ဘတ္ထရီကို ကိုယ်တိုင်အစားထိုးလဲလှယ်နိုင်သည့် စက်ရုပ်ကို တရုတ်တီထွင်

152

Pika (NP News) - သြဂုတ် ၆
တရုတ်ထုတ်စက်ရုပ် Walker S2 လူသား ပုံစံစက်ရုပ်သည် ၎င်း၏ကိုယ်ပိုင်ဘက်ထရီကို အစား ထိုးမှုများလုပ်ဆောင်နိုင်သည့် ကမ္ဘာ့ပထမဆုံး စက်ရုပ်ဖြစ်ပြီး တစ်ရက်လျှင် အချိန်(၂၄)နာရီနှင့် တစ်နှစ် လျှင် (၃၆၅)ရက်အထိ လုပ်ကိုင်လည်ပတ်နိုင်စွမ်းရှိကြောင်း သိရသည်။
ယခုလအစောပိုင်းတွင် တရုတ်စက်ရုပ် ကုမ္ပဏီ UB Tech Robotics က ထုတ်ပြန်ပြသခဲ့သည့် Walker S2 လူသားပုံစံစက်ရုပ်သည် ပါဝါ မကုန်သွားစေရန်အတွက် ၎င်း၏ကိုယ်ပိုင်ဘက်ထရီ ကို အစားထိုးမှုများလုပ်ဆောင်နိုင်သည့် ထူးခြားသော စွမ်းရည်ကြောင့် အာရုံစူးစိုက်မှုများစွာကို ရရှိခဲ့ ကြောင်းသိရသည်။ သမားရိုးကျစက်ရုပ်များသည် ပလပ်တပ်ထားရန် (သို့) ၎င်းတို့၏ဘက်ထရီများ ကို အစားထိုးရန်လိုအပ်ကြောင်းလည်း သိရသည်။သို့သော်လည်း Walker S2 လူသားပုံစံစက်ရုပ်တွင် ဘတ္ထရီတစ်လုံးစီကို ကိုယ်တိုင်အစားထိုးမှုများ လုပ်ဆောင်နိုင်သည့် ဘက်ထရီနှစ်လုံးပါသောစနစ်ကို တပ်ဆင်ထားကြောင်းသိရသည်။
မကြာသေးမီက UB Tech Robotics ကုမ္ပဏီက မျှဝေထားသော ဗီဒီယိုဖိုင်တစ်ခုတွင် Walker S2လူသားပုံစံစက်ရုပ်သည် ၎င်း၏ကိုယ်တိုင်ဘက်ထရီလဲလှယ်နိုင်မှုကို ပြသထားကြောင်း သိရသည်။ Walker S2 လူသားပုံစံစက်ရုပ်၏ ဘက်ထရီများ အားနည်းနေပြီဖြစ်ကြောင်း အချက်ပြသည့်အချိန်တွင် စက်ရုပ်သည် ၎င်း၏လက်များကို ကွေးကာ နောက်ကျောမှ ဘတ္ထရီတစ်လုံးကိုထုတ်ယူပြီး ဘက်ထရီ သိမ်းဆည်းသည့်စင်တွင် တင်ထားသည်ကို အဆိုပါဗီဒီယိုဖိုင်တွင် တွေ့မြင်ခဲ့ရသည်။
ထို့နောက် အဆိုပါစက်ရုပ်သည် အားအပြည့်သွင်းထားသော ဘတ္ထရီတစ်လုံးကိုယူကာ ကိုယ် တိုင်အစားထိုးမှုများလုပ်ဆောင်ပြီးနောက် အလုပ် ပြန်လုပ်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။ ဘက် ထရီအစားထိုးခြင်းလုပ်ငန်းစဉ်သည် ရိုးရှင်းကာ ထိရောက်သည့်လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ပြီးဆုံးရန် အတွက် မိနစ်အနည်းငယ်သာ အချိန်ယူရကြောင်းသိရသည်။

