ရေဦးမြို့နယ်ရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနပိုင် စပါးခင်းအတွင်း၌ အမျိုးသား(၁)ဦးကို PDF အဖွဲ့က လုပ်ကြံသတ်ဖြတ်ခဲ့ဟု ရဲတပ်ဖွဲ့ဆို

 371

NP News - ဇွန် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ အောင်ဆန်းရပ်ကွက်ရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနပိုင် စပါးခင်းအတွင်း၌ အမျိုးသား(၁)ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထား သည်။

ပြီးခဲ့သည့် (ဇွန်လ ၂၂ ရက်)၊ နံနက် ၉ နာရီအချိန်တွင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနပိုင် စပါးခင်းအတွင်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သေဆုံးသူသည် ရေဦးမြို့နယ်၊ မကျီးတောကျေးရွာတွင်နေထိုင်သူဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာအနီးရောက်ရှိစဉ် PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်၊ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောဆိုထားသည်။

ထိုသို့ ပစ်ခတ်၊ ထိုးခုတ်ခံရမှုကြောင့် အဆိုပါကျေးရွာနေ ကိုဝင်းမင်းထွန်း(၂၆)နှစ်တွင် ကျည်ထိမှန်၊ ဓားပြတ်ရှဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
ေရဦးၿမိဳ႕နယ္ရွိ ၿမိဳ႕နယ္စိုက္ပ်ိဳးေရးဦးစီးဌာနပိုင္ စပါးခင္းအတြင္း၌ အမ်ိဳးသား(၁)ဦးကို PDF အဖြဲ႕က လုပ္ႀကံသတ္ျဖတ္ခဲ့ဟု ရဲတပ္ဖြဲ႕ဆို

NP News - ဇြန္ ၂၅

စစ္ကိုင္းတိုင္းေဒသႀကီး၊ ေရဦးၿမိဳ႕နယ္၊ ေအာင္ဆန္းရပ္ကြက္ရွိ ၿမိဳ႕နယ္စိုက္ပ်ိဳးေရးဦးစီးဌာနပိုင္ စပါးခင္းအတြင္း၌ အမ်ိဳးသား(၁)ဦး လုပ္ႀကံသတ္ျဖတ္ခံခဲ့ရေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထား သည္။

ၿပီးခဲ့သည့္ (ဇြန္လ ၂၂ ရက္)၊ နံနက္ ၉ နာရီအခ်ိန္တြင္ စစ္ကိုင္းတိုင္း၊ ေရဦးၿမိဳ႕နယ္၊ ေအာင္ဆန္းရပ္ကြက္၊ ၿမိဳ႕နယ္စိုက္ပ်ိဳးေရးဦးစီးဌာနပိုင္ စပါးခင္းအတြင္း၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ေသဆုံးသူသည္ ေရဦးၿမိဳ႕နယ္၊ မက်ီးေတာေက်း႐ြာတြင္ေနထိုင္သူျဖစ္ၿပီး အခင္းျဖစ္ပြားရာေနရာအနီးေရာက္ရွိစဥ္ PDF အဖြဲ႕က ေသနတ္ျဖင့္ပစ္ခတ္၊ ဓားျဖင့္ ထိုးခုတ္သတ္ျဖတ္သြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ေျပာဆိုထားသည္။

ထိုသို႔ ပစ္ခတ္၊ ထိုးခုတ္ခံရမႈေၾကာင့္ အဆိုပါေက်း႐ြာေန ကိုဝင္းမင္းထြန္း(၂၆)ႏွစ္တြင္ က်ည္ထိမွန္၊ ဓားျပတ္ရွဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ပြားရာေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ အေၾကာင္းမဲ့ ရက္စက္စြာ လုပ္ႀကံသတ္ျဖတ္မႈက်ဴးလြန္ခဲ့သည္ အၾကမ္းဖက္သမားမ်ားအား ဥပေဒႏွင့္အညီ အျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.