ဘာဘူကြီးလည်း မနေနိုင် ပေါက်ဖော်ကြီးယွမ်ကိုကိုင် (ဘာသာပြန်ဆောင်းပါး)

 4207

ပရမတ္တ ကိုမောင်ဘ (NP News) - ဇူလိုင် ၉

လွန်ခဲ့တဲ့နှစ်ထဲက အိန္ဒိယ နဲ့ ရုရှားတို့ဟာ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်ရေးမှာ ဒေါ်လာအစား ရူးပီးနဲ့ ရူဘယ်ငွေကိုဘဲ အသုံးပြုမယ်ဆိုတဲ့ သတင်းတွေကို မှတ်မိကြပါလိမ့်ဦးမယ်။ ရည်ရွယ်ချက်ကတော့ အမေရိကန်ဒေါ်လာကို နှစ်နိုင်ငံကုန်သွယ်ရေး ငွေစာရင်းတွက်ချက်မှုတွေထဲက ဖယ်ထုတ်ပစ်ဖို့ပါဘဲ။ ဒါပေမယ့် ဒီနှစ်မေလထဲမှာတော့ ဒီအိုင်ဒီယာကို စွန့်လွှတ်လိုက်ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါကသိပ်ပြီးလက်တွေ့မကျလို့ပါ။ ဒါပေမယ့် အိန္ဒိယတွေအတွက် ပိုဆိုးတဲ့သတင်းက သက်ဆိုင်ရာနိုင်ငံတွေရဲ့ ငွေ ကြေးအစား တရုတ်ယွမ်ငွေနဲ့ အိန္ဒိယက ပေးချေဖို့ဖြစ်လာတဲ့ကိစ္စပါ။

ဇူလိုင်လ ၃ ရက်ထုတ်ရိုက်တာသတင်းတစ်ပုဒ်မှာ အိန္ဒိယရဲ့ အကြီးဆုံး ရုရှားရေနံဝယ်ယူတဲ့ ရေနံချက် ကုမ္ပဏီတစ်ခုဟာ ပထမဆုံးအကြိမ်အဖြစ် တရုတ်ယွမ်ငွေနဲ့ ပေးချေမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ နိုင်ငံတော်ပိုင် Indian Oil Corp က ပထမဆုံး ယွမ်နဲ့ဝယ်ယူတဲ့ကုမ္ပဏီဖြစ်လာမှာဖြစ်ပြီး နောက်ထပ် အနည်းဆုံး ပုဂ္ဂလိက ကုမ္ပဏီနှစ်ခုကလည်း ယွမ်နဲ့ဝယ်ဖို့ရှိနေပါတယ်။ ဘယ်ကုမ္ပဏီတွေလဲ၊ ဘယ် လောက်များများဝယ်မှာလဲဆိုတာ မသိရသေးပေမယ့် ဒီသတင်းက သေချာပါတယ်။

မတ်လတုန်းက အိန္ဒိယ အစိုးရက ရေနံ ရောင်းဝယ်ရာမှာ တရုတ်ယွမ်ငွေကို အသုံးမပြုဘူးလို့ ရှင်းရှင်းလင်းလင်းတိတိကျကျပြောခဲ့ပါတယ်။ ဘာဖြစ်လို့လည်းဆိုတဲ့ အကြောင်းက ရှင်းပါတယ်။ တရုတ်က ဒေါ်လာကို စိန်ခေါ်ဖို့အတွက် သူ့ရဲ့ယွမ်ငွေကို နိုင်ငံတကာသုံးဖြစ်အောင် လုပ်ချင်နေပါတယ်။ ဒါကြောင့် တရုတ်ရဲ့ ဒီရည်မှန်းချက်အောင်မြင်အောင် အိန္ဒိယက ဘာဖြစ်လို့ ကူညီရမှာလဲ။ အိန္ဒိယအနေနဲ့က ရူဘယ်- ရူးပီးနဲ့ ကုန်သွယ်ရေးလုပ်ဖို့ ဦးစားပေးခဲ့တာမဟုတ်ပါလား။ အခုဘာဖြစ်လို့ အဲဒီလိုဖြစ်မလာဘဲ တရုတ်ယွမ်ငွေက ကြားဝင်လာရတာပါလဲ။

