ရှမ်းပြည်နယ် လောက်ကိုင်မြို့ရှိ လူကုန်ကူးဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသော အင်ဒိုနီးရှားနိုင်ငံသား ၁၄ ဦးကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့ဟုဆို

 481

ဂျန်ဇက် (NP News) - ဇွန် ၂၆

အင်ဒိုနီးရှားအာဏာပိုင်များသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ် လောက်ကိုင်ရှိ လူကုန်ကူးဂိုဏ်းများလက်ထဲတွင် ဖမ်းဆီးခံထားရသော အင်ဒိုနီးရှားနိုင်ငံသား ၁၄ ဦးကို ပြီးခဲ့သောရက်ပိုင်းတွင် ပြန်လည်ကယ်တင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှားစစ်တပ်မှ တာဝန်ရှိသူတစ်ဦးဖြစ်သော ဗိုလ်မှူးကြီး Arm Suhendro Oktosatrio က မြန်မာနိုင်ငံရှိ အင်ဒိုနီးရှားသံရုံးနှင့်ပူးပေါင်းပြီး လောက်ကိုင်ရှိ လူကုန်ကူးဂိုဏ်းများလက်ထဲတွင် သားကောင်အဖြစ် ဖမ်းဆီးခံထားရသော အင်ဒိုနီးရှားနိုင်ငံသားများကို အမြန်ဆုံးကယ်တင်နိုင်ခဲ့ကြောင်း ပြောသည်။

၎င်းက "အင်ဒိုနီးရှားနိုင်ငံသား ၁၄ ဦးကို လူကုန်ကူးဂိုဏ်းများလက်ထဲကနေ ပြန်ကယ်ထုတ်ခဲ့ပြီးနောက် မိခင်နိုင်ငံ ကို ပြန်ပို့မှာပါ။ အင်ဒိုနီးရှားနိုင်ငံသား ၁၄ ဦးကို လောက်ကိုင်မြို့ကနေ မန္တလေးမြို့ကို ဘက်စ်ကားနဲ့ လွှဲပြောင်း ပို့ဆောင်ခဲ့တယ်" ဟု ပြောသည်။

အင်ဒိုနီးရှားစစ်တပ်အနေဖြင့် အင်ဒိုနီးရှားနိုင်ငံသားများ သွေးထွက်သံယိုဖြစ်မှုများကို အချိန်အခါမရွေး ကာကွယ် ပေးသွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားစစ်ဘက်မှ ဗိုလ်မှူးကြီး Arm Suhendro Oktosatrio က ပြောသည်။ ပြန်လည်ကယ်တင်ခဲ့သော အင်ဒိုနီးရှားနိုင်ငံသား ၁၄ ဦးကို မန္တလေးမြို့မှ ရန်ကုန်မြို့ရှိ အင်ဒိုနီးရှားသံရုံးထံ ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံသို့ပြန်ပို့သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားအာဏာပိုင်များ က ပြောသည်။

လူကုန်ကူးဂိုဏ်းများလက်ထဲမှ ပြန်လွှတ်မြောက်လာသော အင်ဒိုနီးရှားနိုင်ငံသား ၁၄ ဦးသည် လက်ရှိအချိန်တွင် မိခင်နိုင်ငံသို့ပြန်ရန်အတွက် စောင့်ဆိုင်းလျက်ရှိနေကြောင်း သိရသည်။ ရန်ကုန်မြို့ရှိ အင်ဒိုနီးရှားသံရုံးသည် အင်ဒိုနီးရှားနိုင်ငံသားများကို မိခင်နိုင်ငံသို့ပြန်ပို့ရန်အတွက် လိုအပ်သောအရာများကို ထပ်မံ ဆောင်ရွက်လျက်ရှိနေ ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံသားများသည် မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်း၏ အွန်လိုင်းမှတဆင့် လိမ်လည်ခေါ်ယူခံရပြီး အလုပ် လုပ်ရန် ပြောဆိုချိန်ကပြောခဲ့သော အလုပ်မျိုး မဟုတ်သည့် အလုပ်များကို လုပ်ကိုင်ခဲ့ရကာ မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများလက်ထဲတွင် ပိတ်မိနေခဲ့ကြောင်းသိရသည်။ ပြီးခဲ့သောလများကလည်း အင်ဒိုနီးရှားနိုင်ငံသား များသည် ထိုင်းနှင့် မြန်မာနယ်စပ်ဒေသရှိလူကုန်ကူး ဂိုဏ်းများလက်ထဲတွင် ပိတ်မိဖမ်းဆီးခံထားရခြင်းကြောင့် ပြန်ကယ်ထုတ်ကာ မိခင်နိုင်ငံသို့ ပြန်ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

Zawgyi Version;
ရွမ္းျပည္နယ္ ေလာက္ကိုင္ၿမိဳ႕ရွိ လူကုန္ကူးဂိုဏ္းမ်ားလက္ထဲတြင္ ပိတ္မိေနေသာ အင္ဒိုနီးရွားႏိုင္ငံသား ၁၄ ဦးကို ျပန္လည္ကယ္ထုတ္ႏိုင္ခဲ့ဟုဆို
ဂ်န္ဇက္ (NP News) - ဇြန္ ၂၆

