ပြင်သစ်နိုင်ငံ ပါရီမြို့ ဆင်ခြေဖုံးရပ်ကွက်မှာ အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်သတ်ခဲ့ခြင်းကြောင့် ဆန္ဒပြမှုတွေဖြစ်ပေါ်နေ

 763

ရောင်နီ (NP News) - ဇွန် ၂၈

ပြင်သစ်နိုင်ငံ၊ ပါရီမြို့ ဆင်ခြေဖုံးရှိ နန်တာရီမြို့မှာ အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို လမ်းစည်းကမ်း မလိုက်နာခြင်းကြောင့်ဆိုကာ ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့ပြီး အဆိုပါဖြစ်ရပ်ကြောင့် ဆန္ဒပြမှုတွေ ဖြစ်ပေါ် လာခဲ့ပါတယ်။

အဆိုပါ ဆယ်ကျော်သက်လူငယ်ဟာ အင်္ဂါနေ့(ဇွန်လ ၂၇ ရက်) အစောပိုင်းက ပါရီမြို့အနောက်ဘက် ဆင်ခြေဖုံး ရပ်ကွက်မှာ အငှားကားတစ်စီးကို မောင်းနှင်နေခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့က ၎င်းကို လမ်းစည်းကမ်းဖောက်ဖျက်မှုနဲ့ ပစ်သတ်ခဲ့တာဖြစ်တယ်လို့ အစိုးရရှေ့နေတွေက ပြောကြားခဲ့ပါတယ်။ ပြင်သစ်သတင်းဌာန AFP မှ ဆိုရှယ်မီဒီယာ ပေါ်မှာဖော်ပြထားတဲ့ ဗီဒီယိုဖိုင်မှာ ရဲအရာရှိနှစ်ဦးဟာ ဆယ်ကျော်သက်အမျိုးသားကို သေနတ်နဲ့ချိန်ပြီး မော်တော် ယာဉ်ရပ်ဖို့ ပြောနေတာတွေ့ရပါတယ်။ အဲဒီနောက် လူငယ်က ဂရုမစိုက်ဘဲ ဆက်လက်မောင်းနှင်နေခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ၄င်းကို ပစ်ခတ်ခဲ့တာတွေ့ရပါတယ်။

အခင်းဖြစ်ပွားရာနေရာမှာ ဆယ်ကျော်သက်အမျိုးသားကို အရေးပေါ်ကယ်ဆယ်ဖို့ ကြိုးစားခဲ့ပေမယ့် မကြာခင်မှာပဲ သေဆုံးသွားခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြောင့် အင်္ဂါနေ့ (ဇွန်လ ၂၇ ရက်) နှောင်းပိုင်းက ရဲတပ်ဖွဲ့ဌာနချုပ် အပြင်ဘက်မှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူအကြား တင်းမာမှုများ မြင့်တက်လာခဲ့ကာ ဆန္ဒပြသူတွေက မီးသတ် ကားများ၊ ရဲကားများကို မီးတင်ရှို့ခြင်း၊ ဘတ်စ်ကားမှတ်တိုင်များကို ဖျက်ဆီးခြင်းတို့ပြုလုပ်ခဲ့သလို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ လက်ပစ်ဗုံးများနဲ့ ဆန္ဒပြလူစုကို ဖြိုခွင်းခဲ့တယ်လို့ သိရပါတယ်။ ဆန္ဒပြ လူကိုးဦး ဖမ်းဆီး ထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။ ယာဉ်မောင်းကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်ဆိုတဲ့ ရဲအရာရှိကို လူသတ်မှု စွဲချက်နဲ့ ဖမ်းဆီးထားကြောင်း သိရပါတယ်။

Zawgyi Version;
ျပင္သစ္ႏိုင္ငံ ပါရီၿမိဳ႕ ဆင္ေျခဖုံးရပ္ကြက္မွာ အသက္ ၁၇ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးကို ရဲတပ္ဖြဲ႕က ေသနတ္နဲ႔ ပစ္သတ္ခဲ့ျခင္းေၾကာင့္ ဆႏၵျပမႈေတြျဖစ္ေပၚေန
ေရာင္နီ (NP News) - ဇြန္ ၂၈