အိန္ဒိယ-ရုရှား ကုန်သွယ်ရေး
အဲဒါကို နားလည်ဖို့အတွက် အိန္ဒိယနဲ့ ရုရှားတို့ရဲ့ ကုန်သွယ်ရေး ပမာဏကို တချက်ကြည့်ကြစို့။ ၂ဝ၂၂ ခုနှစ် သြဂုတ်လစာရင်းအရ အိန္ဒိယက ရုရှားရေနံ တစ်ရက်ကို စည်ပေါင်း ၇၃ဝ,ဝဝဝ တင်သွင်းခဲ့ပြီး ၂ဝ၂၃ ခုနှစ် ဇွန်လရောက်တဲ့အခါ တစ်ရက်ကို ရေနံစည်ပေါင်း ၂ ဒသမ ၁၇ သန်းတင်သွင်းခဲ့ပါတယ်။ ဒါကြောင့် အခုအခါမှာ အိန္ဒိယနိုင်ငံရဲ့ ရေနံစိမ်းတင်သွင်းမှု အားလုံးရဲ့ ၄၂ ရာခိုင်နှုန်းဟာ ရုရှားကတင်သွင်းရတာဖြစ်လာပါတယ်။ ဒါက အိန္ဒိယအတွက် သတင်းကောင်းလည်းဖြစ်သလို သတင်းဆိုးလည်းဖြစ်ပါတယ်။ သတင်းကောင်းက အိန္ဒိယရဲ့ ငွေကြေးဖေါင်းပွမှုနှုန်းကို ထိန်းထားနိုင်တာရဲ့ အကြောင်းတစ်ခုက အခုလို ပိုမိုစျေးသက်သာတဲ့ ရေနံဝယ်ယူရရှိနေတာကြောင့်ပါ။ မကောင်းတဲ့သတင်းကတော့ ငွေပေးချေမှုက ခက်ခဲတာပါ။ ဒေါ်လာတို့ ယူရိုငွေတို့ကို ရုရှားက လက်ခံလို့ မရပါဘူး။ အနောက်တိုင်းဘဏ်စနစ်တွေအားလုံးက ရုရှားကို ထုတ်ပယ်ထားပါတယ်။ ဥပဒေသတ်မှတ်ချက်အရ အိန္ဒိယက အဲဒီအရေးယူမှုတွေကို မဆောင်ရွက်ပါဘူး။ ဒါပေမယ့် အိန္ဒိယဘဏ်တွေတော်တော်များများက နိုင်ငံခြား တိုင်းပြည်တွေနဲ့ စီးပွားရေးလုပ်နေကြတာ ဖြစ်တဲ့အတွက် ငြိစွန်းမှာစိုးရိမ်ကြပါတယ်။ ဒါကြောင့် ငွေပေးချေမှု လုပ်ကြတဲ့အခါ တခြားငွေကြေးကိုအသုံးပြုကြပါတယ်။ ကြားသိရတဲ့ သတင်းတွေအရဆိုရင် ယူအေအီးနိုင်ငံသုံး ဒီရမ် UAE dirham ကိုအသုံးများကြပါတယ်။ ဇွန်လထဲရောက်တော့ တရုတ်ငွေကိုသုံးလာကြပါတယ်။ ဒါဖြင့် ဘာဖြစ်လို့ အိန္ဒိယ ရူးပီးကို မသုံးကြသလဲမေးစရာ ဖြစ်လာပါတယ်။

