခြားသွားကြတာမျိုး တွေ့နေရတယ်။ ဆိုတော့ ပြည်တွင်းလုပ်ငန်းတွေမှာ အလုပ်သမားရှားပါးမှုပြဿနာဖြစ်မလားဆိုပြီးတော့ ကျွန်မတို့စိုးရိမ်ပါတယ်။ ကျွန်မတို့ မြင်ရသ‌လောက်ဆိုရင်ရန်ကုန်မှာရှိတဲ့ စက်ရုံကနေ အလုပ်ထွက်ပြီးတော့ နိုင်ငံခြားကို ထွက်တာတော်တော်များတယ်။ သူတို့က တရားဝင်သွားတာလား၊ တရားမဝင်သွားတာလားကတော့ အတည်ပြုလို့ မရဘူး။ ကျွန်မတို့လည်း အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ သိအောင် ကြိုးစားနေတယ်" ဟု အလုပ်သမားအရေးဆောင်ရွက်သူ တစ်ဦးက သုံးသပ်ပြောကြားသည်။

zawgyi version
ယခုေနာက္ပိုင္းကာလတြင္ ထိုင္းႏိုင္ငံသို႔ တရားမဝင္သြားေရာက္ေသာ ျမန္မာလုပ္သား ပိုမိုတိုးပြားလာဟုဆို

Pearl (NP News) - ေမ ၁

ယခုေနာက္ပိုင္း ကာလတြင္ ထိုင္းႏိုင္ငံသို႔ တရားမဝင္သြားေရာက္ေသာ ျမန္မာလုပ္သား ပိုမိုတိုးပြားလာေၾကာင္း ျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္း လုပ္ကိုင္ေနသူမ်ားထံ ဆက္သြယ္ေမးျမန္းထားသည့္အခ်က္အလက္မ်ားအရ သိရသည္။

လက္ရွိကာလတြင္ MOU လုပ္သားမ်ားကို ျမဝတီ-မဲေဆာက္လမ္းေၾကာင္းမွတစ္ဆင့္ ထိုင္းႏိုင္ငံသို႔ ေစလႊတ္ရာတြင္ အခက္အခဲမ်ားရွိလာသည့္အတြက္ အဆိုပါလမ္းေၾကာင္းမွေစလႊတ္ျခင္းကို ယာယီရပ္ဆိုင္းခဲ့ၿပီး ရန္ကုန္-ဒြန္ေမာင္း ေလေၾကာင္းလိုင္းမွတစ္ဆင့္ ပထမဆုံးအႀကိမ္ စတင္ေစလႊတ္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔တရားဝင္သြားေရာက္ လုပ္ကိုင္သူမ်ားရွိေသာ္လည္း တရားမဝင္လမ္းေၾကာင္းမ်ားမွ တဆင့္သြားေရာက္သူမ်ားမွာပိုမိုတိုးပြားလာခဲ့ၿပီး ယခင္ထက္ပိုမိုမ်ားျပားလာခဲ့ျခင္းျဖစ္ကာ ထိုသို႔ တရားမဝင္သြားေရာက္သူမ်ားမွာ ျပည္ပသို႔ အလ်င္အျမန္သြားလိုသူမ်ားျဖစ္ေၾကာင္း ျပည္ပအလုပ္အကိုင္ ဝန္ေဆာင္မႈလုပ္ငန္းလုပ္ကိုင္ေနသူတစ္ဦးက NP News ကို ေျပာသည္။

"အခုေနာက္ပိုင္း တရားမဝင္သြားတဲ့လူက ပိုမ်ားလာတယ္။ သြားခ်င္တဲ့လူက တအားမ်ားတာကို။ အရင္ကတည္းက ေအာက္လမ္းဆိုၿပီးေတာ့ သြားေနၾကတာ။ ႐ြာကလူေတြဆို ႐ြာလုံး ကြၽတ္နီးနီး ထိုင္းသြားေနတာ။ သူတို႔က သူတို႔ဟာ သူတို႔ အဆက္အသြယ္ရွိၾကတယ္။ ျမဝတီ တစ္ေနရာတည္းက ကူးတာမဟုတ္ဘူး။ တရားဝင္ သြားခ်င္တဲ့လူကေတာ့ ေအဂ်င္စီေတြနဲ႔ပဲ ေအးေအးခ်မ္းခ်မ္းသြားၾကတာေပါ့။ ျမန္ျမန္သြားခ်င္တဲ့လူကေတာ့ ျမန္မာလူမ်ိဳးထုံးစံက သိတဲ့အတိုင္းပဲ သြားခ်င္ၿပီဆို ေရာက္ရမွ။ အဲဒီလိုမ်ိဳးေတြက်ေတာ့ ထိန္းမရဘူးေပါ့" ဟု ၎က ေျပာသည္။

ထိုင္းႏိုင္ငံ၏ လက္ရွိ အနိမ့္ဆုံးလုပ္ခလစာမွာ (၃၅၅)ဘတ္ျဖစ္ၿပီး ျမန္မာလုပ္သားမ်ားသည္ ထိုင္းႏိုင္ငံရွိ စက္႐ုံအလုပ္႐ုံ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားတြင္ အမ်ားဆုံးလုပ္ကိုင္ေနၾကေၾကာင္း သိရသည္။

"အခုေနာက္ပိုင္း ဘာျမင္ရလဲဆိုေတာ့ စက္႐ုံလုပ္ေနတဲ့လူေတြကလည္း အလုပ္ထြက္ၿပီးေတာ့ ႏိုင္ငံျခားသြားၾကတာမ်ိဳး ေတြ႕ေနရတယ္။ ဆိုေတာ့ ျပည္တြင္းလုပ္ငန္းေတြမွာ အလုပ္သမားရွားပါးမႈျပႆနာျဖစ္မလားဆိုၿပီးေတာ့ ကြၽန္မတို႔စိုးရိမ္ပါတယ္။ ကြၽန္မတို႔ ျမင္ရသ‌ေလာက္ဆိုရင္ရန္ကုန္မွာရွိတဲ့ စက္႐ုံကေန အလုပ္ထြက္ၿပီးေတာ့ ႏိုင္ငံျခားကို ထြက္တာေတာ္ေတာ္မ်ားတယ္။ သူတို႔က တရားဝင္သြားတာလား၊ တရားမဝင္သြားတာလားကေတာ့ အတည္ျပဳလို႔ မရဘူး။ ကြၽန္မတို႔လည္း အဲဒါေတြနဲ႔ ပတ္သက္ၿပီးေတာ့ သိေအာင္ ႀကိဳးစားေနတယ္" ဟု အလုပ္သမားအေရးေဆာင္႐ြက္သူ တစ္ဦးက သုံးသပ္ေျပာၾကားသည္။

Related news

© 2021. All rights reserved.