Sim Registration ဆိုင်ရာ ညွှန်ကြားချက်များကို မလိုက်နာသည့်အတွက် အော်ပရေတာ (၄)ခုကို အမေရိကန်ဒေါ်လာ (၁)သိန်းစီ ဒဏ်ငွေချမှတ်

17563

NP News - ဇူလိုင် ၇
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ Sim Registration ဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိသည့်အတွက် အော်ပရေတာ(၄)ခုကို အရေးယူဆောင်ရွက်ထားကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဒေတာအရောင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြည်တွင်း၌ ဆောင်ရွက်နေသည့် အော်ပရေတာများဖြစ်သည့် MPT, Telenor(ATOM), Ooredoo, MyTel တို့ကို ဇွန်လ ၂၉ ရက်တွင် အထက်ပါကဲ့သို့ ဒဏ်ငွေချမှတ်ခဲ့ခြင်းဖြစ်ပြီး အော်ပရေတာတစ်ခုလျှင် အမေရိကန်ဒေါ်လာ တစ်သိန်းစီ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆင်းကတ်ဝယ်ယူမှုနှင့်ပတ်သက်ပြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက စနစ်တကျမှတ်ပုံတင်ပြီးမှသာ ဝယ်ယူရန်ညွှန်ကြားထားသော်လည်း အချို့သော အရောင်းကိုယ်စားလှယ်များနှင့် အရောင်းဆိုင် (Point of Sale) မျာသည် သက်သေခံလက်မှတ်ပါ အချက်အလက်များကို ပြင်ဆင်၍ SIM Card များကို ကြိုတင်မှတ်ပုံတင် ရောင်းချ မှုများရှိနေသည်။
စာတမ်းအမှတ်အသား လိမ်လည်အတု ပြုလုပ်ခြင်းဖြစ်၍ တည်ဆဲဥပဒေများအရ ပြစ်မှုမြောက်သည့် အတွက် စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန် ကြားမှုဦးစီး ဌာနမှ အသိပေးထားပြီးဖြစ်သည်။
ထို့ကြောင့် အရောင်းကိုယ်စားလှယ်များနှင့် အရောင်းဆိုင် (Point of Sale) များ အနေဖြင့် သက်သေခံလက်မှတ်ပါ အချက်အလက်များကို ပြင်ဆင်၍ SIM Card များကို ကြိုတင်မှတ်ပုံတင် ရောင်းချခြင်း မပြုကြဘဲ SIM Card များကို ဝယ်ယူသူ၏ သက်သေခံလက်မှတ် (မူရင်း) ဖြင့်သာ SIM Card မှတ်ပုံတင်၍ ရောင်းချကြရန် အသိပေးထားသည်။
ကြိုတင်မှတ်ပုံတင်ထားသော SIM Card များသည် ပိတ်သိမ်းခံရမည့် SIM Card များဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် အော်ပရေတာများမှလည်း မှန်ကန်စွာမှတ်ပုံတင်ထားခြင်းမရှိသည့် ဆင်းမ်ကတ်များအား အထွက်ခေါ်ဆိုမှု နှင့် ဒေတာဝန်ဆောင်မှုများကို သတ်မှတ်ရက်များတွင် စတင် ကန့်သတ်သွားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားမှုများလည်း ရှိနေသည်။

Zawgyi Version;
Sim Registration ဆိုင္ရာ ၫႊန္ၾကားခ်က္မ်ားကို မလိုက္နာသည့္အတြက္ ေအာ္ပေရတာ (၄)ခုကို အေမရိကန္ ေဒၚလာ (၁)သိန္းစီ ဒဏ္ေငြခ်မွတ္
NP News - ဇူလိုင္ ၇
ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာန၏ Sim Registration ဆိုင္ရာ ၫႊန္ၾကားခ်က္မ်ားကို လိုက္နာျခင္းမရွိသည့္ အတြက္ ေအာ္ပေရတာ(၄)ခုကို အေရးယူေဆာင္႐ြက္ထားေၾကာင္း ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာန၊ ေဒတာအေရာင္းဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျပည္တြင္း၌ ေဆာင္႐ြက္ေနသည့္ ေအာ္ပေရတာမ်ားျဖစ္သည့္ MPT, Telenor(ATOM), Ooredoo, MyTel တို႔ကို ဇြန္လ ၂၉ ရက္တြင္ အထက္ပါကဲ့သို႔ ဒဏ္ေငြခ်မွတ္ခဲ့ျခင္းျဖစ္ၿပီး ေအာ္ပေရတာတစ္ခုလွ်င္ အေမရိကန္ေဒၚလာ တစ္သိန္းစီ ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဆင္းကတ္ဝယ္ယူမႈႏွင့္ပတ္သက္ၿပီး ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာနက စနစ္တက်မွတ္ပုံတင္ၿပီးမွသာ ဝယ္ယူရန္ၫႊန္ၾကားထားေသာ္လည္း အခ်ိဳ႕ေသာ အေရာင္းကိုယ္စားလွယ္မ်ားႏွင့္ အေရာင္းဆိုင္ (Point of Sale) မ်ာသည္ သက္ေသခံလက္မွတ္ပါ အခ်က္အလက္မ်ားကို ျပင္ဆင္၍ SIM Card မ်ားကို ႀကိဳတင္မွတ္ပုံတင္ ေရာင္းခ် မႈမ်ားရွိေနသည္။
စာတမ္းအမွတ္အသား လိမ္လည္အတု ျပဳလုပ္ျခင္းျဖစ္၍ တည္ဆဲဥပေဒမ်ားအရ ျပစ္မႈေျမာက္သည့္ အတြက္ စစ္ေဆးေတြ႕ရွိပါက တည္ဆဲဥပေဒမ်ားႏွင့္အညီ အေရးယူျခင္းခံရမည္ျဖစ္ေၾကာင္း ဆက္သြယ္ေရးၫႊန္ ၾကားမႈဦးစီး ဌာနမွ အသိေပးထားၿပီးျဖစ္သည္။
ထို႔ေၾကာင့္ အေရာင္းကိုယ္စားလွယ္မ်ားႏွင့္ အေရာင္းဆိုင္ (Point of Sale) မ်ား အေနျဖင့္ သက္ေသခံလက္မွတ္ပါ အခ်က္အလက္မ်ားကို ျပင္ဆင္၍ SIM Card မ်ားကို ႀကိဳတင္မွတ္ပုံတင္ ေရာင္းခ်ျခင္း မျပဳၾကဘဲ SIM Card မ်ားကို ဝယ္ယူသူ၏ သက္ေသခံလက္မွတ္ (မူရင္း) ျဖင့္သာ SIM Card မွတ္ပုံတင္၍ ေရာင္းခ်ၾကရန္ အသိေပးထားသည္။
ႀကိဳတင္မွတ္ပုံတင္ထားေသာ SIM Card မ်ားသည္ ပိတ္သိမ္းခံရမည့္ SIM Card မ်ားျဖစ္ေၾကာင္း သိရသည္။
လက္ရွိအခ်ိန္တြင္ ေအာ္ပေရတာမ်ားမွလည္း မွန္ကန္စြာမွတ္ပုံတင္ထားျခင္းမရွိသည့္ ဆင္းမ္ကတ္မ်ားအား အထြက္ေခၚဆိုမႈ ႏွင့္ ေဒတာဝန္ေဆာင္မႈမ်ားကို သတ္မွတ္ရက္မ်ားတြင္ စတင္ ကန႔္သတ္သြားမည္ျဖစ္ေၾကာင္း အသိေပးအေၾကာင္းၾကားမႈမ်ားလည္း ရွိေနသည္။