ရူးပီးတွေ ပိုလျှံနေတဲ့ ရုရှား
ဒါကိုနားလည်ဖို့ဆိုရင် ရုရှား- အိန္ဒိယ ကုန်သွယ်ရေးအခြေအနေကို သိထားဖို့လိုပါတယ်။ အိန္ဒိယ နဲ့ ရုရှား ကုန်သွယ်ရေးက တိုးတက်များပြားလာနေပါတယ်။ ဒါပေမယ့် တဖက်သတ်လိုဖြစ်နေပြီး အိန္ဒိယက ၃၄ ဒသမ ၇၉ ဘီလျံ ဒေါ်လာဖိုး ကုန်သွယ်ရေးလိုငွေပြနေပါတယ်။ အဓိပ္ပာယ်က အိန္ဒိယက ရုရှားကိုရောင်းချတာထက် ဝယ်ယူတာက ပိုများနေတယ်ဆိုတဲ့သဘောပါ။ ဒါကြောင့် ရုရှားမှာ အိန္ဒိယ ရူးပီးငွေတွေ ပုံနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ရုရှားတွေက အိန္ဒိယဆီက ဝယ်စရာပစ္စည်းက သိပ်များများမရှိဘဲဖြစ်နေတာကြောင့်ပါ။ အဲဒီပိုလျှံနေတဲ့ ရူးပီးက နှစ်စဉ် ၄ဝ ဘီလျံဒေါ်လာဖိုးလောက်ရှိပါတယ်။ ဒီငွေတွေက သုံးစရာနေရာမရှိသလိုဖြစ်နေတာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီရူးပီးငွေက အိန္ဒိယကုန်ပစ္စည်းကို ဝယ်တဲ့အခါမှသာ အသုံးပြုနှိုင်တဲ့အတွက်တစိတ်တပိုင်းသာ လဲလှယ်လို့ရတဲ့ငွေကြေးလို့ ဆိုရမှာပါ။

အမှန်တကယ်တော့ တရုတ်ယွမ်ငွေကလည်း အပြည့်အဝ လဲလှယ်လို့ရတဲ့ ငွေကြေးမဖြစ်သေးပါ။ ဒါပေမယ့် ရူးပီးနဲ့ ခြားနားတဲ့အချက်က တရုတ်နဲ့ ရုရှားကုန်သွယ်ရေးမှာ တရုတ်က ၃ ဘီလျံဒေါ်လာဖိုး ပိုငွေရှိပါတယ်။ ဒီနှစ်အစပိုင်း စာရင်းတွေအရ တရုတ်ပို့ကုန်က ၁၉ ရာခိုင်နှုန်းပိုများပါတယ်။ ဒါကြောင့်ရုရှားက အိန္ဒိယဆီက ယွမ်ငွေ ရမယ်ဆိုရင်တော့ အဲဒီယွမ်ကို တရုတ်ကိုပေးချေရာမှာ သူသုံးလို့ရပါတယ်။ ဒါက တကယ့်လက်တွေ့အခြေအနေပါ။ အိန္ဒိယအစိုးရက ဒီအခြေအနေကို သိပ်မကြိုက်လှပါဘူး။ အိန္ဒိယ ဘဏ်တွေနဲ့ ရေနံချက်လုပ်တဲ့ ကုမ္ပဏီတွေ ကလည်းမကြိုက်ပါဘူး။

