ဖားကန့်- နန့်ယား -မန္တလေးလမ်းပိုင်းပွင့်သည့်အတွက် ဖားကန့်တွင်ကုန်စျေးနှုန်းများပြန်ကျ

460

သက်ပိုင် ( NP News) - ဩဂုတ် ၄
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကုန်စည်များအဓိကတင်သွင်းရာ လမ်းကြောင်းတစ်ခုဖြစ်သည့် ဖားကန့်- နန့်ယား -မန္တလေးလမ်းပိုင်းပွင့်သွားသည့်အတွက် အဆမတန်မြင့်တက်လျက်ရှိသော ကုန်စည်စျေးနှုန်းများမှာ ပြန်လည်ကျဆင်းလာနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းက တပ်မတော်နှင့် KIA တို့ စစ်ရေးတင်းမာမှုများကြောင့် ကုန်စည်လမ်းကြောင်းများ သွာလာရေးခက်ခဲ ခဲ့သည့်အတွက် ကုန်စျေးနှုန်း အဆမတန် မြင့်တက်မှုနှင့် ကြုံခဲ့ရသော်လည်း ဩဂုတ်လ (၂) နေ့မှစတင်ကာ ဖားကန့်- နန့်ယား -မန္တလေးလမ်းပိုင်း ပွင့်သွားခဲ့သည့်အတွက် လက်ရှိတွင် ကုန်စျေးနှုန်းများ ပြန်လည် ကျဆင်းနေပြီဖြစ်ကြောင်း သိရသည်။
“ကြက်ဥ ကတော့ အလုံး(၃၀)ကို သုံးသောင်းဆိုတော့ (၁)လုံး တစ်ထောင်ပါ။အာလူးကလည်း တစ်ပိဿာ (၁၂၀၀၀) ပဲ ရှိပါတော့တယ်။မနေ့က တစ်ပိဿာ (၄၀၀၀၀)ဈေးနဲ့ ဝယ်ခဲ့ရတာနဲ့ယှဉ်ရင် အရမ်းကို ထိုးကျသွားပါပြီ။နေက်ရက်တွေလည်း ထပ်ကျဖို့ပဲရှိပါတော့မယ်။ မင်္ဂလာရှိသောနေ့လို့ ပြောချင်ပေမယ့် တစ်ဖက်မှာ တိုက်ပွဲက အတော်ကို ပြင်းပြင်းထန်ထန် ပစ်နေကြလို့ စိတ်တော့ မအေးရသေးပါဘူး” ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။
ကုန်စည်လမ်းကြောင်းများ အဆင်မပြေခဲ့စဉ်က ကြက်သားတစ်ပိသာလျှင် ငွေကျပ်တစ်သိန်းကျော်၊ ဝက်သားတစ်ပိဿလျှင် ငွေကျပ်(၈၀၀၀၀)အပြင် ကြက်ဥ(၁)လုံးလျှင် ကျပ်(၅၀၀၀) အထိဈေးမြင့်တက်ခဲ့ပြီး ဆန်တစ်အိတ်လျှင် (၂၀၀၀၀၀)ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿလျှင် ကျပ် (၂၀,၀၀၀)၊ အာလူး တစ်ပိဿာ လျှင် ကျပ် (၈,၀၀၀) ၊ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်( ၅,၀၀၀ )၊ ကြက်သွန်ဖြူတစ်ပိဿာ လျှင် ကျပ် (၁၅,၀၀၀ )၊ နှင့် ဆိတစ်ပိဿလျှင် ကျပ်(၂၆၀၀၀)အထိ စံချိန်တင်စျေးနှုန်းမြင့်တက်မှုများနှင့် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
သို့သော်လည်း ကုန်စည်သယ်ယူရေး လမ်းကြောင်းများ ပြန်ပွင့်လာပြီးနောက် ယနေ့(ဩဂုတ် ၄) ရက်နေ့တွင် အဆိုပါစျေးနှုန်းများမှာ ထက်ဝက်ကျော်ကျဆင်းသွားပြီဖြစ်ကြောင်း သိရသည်။
သို့သော်လက်ရှိ ဖားကန့်ဒေသတွင် တပ်မတော်နှင့် KIA ၊ PDF ပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး လက်နက်ကြီးထိမှန်မှုများကြောင့် အရပ်သားထိခိုက်၊ဒဏ်ရာရသေဆုံးမှုများလည်း ရှိနေကြောင်း ဒေသခံများကဆိုသည်။

Zawgyi Version:
ဖားကန့်- နန့်ယား -မန္တလေးလမ်းပိုင်းပွင့်သည့်အတွက် ဖားကန့်တွင်ကုန်ဈေးနှုန်းများပြန်ကျ
သက်ပိုင် ( NP News) - ဩဂုတ် ၎
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကုန်စည်များအဓိကတင်သွင်းရာ လမ်းကြောင်းတစ်ခုဖြစ်သည့် ဖားကန့်- နန့်ယား -မန္တလေးလမ်းပိုင်းပွင့်သွားသည့်အတွက် အဆမတန်မြင့်တက်လျက်ရှိသော ကုန်စည်ဈေးနှုန်းများမှာ ပြန်လည်ကျဆင်းလာနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းက တပ်မတော်နှင့် KIA တို့ စစ်ရေးတင်းမာမှုများကြောင့် ကုန်စည်လမ်းကြောင်းများ သွာလာရေးခက်ခဲ ခဲ့သည့်အတွက် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုနှင့် ကြုံခဲ့ရသော်လည်း ဩဂုတ်လ (၂) နေ့မှစတင်ကာ ဖားကန့်- နန့်ယား -မန္တလေးလမ်းပိုင်း ပွင့်သွားခဲ့သည့်အတွက် လက်ရှိတွင် ကုန်ဈေးနှုန်းများ ပြန်လည် ကျဆင်းနေပြီဖြစ်ကြောင်း သိရသည်။
ကုန်စည်လမ်းကြောင်းများ အဆင်မပြေခဲ့စဉ်က ကြက်သားတစ်ပိသာလျှင် ငွေကျပ်တစ်သိန်းကျော်၊ ဝက်သားတစ်ပိဿလျှင် ငွေကျပ်(၈၀၀၀၀)အပြင် ကြက်ဥ(၁)လုံးလျှင် ကျပ်(၅၀၀၀) အထိဈေးမြင့်တက်ခဲ့ပြီး ဆန်တစ်အိတ်လျှင် (၂၀၀၀၀၀)ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿလျှင် ကျပ် (၂၀,၀၀၀)၊ အာလူး တစ်ပိဿာ လျှင် ကျပ် (၈,၀၀၀) ၊ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်( ၅,၀၀၀ )၊ ကြက်သွန်ဖြူတစ်ပိဿာ လျှင် ကျပ် (၁၅,၀၀၀ )၊ နှင့် ဆိတစ်ပိဿလျှင် ကျပ်(၂၆၀၀၀)အထိ စံချိန်တင်ဈေးနှုန်းမြင့်တက်မှုများနှင့် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
သို့သော်လည်း ကုန်စည်သယ်ယူရေး လမ်းကြောင်းများ ပြန်ပွင့်လာပြီးနောက် ယနေ့(ဩဂုတ် ၄) ရက်နေ့တွင် အဆိုပါဈေးနှုန်းများမှာ ထက်ဝက်ကျော်ကျဆင်းသွားပြီဖြစ်ကြောင်း သိရသည်။