KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးရှိ နမ်ဆန်ယန်ရွာ၌ တပ်မတော်နှင့် KIA အဖွဲ့တို့ကြား စစ်ရေး ဆက်လက် တင်းမာနေ

4732

မျိုးကြီး (NP News) - ဇူလိုင် ၄
KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးရှိ နမ်ဆန်ယန်ရွာ၌ တပ်မတော်နှင့် KIA အဖွဲ့တို့ကြား စစ်ရေး ဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။
နမ်ဆန်ယန်ရွာအနီးတစ်ဝိုက်တွင် ယမန်နေ့(ဇူလိုင် ၃ ရက်) နံနက်ပိုင်းတွင်လည်း တပ်မတော်နှင့် KIA လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ဆိုထားသည်။
လက်ရှိတွင် တိုက်ပွဲဖြစ်ပွားရာအနီးရှိ နမ်ဆန်ယန်ရွာ ဒေသခံပြည်သူများမှာ ဝိုင်းမော်မြို့နှင့် လိုင်ဇာမြို့ပေါ်သို့ သွားရောက်ကာ စစ်ဘေးရှောင်နေမှုများ ရှိကြောင်း သိရသည်။
“ဒီနေ့လည်း နှစ်ဖက်စစ်ရေးတော့ တင်းမာနေတယ်။ KIA ဘက်ကလည်း သတိထားဖို့ထုတ်ပြန်သလို တပ်မတော် ဘက်ကလည်း ပြည်သူတွေ ဒုက္ခမရောက်အောင် အခြေအနေကြည့်ပြီးတော့ ကားတွေကို သွားလာခိုင်းနေတာ ရှိတယ်လို့ ကြားရတယ်။ လမ်းပိတ်ထားတယ်လို့ တရားဝင်မကြားမိဘူး။ တိုက်ပွဲသဘောသဘာဝအရ ပစ်ခတ်မှု ဖြစ်တဲ့အခါကြတော့ ခဏတော့ ပိတ်မှာပဲ။ ဒါပေမယ့် တရားဝင်ပိတ်တယ်ဆိုတဲ့ အမိန့်ကတော့ မကြားရသေးဘူးဗျ” ဟု ဒေသခံတစ်ဦးက NP News ကို ပြောသည်။
နမ်ဆန်ယန်ရွာသည် ပြီးခဲ့သော နှစ်ကာလများအတွင်းက တိုက်ပွဲများကြောင့် ပျက်စီးထိခိုက်မှုများရှိခဲ့ကာ ဒေသခံ ပြည်သူများမှာ စစ်ဘေးရှောင်ခဲ့ရပြီး ၂ဝ၁၉ ခုနှစ်အတွင်း၌ ရပ်မိရပ်ဖများ၏ ကြားဝင်စေ့စပ်မှုဖြင့် နှစ်ဖက်သဘော တူညီမှုရယူကာ စစ်ဘေးရှောင်များ ပြန်လည်နေထိုင်နိုင်ရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“အဲဒီတော့ ၂ဝ၁၉ ခုနှစ်မှာ တပ်မတော်က လူကြီးတွေနဲ့ ရပ်မိရပ်ဖတွေ ကြားဝင်စေ့စပ်ပြီးတော့ ရွာကိုတော့ စစ်ရှောင်ဒုက္ခသည်တွေ ပြန်လာခိုင်းရအောင်၊ ဒီရပ်ဒီရွာမှာ တိုက်ပွဲမဖြစ်ရအောင် ဘယ်တပ်မှ မထိုင်ပေးပါနဲ့ဆိုတဲ့ မေတ္တာရပ်ခံချက်နဲ့ စစ်ရှောင်တွေကို ပြန်လာခိုင်းပြီးတော့ အဲဒီသဘောနဲ့ ရွာပြန်ဖြစ်လာခဲ့တယ်။ ကျွန်တော်လည်း အဲဒီအခမ်းအနားတွေမှာ ပါဝင်ခဲ့ဖူးပါတယ်။ အဲဒီတော့ တပ်မတော်ဘက်က ကတိတည်တယ်ဗျ။ အဲဒီမှာ တပ်တွေ မထိုင်ဘူး။ အဲဒီတော့ KIA ဘက်က ကတိမတည်ဘူး။ အဲဒီအထဲကို ဝင်တယ်။ ရွှေတွေ တူးတယ်။ ပြီးရင် အဲဒီမှာ အရပ်ဝတ်နဲ့တစ်ဖုံ၊ ယူနီဖောင်းနဲ့တစ်ဖုံ အမြဲတမ်း အဲဒီမှာရှိတယ်။ သူတို့ ကြီးစိုးနေတယ်။ အဲဒီအတွက် ဒီနေ့လို ပြဿနာတွေ ဖြစ်လာတယ်” ဟု ဒူးလေးပါတီဥက္ကဋ္ဌ ဦးရွှေမင်း က NP News ကို ပြောသည်။
