ဆန်ကြမ်းဈေး ကျဆင်းလာပြီး ဆန်ချောဈေး အမြင့်ပိုင်းတွင် ဆက်ရှိနေ

 1699

NP News - ဇွန် ၃ဝ

ရန်ကုန်ဆန်ဈေးကွက်အတွင်း ဆန်ကြမ်းဈေး‌များ ကျဆင်းလာပြီး ဆန်ချောဈေး‌အမြင့်ပိုင်းတွင် ငြိမ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များ အသင်း ၊ ဝါးတန်းဆန်ကုန်စည်ဒိုင်မှ သိရသည်။

ဆန်ဈေးသည် မေလကထက် ဆန်ကြမ်းတစ်အိတ်လျှင် ကျပ်တစ်ထောင်စီ ကျဆင်းနေပြီး ဆန်ချောတစ်အိတ်လျှင် ငွေကျပ် ၂ဝဝဝ မှ ၄ဝဝဝ ကျပ်အထိ မြင့်တက်နေကြောင်းသိရသည်။

ရန်ကုန် လက်လီဈေးကွက်တွင် ဧရာဝတီဒေသမှထွက်ရှိသော ပေါ်ဆန်းတစ်ပြည်လျှင် ငွေကျပ် ၄ဝဝဝ မှ ၅ဝဝဝ ကျော်ဝန်းကျင်အထိရှိနေပြီး အကြမ်းတစ်ပြည်လျှင် ငွေကျပ်၂၅ဝဝ မှ ၃ဝဝဝ ကျပ်အထိ ရှိနေ သည်။

"အကြမ်းဈေးကျတယ်။ အချောဈေးကတော့ အတက်ဈေးမှာ သွားနေတယ်။ လက်တလောမှာ ရွှေဘိုဆန်ကတော့ လက်လီဆိုင်တွေမှာလည်း တအားကြီး ရောင်းအား မကောင်းဘူး ။ ဧရာဝတီပေါ်ဆန်းလောက်ပဲ ရောင်းရတယ်"ဟု ဝါးတန်းဆန်ကုန်စည်ဒိုင်မှ ကိုကျော်ကျော်က ပြောသည်။

ဝါးတန်းဆန်ကုန်စည်ဒိုင်တွင် ဇွန်လ ၃ဝ ရက်က ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ငွေကျပ် ၉၅ဝဝဝ မှ ၁၁ဝဝဝဝ ကျပ် ၊ ပေါ်ဆန်းတစ်အိတ်လျှင် ၈၇ဝဝဝ ကျပ်မှ ၈၈ဝဝဝ ကျပ် ၊ မြောင်းမြ ပေါ်ဆန်းရှယ် တစ်အိတ်လျှင် ၉၂ဝဝဝ ကျပ်မှ ၉၆ဝဝဝ ကျပ် ၊ ကြားပျံရှယ် တစ်အိတ်လျှင် ၉ဝဝဝဝ ကျပ်မှ ၉၃ဝဝဝ ကျပ်၊ ခွံနီရှယ်တစ်အိတ်လျှင် ၈ဝဝဝဝ ကျပ်မှ ၈၁၅ဝဝ ကျပ် ၊ သီးထပ်ရှယ် တစ်အိတ်လျှင် ၆၂ဝဝဝ ကျပ်မှ ၆၃ဝဝဝ ကျပ် ၊ ရက် ၉ဝ ရှယ် တစ်အိတ်လျှင် ၇ဝဝဝဝ ကျပ်မှ ၇၁၅ဝဝ ကျပ် အထိ အသီးသီး ပေါက်ဈေးရှိကြောင်း သိရသည်။

ဝါးတန်းကုန်စည်ဒိုင်ကို တစ်ရက်လျှင် ဆန်နှင့် ဆန်ကွဲအိတ်ရေ သုံးသောင်းခွဲမှ ခုနှစ်သောင်းကျော် ဝန်း ကျင်အထိ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ဆန်နှင့် ဆန်ကွဲသည် ဧရာဝတီတိုင်းမှ အဓိက ဝင်ရောက်လေ့ရှိသည့်အပြင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းစသည့် ဒေသများမှလည်း ဝင်‌ရောက်နေကြောင်းသိရသည်။

zawgyi version
ဆန္ၾကမ္းေဈး က်ဆင္းေနၿပီး ဆန္ေခ်ာေဈး အျမင့္ပိုင္းတြင္ ဆက္ရွိေန

NP News - ဇြန္ ၃ဝ

ရန္ကုန္ဆန္ေဈးကြက္အတြင္း ဆန္ၾကမ္းေဈး‌မ်ား က်ဆင္းေနၿပီး ဆန္ေခ်ာေဈး‌အျမင့္ပိုင္းတြင္ ၿငိမ္ေနေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးကုန္သည္မ်ား အသင္း ၊ ဝါးတန္းဆန္ကုန္စည္ဒိုင္မွ သိရသည္။

