တရုတ်နှင့် တောင်တရုတ်ပင်လယ်အရေးအငြင်းပွားမှုများရှိနေချိန်တွင် ဗီယက်နမ်နိုင်ငံသို့ အမေရိကန်လေယာဉ်တင်သင်္ဘော ရောက်ရှိလာ

 1556

Pika (NP News) - ဇွန် ၂၅

တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး တင်းမာမှုများမြင့်တက်နေသည့်အချိန်တွင် အမေရိကန်၏ လေယာဉ်တင်သင်္ဘောသည် ဇွန်လ(၂၅)ရက်က ဗီယက်နမ်နိုင်ငံ Danang မြို့ ဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံကြား ပိုမိုနီးကပ်သောကုန်သွယ်မှုများ လုပ်ဆောင်ခြင်းနှင့် ဒေသတွင်းတွင် တရုတ်၏ အင်အားကြီးထွားလာ မှုများနှင့်ပတ်သက်ပြီး စိုးရိမ်မှုများမြင့်တက်နေချိန်တွင် အမေရိကန် နှင့် ဗီယက်နမ်တို့သည် ဘက်စုံမိတ်ဖက် ဆက်ဆံရေး (၁ဝ)နှစ်မြောက် နှစ်ပတ်လည်နေ့ကျင်းပမည်ဖြစ်ရာ အမေရိကန်၏ လေယာဉ်တင်သင်္ဘော USS Ronald Reagan က ဂုဏ်ပြုမှုအဖြစ် ယခုကဲ့သို့ ဆိပ်ကမ်းကပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တောင်တရုတ်ပင်လယ်ရှိ ဗီယက်နမ်၏ သီးသန့်စီးပွားရေးဇုန်တွင် တရုတ်၏ ကမ်းရိုးတန်းစောင့်သင်္ဘောများ၊ ထောက်လှမ်းရေးသင်္ဘောများ နှင့် ငါးဖမ်းလှေများ သီတင်းပတ်များစွာကြာ ရောက်ရှိနေခြင်းကြောင့် ပိုင်နက် အတွင်းမှ ထွက်ခွာသွားရန် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနက အကြိမ်ကြိမ် တောင်းဆိုခဲ့ကြောင်း သိရသည်။ တရုတ်၏သင်္ဘောများသည် ဇွန်လ အစောပိုင်းတွင် ဗီယက်နမ်၏ သီးသန့်စီးပွားရေးဇုန်အတွင်းမှ ထွက်ခွာသွားခဲ့ ကြောင်း သိရသည်။ တောင်တရုတ်ပင်လယ်တွင် နယ်မြေပိုင်ဆိုင်မှုများနှင့်ပတ်သက်ပြီး ဗီယက်နမ်၊ ဖိလစ်ပိုင် နှင့် မလေးရှားတို့ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများသည် တရုတ်နိုင်ငံနှင့် ပိုက်နက်နယ်မြေအငြင်းပွားမှုများ ရှိနေခဲ့ပြီး တောင်တရုတ်ပင်လယ်တွင် ၎င်းတို့ပိုင်နက်များရှိနေကြောင်း အပြန်အလှန်ပြောဆိုထားကြသည်။

New South Wales ပြည်နယ် Canberra တက္ကသိုလ်မှရေကြောင်းလုံခြုံရေးဆိုင်ရာ PhD ကိုယ်စားလှယ်လောင်း Nguyen The Phuong က "အမေရိကန်အပြင် အခြားအင်အားကြီးနိုင်ငံတွေနဲ့ လုံခြုံရေးဆက်ဆံရေးကို တိုးမြှင့်တာ က ဗီယက်နမ်ဟာ တရုတ်နိုင်ငံနဲ့ ဟန်ချက်ညီအောင်လုပ်ဆောင်နေတယ်ဆိုတာကို ဒီခရီးစဉ်က သတင်းစကား ပေးခဲ့ပါတယ်" ဟု ပြောဆိုခဲ့သည်။