လိုင်ဇာမြို့နယ်အတွင်း၌ တပ်မတော်က စစ်ကြောင်းလှုပ်ရှားမှုများ ရှိနေသည့်အတွက် အချိန်မရွေးတိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း KIO/KIA ဘက်က ယနေ့(ဇူလိုင် ၄ ရက်) တွင် ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
“နမ်ဆန်ယန်ဆိုတာလည်း လိုင်ဇာဌာနချုပ်နဲ့ အနီးဆုံးနေရာဖြစ်တဲ့အတွက် သူတို့လည်း စိုးရိမ်မှုတော်တော်ရှိနေ တာပေါ့ဗျာ။ ဒီဟာက အစပြုတာ တစ်ပတ်လောက်ရှိနေပြီ။ တပ်မတော်ကနေ ရွှေတူးတဲ့ကိစ္စတွေကို ကြားလို့ သွားတယ်ထင်ပါတယ်။ အဲဒီလိုသွားတဲ့အခါမှာ KIA တွေက စပစ်ခတ်တာ။ အဲဒီကနေ စပြီးတော့ စစ်ရေးပဋိပက္ခ ပြန်ပြီးတော့ စတင်လာတယ်လို့ ပြောလို့ရပါတယ်” ဟု ဥက္ကဋ္ဌဦးရွှေမင်းက ဆက်လက်ပြောဆိုထားသည်။
ထို့ပြင် KIO/KIA ဘက်က ဗန်းမော်-မြစ်ကြီးနား ကားလမ်းတစ်လျှောက်သွားလာခြင်းကို အတတ်နိုင်ဆုံး ရှောင်ရှားကြရန် သတိပေး ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရှိရသည်။

Zawgyi Version;
KIA ဌာနခ်ဳပ္ရွိရာ လိုင္ဇာၿမိဳ႕အနီးရွိ နမ္ဆန္ယန္႐ြာ၌ တပ္မေတာ္ႏွင့္ KIA အဖြဲ႕တို႔ၾကား စစ္ေရး ဆက္လက္ တင္းမာေန
မ်ိဳးႀကီး (NP News) - ဇူလိုင္ ၄
KIA ဌာနခ်ဳပ္ရွိရာ လိုင္ဇာၿမိဳ႕အနီးရွိ နမ္ဆန္ယန္႐ြာ၌ တပ္မေတာ္ႏွင့္ KIA အဖြဲ႕တို႔ၾကား စစ္ေရး ဆက္လက္တင္းမာေနေၾကာင္း သတင္းရရွိသည္။
နမ္ဆန္ယန္႐ြာအနီးတစ္ဝိုက္တြင္ ယမန္ေန႔(ဇူလိုင္ ၃ ရက္) နံနက္ပိုင္းတြင္လည္း တပ္မေတာ္ႏွင့္ KIA လက္နက္ကိုင္အဖြဲ႕တို႔အၾကား တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားက ဆိုထားသည္။
လက္ရွိတြင္ တိုက္ပြဲျဖစ္ပြားရာအနီးရွိ နမ္ဆန္ယန္႐ြာ ေဒသခံျပည္သူမ်ားမွာ ဝိုင္းေမာ္ၿမိဳ႕ႏွင့္ လိုင္ဇာၿမိဳ႕ေပၚသို႔ သြားေရာက္ကာ စစ္ေဘးေရွာင္ေနမႈမ်ား ရွိေၾကာင္း သိရသည္။
“ဒီေန႔လည္း ႏွစ္ဖက္စစ္ေရးေတာ့ တင္းမာေနတယ္။ KIA ဘက္ကလည္း သတိထားဖို႔ထုတ္ျပန္သလို တပ္မေတာ္ ဘက္ကလည္း ျပည္သူေတြ ဒုကၡမေရာက္ေအာင္ အေျခအေနၾကည့္ၿပီးေတာ့ ကားေတြကို သြားလာခိုင္းေနတာ ရွိတယ္လို႔ ၾကားရတယ္။ လမ္းပိတ္ထားတယ္လို႔ တရားဝင္မၾကားမိဘူး။ တိုက္ပြဲသေဘာသဘာဝအရ ပစ္ခတ္မႈ ျဖစ္တဲ့အခါၾကေတာ့ ခဏေတာ့ ပိတ္မွာပဲ။ ဒါေပမယ့္ တရားဝင္ပိတ္တယ္ဆိုတဲ့ အမိန႔္ကေတာ့ မၾကားရေသးဘူးဗ်” ဟု ေဒသခံတစ္ဦးက NP News ကို ေျပာသည္။
