မြစ်ကြီးနားမြို့ရှိ ဗလမင်းထင်တံတားအနီးတွင် တပ်မတော် နှင့် KIA ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲဖြစ်

 1907

Pearl (NP News) - မေ ၉

မြစ်ကြီးနားမြို့၊ ဗလမင်းထင်တံတားအနီးတွင် တပ်မတော် နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မြစ်ကြီးနားဒေသခံများထံမှ သိရသည်။

ယနေ့ (မေလ ၉ ရက်)၊ နေ့လည် (၂) နာရီခွဲခန့်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ဝိုင်း‌မော်မြို့တို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတားအနီးရှိ တပ်မတော်ပူးပေါင်းဂိတ်ကို KIA၊ PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်ကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

“ဗလမင်းထင်နားက ပူးပေါင်းဂိတ်နားမှာ အပြန်အလှန် ပစ်နေကြတယ်။ အဲဒီနားက ရဲစခန်းထဲတော့ လက်နက်ကြီးတစ်လုံးကျတယ် ကြားတယ်။ ပစ်ရင်းခတ်ရင်းနဲ့။ တခြားတော့ ဘာမှ အတိအကျမသိရသေးဘူး” ဟု မြစ်ကြီးနားဒေသခံတစ်ဦးက NP News ကို ပြောသည်။

ပြီးခဲ့သည့် ဧပြီလ (၁၂)ရက်တွင်လည်း အဆိုပါ ဗလမင်းထင်တံတားအနီးရှိ တပ်မတော်လုံခြုံရေးအဖွဲ့ကို KIA၊ PDF ပူးပေါင်းအဖွဲ့က လာရောက်တိုက်ခိုက်ခဲ့ဖူးသည်။

KIA၊ PDF ပူးပေါင်းအဖွဲ့က ပြီးခဲ့သည့် မတ်လ (၇) ရက်မှ စတင်၍ မြစ်ကြီးနား - ဗန်းမော် လမ်းတစ်လျှောက်ရှိ တပ်မတော် လုံခြုံရေးစခန်းများကို တပြိုင်နက်တည်းဝင်ရောက် တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်တွင်လည်း တပ်မတော်လုံခြုံရေးစခန်းအချို့ကို ထိန်းချုပ်ထားကြောင်းသိရသည်။

zawgyi version
ျမစ္ႀကီးနားၿမိဳ႕ရွိ ဗလမင္းထင္တံတားအနီးတြင္ တပ္မေတာ္ ႏွင့္ KIA ပူးေပါင္းအဖြဲ႕တို႔ၾကား တိုက္ပြဲျဖစ္
Pearl (NP News) - ေမ ၉

ျမစ္ႀကီးနားၿမိဳ႕၊ ဗလမင္းထင္တံတားအနီးတြင္ တပ္မေတာ္ ႏွင့္ KIA၊ PDF ပူးေပါင္းအဖြဲ႕တို႔ၾကားတိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း ျမစ္ႀကီးနားေဒသခံမ်ားထံမွ သိရသည္။

ယေန႔ (ေမလ ၉ ရက္)၊ ေန႔လည္ (၂) နာရီခြဲခန႔္တြင္ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ႏွင့္ ဝိုင္း‌ေမာ္ၿမိဳ႕တို႔ကို ဆက္သြယ္ထားသည့္ ဗလမင္းထင္တံတားအနီးရွိ တပ္မေတာ္ပူးေပါင္းဂိတ္ကို KIA၊ PDF ပူးေပါင္းအဖြဲ႕က လက္နက္ႀကီးမ်ားျဖင့္ စတင္ပစ္ခတ္တိုက္ခိုက္ခဲ့သျဖင့္ ႏွစ္ဖက္ၾကား အျပန္အလွန္ ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

“ဗလမင္းထင္နားက ပူးေပါင္းဂိတ္နားမွာ အျပန္အလွန္ ပစ္ေနၾကတယ္။ အဲဒီနားက ရဲစခန္းထဲေတာ့ လက္နက္ႀကီးတစ္လုံးက်တယ္ ၾကားတယ္။ ပစ္ရင္းခတ္ရင္းနဲ႔။ တျခားေတာ့ ဘာမွ အတိအက်မသိရေသးဘူး” ဟု ျမစ္ႀကီးနားေဒသခံတစ္ဦးက NP News ကို ေျပာသည္။

ၿပီးခဲ့သည့္ ဧၿပီလ (၁၂)ရက္တြင္လည္း အဆိုပါ ဗလမင္းထင္တံတားအနီးရွိ တပ္မေတာ္လုံၿခဳံေရးအဖြဲ႕ကို KIA၊ PDF ပူးေပါင္းအဖြဲ႕က လာေရာက္တိုက္ခိုက္ခဲ့ဖူးသည္။

KIA၊ PDF ပူးေပါင္းအဖြဲ႕က ၿပီးခဲ့သည့္ မတ္လ (၇) ရက္မွ စတင္၍ ျမစ္ႀကီးနား - ဗန္းေမာ္ လမ္းတစ္ေလွ်ာက္ရွိ တပ္မေတာ္ လုံၿခဳံေရးစခန္းမ်ားကို တၿပိဳင္နက္တည္းဝင္ေရာက္ တိုက္ခိုက္ခဲ့ၿပီး လက္ရွိအခ်ိန္တြင္လည္း တပ္မေတာ္လုံၿခဳံေရးစခန္းအခ်ိဳ႕ကို ထိန္းခ်ဳပ္ထားေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.