တောင်ငူမြို့နယ်ရှိ ရန်ကုန်-မန္တလေး ရထားသံလမ်းတံတားကို လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှ မိုင်းထောင်ဖောက်ခွဲခဲ့ဟု ရဲတပ်ဖွဲ့ဆို

 7374

NP News - ဇွန် ၃ဝ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ ရန်ကုန်-မန္တလေး ရထားသံလမ်းတံတားကို လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သော ဇွန်လ ၂၆ ရက်၊ ည ၁ဝ နာရီ ၄ဝ မိနစ်အချိန်တွင် တောင်ငူမြို့နယ်၊ ရေပုတ်ကုန်းကျေးရွာ၊ ရန်ကုန်-မန္တလေး ရထားလမ်း မိုင်တိုင်အမှတ်(၁၆၅)မိုင် ၆ဖာလုံ အနီးရှိ တံတားအမှတ်(၂၆၆)တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ တံတားအမှတ်(၂၆၆)ကို လက်ကိုင်သောင်းကျန်းသူအဖွဲ့(စိစစ်စဲ)က မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် တံတား၏အုတ်ခုံတွင် မိုင်းစထိမှန်ကာ အနည်းငယ်ပျက်စီးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

အထက်ပါဖြစ်စဉ်တွင် အကြမ်းဖက်မှု လုပ်ရပ်များအား လုပ်ဆောင်ခဲ့သူများကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် အကြမ်းဖက်သမားများသည် ပြည်သူလုထုနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်စေသော ရည်ရွယ်ချက်ဖြင့် လမ်းမကြီးများ၊ လမ်းများ၊ ရထားလမ်းများနှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲခြင်း ပစ်ပေါက်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်းလည်း ရဲတပ်ဖွဲ့မှ ထည့်သွင်းပြောဆိုထားသည်။

zawgyi version
ေတာင္ငူၿမိဳ႕နယ္ရွိ ရန္ကုန္-မႏၲေလး ရထားသံလမ္းတံတားကို လက္နက္ကိုင္ေသာင္းက်န္းသူအဖြဲ႕မွ မိုင္းေထာင္ေဖာက္ခြဲခဲ့ဟု ရဲတပ္ဖြဲ႕ဆို

NP News - ဇြန္ ၃ဝ

ပဲခူးတိုင္း၊ ေတာင္ငူၿမိဳ႕နယ္ရွိ ရန္ကုန္-မႏၲေလး ရထားသံလမ္းတံတားကို လက္နက္ကိုင္ေသာင္းက်န္းသူအဖြဲ႕က မိုင္းေထာင္ေဖာက္ခြဲခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

ၿပီးခဲ့ေသာ ဇြန္လ ၂၆ ရက္၊ ည ၁ဝ နာရီ ၄ဝ မိနစ္အခ်ိန္တြင္ ေတာင္ငူၿမိဳ႕နယ္၊ ေရပုတ္ကုန္းေက်း႐ြာ၊ ရန္ကုန္-မႏၲေလး ရထားလမ္း မိုင္တိုင္အမွတ္(၁၆၅)မိုင္ ၆ဖာလုံ အနီးရွိ တံတားအမွတ္(၂၆၆)တြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ တံတားအမွတ္(၂၆၆)ကို လက္ကိုင္ေသာင္းက်န္းသူအဖြဲ႕(စိစစ္စဲ)က မိုင္းေထာင္ေဖာက္ခြဲ ဖ်က္ဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးမႈေၾကာင့္ တံတား၏အုတ္ခုံတြင္ မိုင္းစထိမွန္ကာ အနည္းငယ္ပ်က္စီးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။

အထက္ပါျဖစ္စဥ္တြင္ အၾကမ္းဖက္မႈ လုပ္ရပ္မ်ားအား လုပ္ေဆာင္ခဲ့သူမ်ားကို ဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းေဖာ္ထုတ္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

လက္ရွိတြင္ အၾကမ္းဖက္သမားမ်ားသည္ ျပည္သူလုထုႏွင့္ အုပ္ခ်ဳပ္ေရးတာဝန္ရွိသူမ်ားအား ထိခိုက္ေစေသာ ရည္႐ြယ္ခ်က္ျဖင့္ လမ္းမႀကီးမ်ား၊ လမ္းမ်ား၊ ရထားလမ္းမ်ားႏွင့္ ဌာနဆိုင္ရာ႐ုံးမ်ားအား လက္လုပ္ဗုံး၊ လက္လုပ္မိုင္းမ်ားျဖင့္ ေဖာက္ခြဲျခင္း ပစ္ေပါက္ျခင္းမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္းလည္း ရဲတပ္ဖြဲ႕မွ ထည့္သြင္းေျပာဆိုထားသည္။

Picture

L Mone

30/06/2023 16:38

လူမျိုးရေး ဘာသာ ရေး အစွန်းရောက်အဖွဲ့ ပါ...KNU နာမည်နဲ့မတန်တော့ပါသဖြင့်...စာထုတ်ကြပါ...ဇော်ကြီး...သတင်းထုတ်ပြန်ပေးပါ....

Picture

L Mone

30/06/2023 16:39

ဦးဇော်...နေရာလိုချင်သူတွေ...တကယ်လုပ်မဲ့သူတွေ..ထပ်ခေါ်ပါ...။ချွန်းဖွင့်လို့မရဘူးလား

Picture

My Mine

30/06/2023 21:24

ဒီကေအန်ယူက...ကေအိုင်အေထက်...ယုတ်မာလာနေတာနော်...ဒီကေဘီအေနဲ့ကေအန်အဲလေပိစစ်နဲ့..မွန်အဖွဲ့ကို...ခေါ်ထုတ်ဆွေးနွေးကြပါ...လက်နှေးလွန်းနေတာနော်...

Related news

© 2021. All rights reserved.