Zawgyi Version:
ဘတၳရီကို ကိုယ္တိုင္အစားထိုးလဲလွယ္ႏိုင္သည့္ စက္႐ုပ္ကို တ႐ုတ္တီထြင္
Pika (NSS) - ၾသဂုတ္ ၆
တ႐ုတ္ထုတ္စက္႐ုပ္ Walker S2 လူသား ပုံစံစက္႐ုပ္သည္ ၎၏ကိုယ္ပိုင္ဘက္ထရီကို အစား ထိုးမႈမ်ားလုပ္ေဆာင္ႏိုင္သည့္ ကမာၻ႔ပထမဆုံး စက္႐ုပ္ျဖစ္ၿပီး တစ္ရက္လွ်င္ အခ်ိန္(၂၄)နာရီႏွင့္ တစ္ႏွစ္ လွ်င္ (၃၆၅)ရက္အထိ လုပ္ကိုင္လည္ပတ္ႏိုင္စြမ္းရွိေၾကာင္း သိရသည္။
ယခုလအေစာပိုင္းတြင္ တ႐ုတ္စက္႐ုပ္ ကုမၸဏီ UB Tech Robotics က ထုတ္ျပန္ျပသခဲ့သည့္ Walker S2 လူသားပုံစံစက္႐ုပ္သည္ ပါဝါ မကုန္သြားေစရန္အတြက္ ၎၏ကိုယ္ပိုင္ဘက္ထရီ ကို အစားထိုးမႈမ်ားလုပ္ေဆာင္ႏိုင္သည့္ ထူးျခားေသာ စြမ္းရည္ေၾကာင့္ အာ႐ုံစူးစိုက္မႈမ်ားစြာကို ရရွိခဲ့ ေၾကာင္းသိရသည္။ သမား႐ိုးက်စက္႐ုပ္မ်ားသည္ ပလပ္တပ္ထားရန္ (သို႔) ၎တို႔၏ဘက္ထရီမ်ား ကို အစားထိုးရန္လိုအပ္ေၾကာင္းလည္း သိရသည္။သို႔ေသာ္လည္း Walker S2 လူသားပုံစံစက္႐ုပ္တြင္ ဘတၳရီတစ္လုံးစီကို ကိုယ္တိုင္အစားထိုးမႈမ်ား လုပ္ေဆာင္ႏိုင္သည့္ ဘက္ထရီႏွစ္လုံးပါေသာစနစ္ကို တပ္ဆင္ထားေၾကာင္းသိရသည္။
မၾကာေသးမီက UB Tech Robotics ကုမၸဏီက မွ်ေဝထားေသာ ဗီဒီယိုဖိုင္တစ္ခုတြင္ Walker S2လူသားပုံစံစက္႐ုပ္သည္ ၎၏ကိုယ္တိုင္ဘက္ထရီလဲလွယ္ႏိုင္မႈကို ျပသထားေၾကာင္း သိရသည္။ Walker S2 လူသားပုံစံစက္႐ုပ္၏ ဘက္ထရီမ်ား အားနည္းေနၿပီျဖစ္ေၾကာင္း အခ်က္ျပသည့္အခ်ိန္တြင္ စက္႐ုပ္သည္ ၎၏လက္မ်ားကို ေကြးကာ ေနာက္ေက်ာမွ ဘတၳရီတစ္လုံးကိုထုတ္ယူၿပီး ဘက္ထရီ သိမ္းဆည္းသည့္စင္တြင္ တင္ထားသည္ကို အဆိုပါဗီဒီယိုဖိုင္တြင္ ေတြ႕ျမင္ခဲ့ရသည္။
ထို႔ေနာက္ အဆိုပါစက္႐ုပ္သည္ အားအျပည့္သြင္းထားေသာ ဘတၳရီတစ္လုံးကိုယူကာ ကိုယ္ တိုင္အစားထိုးမႈမ်ားလုပ္ေဆာင္ၿပီးေနာက္ အလုပ္ ျပန္လုပ္သြားမည္ျဖစ္ေၾကာင္းလည္းသိရသည္။ ဘက္ ထရီအစားထိုးျခင္းလုပ္ငန္းစဥ္သည္ ႐ိုးရွင္းကာ ထိေရာက္သည့္လုပ္ငန္းစဥ္တစ္ခုျဖစ္ၿပီး ၿပီးဆုံးရန္ အတြက္ မိနစ္အနည္းငယ္သာ အခ်ိန္ယူရေၾကာင္းသိရသည္။