တောင်ကြီးမြို့၌ကျင်းပသော မူးယစ်ဆေးဝါးများမီးရှို့ဖျက်ဆီးသည့်အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ကျောင်းသား/သူ အချို့ မူးမေ့သတိလစ်မှုဖြစ်ပွား

 871

Photo - တောင်ကြီးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့

Pearl (NP News) - ဇွန် ၂၇

တောင်ကြီးမြို့၌ကျင်းပသော မူးယစ်ဆေးဝါးများမီးရှို့ဖျက်ဆီးသည့်အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ကျောင်းသား/သူ အချို့ မူးမေ့သတိလစ်မှုဖြစ်ပွားခဲ့ကြောင်း တောင်ကြီးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဇွန်လ ၂၆ ရက်) ၊ နေ့လည် (၁၁) နာရီအချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌ကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အခမ်းအနား၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနား၌ ရှမ်းပြည်နယ် နှင့် ကယားပြည်နယ်တို့မှ တစ်နှစ်တာ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး ၂၃ မျိုးနှင့် ဓာတုပစ္စည်း ၅၂ မျိုး၊ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၃၅၅ ဒသမ ၂၆၈ ဘီလျံကျော်(အမေရိကန်ဒေါ်လာ ၁၆၉ ဒသမ ၁၇၅ သန်း)အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ရာ အခမ်းအနားသို့ တတ်ရောက်ခဲ့သည့် တာဝန်ရှိသူများနှင့် ကျောင်းသား/သူများ အနက် ကျောင်းသား/သူ အချို့ မူးမေ့ ၊ သတိလစ်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မူးမေ့ ၊ သတိလစ် ကျောင်းသား/သူများအား တောင်ကြီးခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ တောင်ကြီးမြို့နယ် နှင့် ရပ်စောက်မြို့နယ် ကြက်ခြေနီအဖွဲ့ဝင်များ၊ စေတနာ့လုပ်အားရှင်တို့မှ ရှေးဦးပြုစုပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရှေးဦးပြုစုပေးနောက် လိုအပ်သောလူနာများအား ဆေးရုံသို့ပို့ဆောင်‌ပေးခဲ့ကြောင်း ကြက်ခြေနီ အသင်းမှ ဆိုသည်။

zawgyi version
ေတာင္ႀကီးၿမိဳ႕၌က်င္းပေသာ မူးယစ္ေဆးဝါးမ်ားမီးရႈိ႕ဖ်က္ဆီးသည့္အခမ္းအနားသို႔ တက္ေရာက္ခဲ့သည့္ ေက်ာင္းသား/သူ အခ်ိဳ႕ မူးေမ့သတိလစ္မႈျဖစ္ပြား

Pearl (NP News) - ဇြန္ ၂၇

ေတာင္ႀကီးၿမိဳ႕၌က်င္းပေသာ မူးယစ္ေဆးဝါးမ်ားမီးရႈိ႕ဖ်က္ဆီးသည့္အခမ္းအနားသို႔ တက္ေရာက္ခဲ့သည့္ ေက်ာင္းသား/သူ အခ်ိဳ႕ မူးေမ့သတိလစ္မႈျဖစ္ပြားခဲ့ေၾကာင္း ေတာင္ႀကီးၿမိဳ႕နယ္ၾကက္ေျခနီသူနာျပဳတပ္ဖြဲ႕ထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ဇြန္လ ၂၆ ရက္) ၊ ေန႔လည္ (၁၁) နာရီအခ်ိန္တြင္ ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕၊ အေဝရာမီးပုံးပ်ံကြင္း၌က်င္းပေသာ အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးေန႔အခမ္းအနား၌ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

အဆိုပါ အခမ္းအနား၌ ရွမ္းျပည္နယ္ ႏွင့္ ကယားျပည္နယ္တို႔မွ တစ္ႏွစ္တာ ဖမ္းဆီးရမိသည့္ မူးယစ္ေဆးဝါး ၂၃ မ်ိဳးႏွင့္ ဓာတုပစၥည္း ၅၂ မ်ိဳး၊ စုစုေပါင္းတန္ဖိုး ျမန္မာေငြက်ပ္ ၃၅၅ ဒသမ ၂၆၈ ဘီလ်ံေက်ာ္(အေမရိကန္ေဒၚလာ ၁၆၉ ဒသမ ၁၇၅ သန္း)အား ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။

ထိုသို႔ မီးရႈိ႕ဖ်က္ဆီးျခင္းမ်ားျပဳလုပ္ရာ အခမ္းအနားသို႔ တတ္ေရာက္ခဲ့သည့္ တာဝန္ရွိသူမ်ားႏွင့္ ေက်ာင္းသား/သူမ်ား အနက္ ေက်ာင္းသား/သူ အခ်ိဳ႕ မူးေမ့ ၊ သတိလစ္မႈမ်ားျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ မူးေမ့ ၊ သတိလစ္ ေက်ာင္းသား/သူမ်ားအား ေတာင္ႀကီးခ႐ိုင္ၾကက္ေျခနီ ႀကီးၾကပ္မႈေကာ္မတီအဖြဲ႕ဝင္မ်ား၊ ေတာင္ႀကီးၿမိဳ႕နယ္ ႏွင့္ ရပ္ေစာက္ၿမိဳ႕နယ္ ၾကက္ေျခနီအဖြဲ႕ဝင္မ်ား၊ ေစတနာ့လုပ္အားရွင္တို႔မွ ေရွးဦးျပဳစုေပးခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ေရွးဦးျပဳစုေပးေနာက္ လိုအပ္ေသာလူနာမ်ားအား ေဆး႐ုံသို႔ပို႔ေဆာင္‌ေပးခဲ့ေၾကာင္း ၾကက္ေျခနီ အသင္းမွ ဆိုသည္။

Related news

© 2021. All rights reserved.