ဆန္ေဈးသည္ ေမလကထက္ ဆန္ၾကမ္းတစ္အိတ္လွ်င္ က်ပ္တစ္ေထာင္စီ က်ဆင္းေနၿပီး ဆန္ေခ်ာတစ္အိတ္လွ်င္ ေငြက်ပ္ ၂ဝဝဝ မွ ၄ဝဝဝ က်ပ္အထိ ျမင့္တက္ေနေၾကာင္းသိရသည္။

ရန္ကုန္ လက္လီေဈးကြက္တြင္ ဧရာဝတီေဒသမွထြက္ရွိေသာ ေပၚဆန္းတစ္ျပည္လွ်င္ ေငြက်ပ္ ၄ဝဝဝ မွ ၅ဝဝဝ ေက်ာ္ဝန္းက်င္အထိရွိေနၿပီး အၾကမ္းတစ္ျပည္လွ်င္ ေငြက်ပ္၂၅ဝဝ မွ ၃ဝဝဝ က်ပ္အထိ ရွိေန သည္။

"အၾကမ္းေဈးက်တယ္။ အေခ်ာေဈးကေတာ့ အတက္ေဈးမွာ သြားေနတယ္။ လက္တေလာမွာ ေ႐ႊဘိုဆန္ကေတာ့ လက္လီဆိုင္ေတြမွာလည္း တအားႀကီး ေရာင္းအား မေကာင္းဘူး ။ ဧရာဝတီေပၚဆန္းေလာက္ပဲ ေရာင္းရတယ္"ဟု ဝါးတန္းဆန္ကုန္စည္ဒိုင္မွ ကိုေက်ာ္ေက်ာ္က ေျပာသည္။

ဝါးတန္းဆန္ကုန္စည္ဒိုင္တြင္ ဇြန္လ ၃ဝ ရက္က ေ႐ႊဘိုေပၚဆန္း တစ္အိတ္လွ်င္ ေငြက်ပ္ ၉၅ဝဝဝ မွ ၁၁ဝဝဝဝ က်ပ္ ၊ ေပၚဆန္းတစ္အိတ္လွ်င္ ၈၇ဝဝဝ က်ပ္မွ ၈၈ဝဝဝ က်ပ္ ၊ ေျမာင္းျမ ေပၚဆန္းရွယ္ တစ္အိတ္လွ်င္ ၉၂ဝဝဝ က်ပ္မွ ၉၆ဝဝဝ က်ပ္ ၊ ၾကားပ်ံရွယ္ တစ္အိတ္လွ်င္ ၉ဝဝဝဝ က်ပ္မွ ၉၃ဝဝဝ က်ပ္၊ ခြံနီရွယ္တစ္အိတ္လွ်င္ ၈ဝဝဝဝ က်ပ္မွ ၈၁၅ဝဝ က်ပ္ ၊ သီးထပ္ရွယ္ တစ္အိတ္လွ်င္ ၆၂ဝဝဝ က်ပ္မွ ၆၃ဝဝဝ က်ပ္ ၊ ရက္ ၉ဝ ရွယ္ တစ္အိတ္လွ်င္ ၇ဝဝဝဝ က်ပ္မွ ၇၁၅ဝဝ က်ပ္ အထိ အသီးသီး ေပါက္ေဈးရွိေၾကာင္း သိရသည္။

ဝါးတန္းကုန္စည္ဒိုင္ကို တစ္ရက္လွ်င္ ဆန္ႏွင့္ ဆန္ကြဲအိတ္ေရ သုံးေသာင္းခြဲမွ ခုႏွစ္ေသာင္းေက်ာ္ ဝန္း က်င္အထိ ဝင္ေရာက္လ်က္ရွိေၾကာင္း သိရသည္။

ဆန္ႏွင့္ ဆန္ကြဲသည္ ဧရာဝတီတိုင္းမွ အဓိက ဝင္ေရာက္ေလ့ရွိသည့္အျပင္ ရန္ကုန္တိုင္း၊ ပဲခူးတိုင္း၊ စစ္ကိုင္းတိုင္းစသည့္ ေဒသမ်ားမွလည္း ဝင္‌ေရာက္ေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.