ဒေသတွင်းတွင် အင်အားကြီးနိုင်ငံအဖြစ် ဆက်ရှိနေလိုလျှင် အမေရိကန်နှင့် ဗီယက်နမ်နိုင်ငံတို့ကြား ခိုင်မာသော ဆက်ဆံရေးသည် အမေရိကန်အတွက် အဓိကကျကြောင်း Nguyen The Phuong က ပြောဆိုခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်သည် ပြီးခဲ့သည့်ဧပြီလက ဗီယက်နမ်သို့ သွားရောက် လည်ပတ်ခဲ့ပြီး နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးကို ပိုမိုမြှင့်တင်လိုကြောင်း ပြောကြားခဲ့သည်။

၂ဝ၁၈ ခုနှစ်တွင် အမေရိကန်လေယာဉ်တင်သင်္ဘောUSS Carl Vinson ဗီယက်နမ်သို့ ဆိုက်ကပ်ခဲ့ပြီးနောက် ယခု တစ်ကြိမ်သည် သုံးကြိမ်မြောက် ဆိုက်ကပ်ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါခရီးစဉ်တွင် အမေရိကန်ရေတပ် တီးဝိုင်းဖျော်ဖြေပွဲ၊ မိဘမဲ့ဂေဟာများ သို့ သွားရောက်လည်ပတ်ခြင်းနှင့် အားကစားပွဲများလည်း ပါဝင်ကြောင်း သိရသည်။

တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး တင်းမာမှုများမြင့်တက်နေချိန်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများကို လုပ်ဆောင်ရန် စီစဉ်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
တ႐ုတ္ႏွင့္ ေတာင္တ႐ုတ္ပင္လယ္အေရးအျငင္းပြားမႈမ်ားရွိေနခ်ိန္တြင္ ဗီယက္နမ္ႏိုင္ငံသို႔ အေမရိကန္ေလယာဥ္တင္သေဘၤာ ေရာက္ရွိလာ
Pika (NP News) - ဇြန္ ၂၅

ေတာင္တ႐ုတ္ပင္လယ္အေရးႏွင့္ပတ္သက္ၿပီး တင္းမာမႈမ်ားျမင့္တက္ေနသည့္အခ်ိန္တြင္ အေမရိကန္၏ ေလယာဥ္တင္သေဘၤာသည္ ဇြန္လ(၂၅)ရက္က ဗီယက္နမ္ႏိုင္ငံ Danang ၿမိဳ႕ ဆိပ္ကမ္းသို႔ ဆိုက္ကပ္ခဲ့ေၾကာင္း သိရသည္။

ႏွစ္ႏိုင္ငံၾကား ပိုမိုနီးကပ္ေသာကုန္သြယ္မႈမ်ား လုပ္ေဆာင္ျခင္းႏွင့္ ေဒသတြင္းတြင္ တ႐ုတ္၏ အင္အားႀကီးထြားလာ မႈမ်ားႏွင့္ပတ္သက္ၿပီး စိုးရိမ္မႈမ်ားျမင့္တက္ေနခ်ိန္တြင္ အေမရိကန္ ႏွင့္ ဗီယက္နမ္တို႔သည္ ဘက္စုံမိတ္ဖက္ ဆက္ဆံေရး (၁ဝ)ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔က်င္းပမည္ျဖစ္ရာ အေမရိကန္၏ ေလယာဥ္တင္သေဘၤာ USS Ronald Reagan က ဂုဏ္ျပဳမႈအျဖစ္ ယခုကဲ့သို႔ ဆိပ္ကမ္းကပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေတာင္တ႐ုတ္ပင္လယ္ရွိ ဗီယက္နမ္၏ သီးသန႔္စီးပြားေရးဇုန္တြင္ တ႐ုတ္၏ ကမ္း႐ိုးတန္းေစာင့္သေဘၤာမ်ား၊ ေထာက္လွမ္းေရးသေဘၤာမ်ား ႏွင့္ ငါးဖမ္းေလွမ်ား သီတင္းပတ္မ်ားစြာၾကာ ေရာက္ရွိေနျခင္းေၾကာင့္ ပိုင္နက္ အတြင္းမွ ထြက္ခြာသြားရန္ ဗီယက္နမ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက အႀကိမ္ႀကိမ္ ေတာင္းဆိုခဲ့ေၾကာင္း သိရသည္။ တ႐ုတ္၏သေဘၤာမ်ားသည္ ဇြန္လ အေစာပိုင္းတြင္ ဗီယက္နမ္၏ သီးသန႔္စီးပြားေရးဇုန္အတြင္းမွ ထြက္ခြာသြားခဲ့ ေၾကာင္း သိရသည္။ ေတာင္တ႐ုတ္ပင္လယ္တြင္ နယ္ေျမပိုင္ဆိုင္မႈမ်ားႏွင့္ပတ္သက္ၿပီး ဗီယက္နမ္၊ ဖိလစ္ပိုင္ ႏွင့္ မေလးရွားတို႔ အပါအဝင္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားသည္ တ႐ုတ္ႏိုင္ငံႏွင့္ ပိုက္နက္နယ္ေျမအျငင္းပြားမႈမ်ား ရွိေနခဲ့ၿပီး ေတာင္တ႐ုတ္ပင္လယ္တြင္ ၎တို႔ပိုင္နက္မ်ားရွိေနေၾကာင္း အျပန္အလွန္ေျပာဆိုထားၾကသည္။