အင္ဒိုနီးရွားအာဏာပိုင္မ်ားသည္ ျမန္မာႏိုင္ငံ ရွမ္းျပည္နယ္ ေလာက္ကိုင္ရွိ လူကုန္ကူးဂိုဏ္းမ်ားလက္ထဲတြင္ ဖမ္းဆီးခံထားရေသာ အင္ဒိုနီးရွားႏိုင္ငံသား ၁၄ ဦးကို ၿပီးခဲ့ေသာရက္ပိုင္းတြင္ ျပန္လည္ကယ္တင္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

အင္ဒိုနီးရွားစစ္တပ္မွ တာဝန္ရွိသူတစ္ဦးျဖစ္ေသာ ဗိုလ္မႉးႀကီး Arm Suhendro Oktosatrio က ျမန္မာႏိုင္ငံရွိ အင္ဒိုနီးရွားသံ႐ုံးႏွင့္ပူးေပါင္းၿပီး ေလာက္ကိုင္ရွိ လူကုန္ကူးဂိုဏ္းမ်ားလက္ထဲတြင္ သားေကာင္အျဖစ္ ဖမ္းဆီးခံထားရေသာ အင္ဒိုနီးရွားႏိုင္ငံသားမ်ားကို အျမန္ဆုံးကယ္တင္ႏိုင္ခဲ့ေၾကာင္း ေျပာသည္။

၎က "အင္ဒိုနီးရွားႏိုင္ငံသား ၁၄ ဦးကို လူကုန္ကူးဂိုဏ္းမ်ားလက္ထဲကေန ျပန္ကယ္ထုတ္ခဲ့ၿပီးေနာက္ မိခင္ႏိုင္ငံ ကို ျပန္ပို႔မွာပါ။ အင္ဒိုနီးရွားႏိုင္ငံသား ၁၄ ဦးကို ေလာက္ကိုင္ၿမိဳ႕ကေန မႏၲေလးၿမိဳ႕ကို ဘက္စ္ကားနဲ႔ လႊဲေျပာင္း ပို႔ေဆာင္ခဲ့တယ္" ဟု ေျပာသည္။

အင္ဒိုနီးရွားစစ္တပ္အေနျဖင့္ အင္ဒိုနီးရွားႏိုင္ငံသားမ်ား ေသြးထြက္သံယိုျဖစ္မႈမ်ားကို အခ်ိန္အခါမေ႐ြး ကာကြယ္ ေပးသြားမည္ျဖစ္ေၾကာင္း အင္ဒိုနီးရွားစစ္ဘက္မွ ဗိုလ္မႉးႀကီး Arm Suhendro Oktosatrio က ေျပာသည္။ ျပန္လည္ကယ္တင္ခဲ့ေသာ အင္ဒိုနီးရွားႏိုင္ငံသား ၁၄ ဦးကို မႏၲေလးၿမိဳ႕မွ ရန္ကုန္ၿမိဳ႕ရွိ အင္ဒိုနီးရွားသံ႐ုံးထံ ျပန္လည္ေခၚယူႏိုင္ခဲ့ၿပီး အင္ဒိုနီးရွားႏိုင္ငံသို႔ျပန္ပို႔သြားမည္ျဖစ္ေၾကာင္း အင္ဒိုနီးရွားအာဏာပိုင္မ်ား က ေျပာသည္။

လူကုန္ကူးဂိုဏ္းမ်ားလက္ထဲမွ ျပန္လႊတ္ေျမာက္လာေသာ အင္ဒိုနီးရွားႏိုင္ငံသား ၁၄ ဦးသည္ လက္ရွိအခ်ိန္တြင္ မိခင္ႏိုင္ငံသို႔ျပန္ရန္အတြက္ ေစာင့္ဆိုင္းလ်က္ရွိေနေၾကာင္း သိရသည္။ ရန္ကုန္ၿမိဳ႕ရွိ အင္ဒိုနီးရွားသံ႐ုံးသည္ အင္ဒိုနီးရွားႏိုင္ငံသားမ်ားကို မိခင္ႏိုင္ငံသို႔ျပန္ပို႔ရန္အတြက္ လိုအပ္ေသာအရာမ်ားကို ထပ္မံ ေဆာင္႐ြက္လ်က္ရွိေန ေၾကာင္း သိရသည္။

အင္ဒိုနီးရွားႏိုင္ငံသားမ်ားသည္ ျမန္မာႏိုင္ငံရွိ လူကုန္ကူးဂိုဏ္း၏ အြန္လိုင္းမွတဆင့္ လိမ္လည္ေခၚယူခံရၿပီး အလုပ္ လုပ္ရန္ ေျပာဆိုခ်ိန္ကေျပာခဲ့ေသာ အလုပ္မ်ိဳး မဟုတ္သည့္ အလုပ္မ်ားကို လုပ္ကိုင္ခဲ့ရကာ ျမန္မာႏိုင္ငံရွိ လူကုန္ကူးဂိုဏ္းမ်ားလက္ထဲတြင္ ပိတ္မိေနခဲ့ေၾကာင္းသိရသည္။ ၿပီးခဲ့ေသာလမ်ားကလည္း အင္ဒိုနီးရွားႏိုင္ငံသား မ်ားသည္ ထိုင္းႏွင့္ ျမန္မာနယ္စပ္ေဒသရွိလူကုန္ကူး ဂိုဏ္းမ်ားလက္ထဲတြင္ ပိတ္မိဖမ္းဆီးခံထားရျခင္းေၾကာင့္ ျပန္ကယ္ထုတ္ကာ မိခင္ႏိုင္ငံသို႔ ျပန္ပို႔ေဆာင္ခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.