နမ္ဆန္ယန္႐ြာသည္ ၿပီးခဲ့ေသာ ႏွစ္ကာလမ်ားအတြင္းက တိုက္ပြဲမ်ားေၾကာင့္ ပ်က္စီးထိခိုက္မႈမ်ားရွိခဲ့ကာ ေဒသခံ ျပည္သူမ်ားမွာ စစ္ေဘးေရွာင္ခဲ့ရၿပီး ၂ဝ၁၉ ခုႏွစ္အတြင္း၌ ရပ္မိရပ္ဖမ်ား၏ ၾကားဝင္ေစ့စပ္မႈျဖင့္ ႏွစ္ဖက္သေဘာ တူညီမႈရယူကာ စစ္ေဘးေရွာင္မ်ား ျပန္လည္ေနထိုင္ႏိုင္ေရးေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
“အဲဒီေတာ့ ၂ဝ၁၉ ခုႏွစ္မွာ တပ္မေတာ္က လူႀကီးေတြနဲ႔ ရပ္မိရပ္ဖေတြ ၾကားဝင္ေစ့စပ္ၿပီးေတာ့ ႐ြာကိုေတာ့ စစ္ေရွာင္ဒုကၡသည္ေတြ ျပန္လာခိုင္းရေအာင္၊ ဒီရပ္ဒီ႐ြာမွာ တိုက္ပြဲမျဖစ္ရေအာင္ ဘယ္တပ္မွ မထိုင္ေပးပါနဲ႔ဆိုတဲ့ ေမတၱာရပ္ခံခ်က္နဲ႔ စစ္ေရွာင္ေတြကို ျပန္လာခိုင္းၿပီးေတာ့ အဲဒီသေဘာနဲ႔ ႐ြာျပန္ျဖစ္လာခဲ့တယ္။ ကြၽန္ေတာ္လည္း အဲဒီအခမ္းအနားေတြမွာ ပါဝင္ခဲ့ဖူးပါတယ္။ အဲဒီေတာ့ တပ္မေတာ္ဘက္က ကတိတည္တယ္ဗ်။ အဲဒီမွာ တပ္ေတြ မထိုင္ဘူး။ အဲဒီေတာ့ KIA ဘက္က ကတိမတည္ဘူး။ အဲဒီအထဲကို ဝင္တယ္။ ေ႐ႊေတြ တူးတယ္။ ၿပီးရင္ အဲဒီမွာ အရပ္ဝတ္နဲ႔တစ္ဖုံ၊ ယူနီေဖာင္းနဲ႔တစ္ဖုံ အၿမဲတမ္း အဲဒီမွာရွိတယ္။ သူတို႔ ႀကီးစိုးေနတယ္။ အဲဒီအတြက္ ဒီေန႔လို ျပႆနာေတြ ျဖစ္လာတယ္” ဟု ဒူးေလးပါတီဥကၠ႒ ဦးေ႐ႊမင္း က NP News ကို ေျပာသည္။
လိုင္ဇာၿမိဳ႕နယ္အတြင္း၌ တပ္မေတာ္က စစ္ေၾကာင္းလႈပ္ရွားမႈမ်ား ရွိေနသည့္အတြက္ အခ်ိန္မေ႐ြးတိုက္ပြဲမ်ား ျဖစ္ပြားလာႏိုင္ေၾကာင္း KIO/KIA ဘက္က ယေန႔(ဇူလိုင္ ၄ ရက္) တြင္ ထုတ္ျပန္ထားသည္ကို ေတြ႕ရွိရသည္။
“နမ္ဆန္ယန္ဆိုတာလည္း လိုင္ဇာဌာနခ်ဳပ္နဲ႔ အနီးဆုံးေနရာျဖစ္တဲ့အတြက္ သူတို႔လည္း စိုးရိမ္မႈေတာ္ေတာ္ရွိေန တာေပါ့ဗ်ာ။ ဒီဟာက အစျပဳတာ တစ္ပတ္ေလာက္ရွိေနၿပီ။ တပ္မေတာ္ကေန ေ႐ႊတူးတဲ့ကိစၥေတြကို ၾကားလို႔ သြားတယ္ထင္ပါတယ္။ အဲဒီလိုသြားတဲ့အခါမွာ KIA ေတြက စပစ္ခတ္တာ။ အဲဒီကေန စၿပီးေတာ့ စစ္ေရးပဋိပကၡ ျပန္ၿပီးေတာ့ စတင္လာတယ္လို႔ ေျပာလို႔ရပါတယ္” ဟု ဥကၠ႒ဦးေ႐ႊမင္းက ဆက္လက္ေျပာဆိုထားသည္။
ထို႔ျပင္ KIO/KIA ဘက္က ဗန္းေမာ္-ျမစ္ႀကီးနား ကားလမ္းတစ္ေလွ်ာက္သြားလာျခင္းကို အတတ္ႏိုင္ဆုံး ေရွာင္ရွားၾကရန္ သတိေပး ထုတ္ျပန္ထားသည္ကိုလည္း ေတြ႕ရွိရသည္။