New South Wales ျပည္နယ္ Canberra တကၠသိုလ္မွေရေၾကာင္းလုံၿခဳံေရးဆိုင္ရာ PhD ကိုယ္စားလွယ္ေလာင္း Nguyen The Phuong က "အေမရိကန္အျပင္ အျခားအင္အားႀကီးႏိုင္ငံေတြနဲ႔ လုံၿခဳံေရးဆက္ဆံေရးကို တိုးျမႇင့္တာ က ဗီယက္နမ္ဟာ တ႐ုတ္ႏိုင္ငံနဲ႔ ဟန္ခ်က္ညီေအာင္လုပ္ေဆာင္ေနတယ္ဆိုတာကို ဒီခရီးစဥ္က သတင္းစကား ေပးခဲ့ပါတယ္" ဟု ေျပာဆိုခဲ့သည္။

ေဒသတြင္းတြင္ အင္အားႀကီးႏိုင္ငံအျဖစ္ ဆက္ရွိေနလိုလွ်င္ အေမရိကန္ႏွင့္ ဗီယက္နမ္ႏိုင္ငံတို႔ၾကား ခိုင္မာေသာ ဆက္ဆံေရးသည္ အေမရိကန္အတြက္ အဓိကက်ေၾကာင္း Nguyen The Phuong က ေျပာဆိုခဲ့သည္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလင္ကန္သည္ ၿပီးခဲ့သည့္ဧၿပီလက ဗီယက္နမ္သို႔ သြားေရာက္ လည္ပတ္ခဲ့ၿပီး ႏွစ္ႏိုင္ငံၾကား သံတမန္ဆက္ဆံေရးကို ပိုမိုျမႇင့္တင္လိုေၾကာင္း ေျပာၾကားခဲ့သည္။

၂ဝ၁၈ ခုႏွစ္တြင္ အေမရိကန္ေလယာဥ္တင္သေဘၤာUSS Carl Vinson ဗီယက္နမ္သို႔ ဆိုက္ကပ္ခဲ့ၿပီးေနာက္ ယခု တစ္ႀကိမ္သည္ သုံးႀကိမ္ေျမာက္ ဆိုက္ကပ္ျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါခရီးစဥ္တြင္ အေမရိကန္ေရတပ္ တီးဝိုင္းေဖ်ာ္ေျဖပြဲ၊ မိဘမဲ့ေဂဟာမ်ား သို႔ သြားေရာက္လည္ပတ္ျခင္းႏွင့္ အားကစားပြဲမ်ားလည္း ပါဝင္ေၾကာင္း သိရသည္။

ေတာင္တ႐ုတ္ပင္လယ္အေရးႏွင့္ပတ္သက္ၿပီး တင္းမာမႈမ်ားျမင့္တက္ေနခ်ိန္တြင္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားသည္ ပထမဆုံးအႀကိမ္ ပူးတြဲစစ္ေရးေလ့က်င့္ခန္းမ်ားကို လုပ္ေဆာင္ရန္ စီစဥ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.