ျပင္သစ္ႏိုင္ငံ၊ ပါရီၿမိဳ႕ ဆင္ေျခဖုံးရွိ နန္တာရီၿမိဳ႕မွာ အသက္ ၁၇ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးကို လမ္းစည္းကမ္း မလိုက္နာျခင္းေၾကာင့္ဆိုကာ ရဲတပ္ဖြဲ႕က ေသနတ္နဲ႔ပစ္ခတ္ခဲ့ၿပီး အဆိုပါျဖစ္ရပ္ေၾကာင့္ ဆႏၵျပမႈေတြ ျဖစ္ေပၚ လာခဲ့ပါတယ္။

အဆိုပါ ဆယ္ေက်ာ္သက္လူငယ္ဟာ အဂၤါေန႔(ဇြန္လ ၂၇ ရက္) အေစာပိုင္းက ပါရီၿမိဳ႕အေနာက္ဘက္ ဆင္ေျခဖုံး ရပ္ကြက္မွာ အငွားကားတစ္စီးကို ေမာင္းႏွင္ေနခဲ့တာျဖစ္ၿပီး ရဲတပ္ဖြဲ႕က ၎ကို လမ္းစည္းကမ္းေဖာက္ဖ်က္မႈနဲ႔ ပစ္သတ္ခဲ့တာျဖစ္တယ္လို႔ အစိုးရေရွ႕ေနေတြက ေျပာၾကားခဲ့ပါတယ္။ ျပင္သစ္သတင္းဌာန AFP မွ ဆိုရွယ္မီဒီယာ ေပၚမွာေဖာ္ျပထားတဲ့ ဗီဒီယိုဖိုင္မွာ ရဲအရာရွိႏွစ္ဦးဟာ ဆယ္ေက်ာ္သက္အမ်ိဳးသားကို ေသနတ္နဲ႔ခ်ိန္ၿပီး ေမာ္ေတာ္ ယာဥ္ရပ္ဖို႔ ေျပာေနတာေတြ႕ရပါတယ္။ အဲဒီေနာက္ လူငယ္က ဂ႐ုမစိုက္ဘဲ ဆက္လက္ေမာင္းႏွင္ေနျခင္းေၾကာင့္ ရဲတပ္ဖြဲ႕ဝင္တစ္ဦးက ၄င္းကို ပစ္ခတ္ခဲ့တာေတြ႕ရပါတယ္။

အခင္းျဖစ္ပြားရာေနရာမွာ ဆယ္ေက်ာ္သက္အမ်ိဳးသားကို အေရးေပၚကယ္ဆယ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ မၾကာခင္မွာပဲ ေသဆုံးသြားခဲ့ပါတယ္။

ဒီျဖစ္ရပ္ေၾကာင့္ အဂၤါေန႔ (ဇြန္လ ၂၇ ရက္) ေႏွာင္းပိုင္းက ရဲတပ္ဖြဲ႕ဌာနခ်ဳပ္ အျပင္ဘက္မွာ ဆႏၵျပမႈေတြ ျဖစ္ေပၚလာခဲ့ၿပီး ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ ဆႏၵျပသူအၾကား တင္းမာမႈမ်ား ျမင့္တက္လာခဲ့ကာ ဆႏၵျပသူေတြက မီးသတ္ ကားမ်ား၊ ရဲကားမ်ားကို မီးတင္ရႈိ႕ျခင္း၊ ဘတ္စ္ကားမွတ္တိုင္မ်ားကို ဖ်က္ဆီးျခင္းတို႔ျပဳလုပ္ခဲ့သလို ရဲတပ္ဖြဲ႕က မ်က္ရည္ယိုဗုံးမ်ား၊ လက္ပစ္ဗုံးမ်ားနဲ႔ ဆႏၵျပလူစုကို ၿဖိဳခြင္းခဲ့တယ္လို႔ သိရပါတယ္။ ဆႏၵျပ လူကိုးဦး ဖမ္းဆီး ထိန္းသိမ္းခံထားရတယ္လို႔ သိရပါတယ္။ ယာဥ္ေမာင္းကို ေသနတ္နဲ႔ ပစ္ခတ္ခဲ့တယ္ဆိုတဲ့ ရဲအရာရွိကို လူသတ္မႈ စြဲခ်က္နဲ႔ ဖမ္းဆီးထားေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.