မြန်မာ- အိန္ဒိယနှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းမှုအတွက် ပူပေါင်းဆောင်ရွက်‌ရေးတိုးချဲ့ရန် ဆွေးနွေး

 1860

ယွန်း (NP News) - ဇူလိုင် ၈

မြန်မာ- အိန္ဒိယနှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းမှုအတွက် ပူးပေါင်း ဆောင်ရွက်ရေးကို တိုးချဲ့ရန် နှစ်နိုင်ငံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြီးခဲ့သည့် ဇူလိုင်လ(၆)ရက်တွင် အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဗီနေးကူးမားအား ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာ၌ မြန်မာ- အိန္ဒိယနှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ပိုမိုတိုးမြှင့်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် နှစ်နိုင်ငံအကြား လမ်းပန်းဆက်သွယ်မှု ချိတ်ဆက်ရေးနှင့် နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းမှုတို့ အပါအဝင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အလားတူ မိုခါမုန်တိုင်းဒဏ်သင့်ဒေသများ၌ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကို အိန္ဒိယနိုင်ငံမှ ဆက်လက်အကူအညီပေးရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

မြန်မာ- အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်းများ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးနိုင်ရေးကို ပူးပေါင်းဆောင်ရွက်ရန် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ စက်တင်ဘာလက နှစ်နိုင်ငံ ဆွေးနွေးမှုများ ရှိခဲ့သည်။

Zawgyi Version;
ျမန္မာ- အိႏၵိယႏွစ္ႏိုင္ငံအၾကား နယ္စပ္ျဖတ္ေက်ာ္ လွ်ပ္စစ္ဓာတ္အားလိုင္း သြယ္တန္းမႈအတြက္ ပူေပါင္း ေဆာင္႐ြက္‌ေရးတိုးခ်ဲ႕ရန္ ေဆြးေႏြး

ယြန္း (NP News) - ဇူလိုင္ ၈

ျမန္မာ- အိႏၵိယႏွစ္ႏိုင္ငံအၾကား နယ္စပ္ျဖတ္ေက်ာ္ လွ်ပ္စစ္ဓာတ္အားလိုင္း သြယ္တန္းမႈအတြက္ ပူးေပါင္း ေဆာင္႐ြက္ေရးကို တိုးခ်ဲ႕ရန္ ႏွစ္ႏိုင္ငံေဆြးေႏြးမႈမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ ထားသည္။

ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးသန္းေဆြက ၿပီးခဲ့သည့္ ဇူလိုင္လ(၆)ရက္တြင္ အိႏၵိယႏိုင္ငံ သံအမတ္ႀကီး မစၥတာ ဗီေနးကူးမားအား ရန္ကုန္ၿမိဳ႕ရွိ ႏိုင္ငံျခားေရးဝန္ႀကီးဌာနတြင္ ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။

ထိုသို႔ေတြ႕ဆုံရာ၌ ျမန္မာ- အိႏၵိယႏွစ္ႏိုင္ငံအၾကား ရွိရင္းစြဲ ခ်စ္ၾကည္ရင္းႏွီးေသာဆက္ဆံေရးကို ပိုမိုတိုးျမႇင့္ရန္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ႏွစ္ႏိုင္ငံအၾကား လမ္းပန္းဆက္သြယ္မႈ ခ်ိတ္ဆက္ေရးႏွင့္ နယ္စပ္ျဖတ္ေက်ာ္ လွ်ပ္စစ္ဓာတ္အားလိုင္း သြယ္တန္းမႈတို႔ အပါအဝင္ အျပန္အလွန္အက်ိဳးျဖစ္ထြန္းေစမည့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား တိုးခ်ဲ႕ေရးကိုလည္း ေဆြးေႏြးခဲ့ေၾကာင္း ဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။

အလားတူ မိုခါမုန္တိုင္းဒဏ္သင့္ေဒသမ်ား၌ ျပန္လည္ထူေထာင္ေရးႏွင့္ ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းမ်ား ကို အိႏၵိယႏိုင္ငံမွ ဆက္လက္အကူအညီေပးေရးကိုလည္း ထည့္သြင္းေဆြးေႏြးခဲ့ၾကသည္။

ျမန္မာ- အိႏၵိယ ႏွစ္ႏိုင္ငံနယ္စပ္ျဖတ္ေက်ာ္ လွ်ပ္စစ္ဓာတ္အားလိုင္းမ်ား တည္ေဆာက္၍ လွ်ပ္စစ္ဓာတ္အား ပို႔လႊတ္ျဖန႔္ျဖဴးႏိုင္ေရးကို ပူးေပါင္းေဆာင္႐ြက္ရန္ ၿပီးခဲ့သည့္ ၂ဝ၂၂ ခုႏွစ္၊ စက္တင္ဘာလက ႏွစ္ႏိုင္ငံ ေဆြးေႏြးမႈမ်ား ရွိခဲ့သည္။

Related news

© 2021. All rights reserved.