ထွက်ပေါက် နှစ်မျိုး
ဒါဖြင့် ဘယ်လိုထွက်ပေါက်ရှာကြမလဲ။ ရူးပီးငွေကို အပြည့်အဝ လဲလှယ်လို့ရတဲ့ငွေ ဖြစ်အောင်လုပ်ရမှာပါ။ ကမ္ဘာပေါ်မှာ အပြည့်အဝလဲလှယ်နှိုင်တဲ့ငွေကြေးတွေက ဒေါ်လာ၊ ယူရို၊ ယန်း၊ ပေါင်စတာလင်နဲ့ ဆွစ်ဖရန့် ငွေတွေဘဲရှိပြီး တစိတ်တပိုင်းသာ လဲလှယ်နိုင်တဲ့ငွေကြေးတွေက ယွမ်၊ ရူးပီးနဲ့ ကိုးရီးယား ဝမ်တို့ဘဲဖြစ်ပါတယ်။ ရူးပီးကို အပြည့်အဝလဲလှယ်နိုင်တဲ့ ငွေကြေးအဖြစ်ပြောင်းလဲဖို့ဆိုရင် အိန္ဒိယဗဟိုဘဏ်က ဆုံးဖြတ်လို့မရပါဘူး။ စျေးကွက်အင်အားစုတွေကသာ သတ်မှတ်နိုင်ပါတယ်။ နေရာတိုင်းအသုံးပြုနိုင်မှု၊ အကန့်အသတ်မရှိလဲလှယ်နိုင်မှုနဲ့ စျေးကွက်တန်ဖိုးရှိဖို့ဆိုတဲ့အချက်တွေလိုပါတယ်။

အဲဒီလို စျေးကွက်အင်အားစုတွေရဲ့ သတ်မှတ်ချက်တွေက စီးပွားရေးအရ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် မလွယ်လှပါဘူး။

ဒုတိယ ထွက်ပေါက်ကတော့ ရူးပီးငွေကို ပိုမိုပြီးလိုလိုချင်ချင်ဖြစ်အောင်လုပ်ဖို့ပါ။ အဲဒီလိုလုပ်ဖို့ဆိုရင် ရုရှားကို အိန္ဒိယပို့ကုန်တွေ ပိုမိုရောင်းချနိုင်အောင်လုပ်ရပါမယ်။ ကုန်သွယ်ရေးပိုငွေပြလာအောင်လုပ်ရပါလိမ့်မယ်။

ရူးပီးငွေနဲ့ ပေးချေလို့ရတဲ့ ကုန်ပစ္စည်းတွေ အမြောက်အများထွက်အောင်လုပ်ရပါမယ်။ ဒါပေမယ့် ဒါက အပြောလွယ်သလောက် လုပ်ရတာပိုခက်ပါတယ်။ ဒီလိုဖြစ်လာဖို့ကို နေ့ချင်းညချင်း လုပ်လို့မရပါ။ ဒီလိုရည်မှန်းချက်နဲ့ အစိုးရရဲ့ တွန်းအားပေးတဲ့ပေါ်လစီတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ ရှိဖို့လိုပါတယ်။

အိန္ဒိယက ရုရှားကိုပို့ရောင်းနေရတဲ့ ကုန်ပစ္စည်းအများစုက အင်ဂျင်နီယာပစ္စည်းတွေ၊ ဆေးပစ္စည်းတွေနဲ့ ဓါတုပစ္စည်းတွေများပါတယ်။ ဒါတွေကို တိုးချဲ့တင်ပို့နိုင်ဖို့ ကြိုးစားနေပါတယ်။ အိန္ဒိယက ရုရှားကို တင်ပို့တဲ့ပစ္စည်းတွေဟာ ယူကရိန်းစစ်ပွဲဖြစ်ပွားလာပြီးတဲ့နောက် ၂၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ အင်ဂျင်နီ ယာပစ္စည်းတွေက ဒီနှစ် ဧပြီလ စာရင်းအရ ၁၁ ဆမြင့်တက်ခဲ့ပြီး ရှေ့ကဦးဆောင်နေပါတယ်။ စိုက်ပျိုးရေး ပို့ကုန်က ဒေါ်လာသန်း ၇၅ဝ ဖိုးရှိပါတယ်။ ရည်မှန်းချက်က နောက် ၃ နှစ်အတွင်းမှာ ၃ ဘီလျံဒေါ်လာဖိုးအထိ တင်ပို့နိုင်ဖို့ပါ။ သိပ်ကို ရည်မှန်းချက်ကြီး လွန်းပါတယ်။

သို့သော်လည်း မဖြစ်ဖြစ်အောင်တော့ ကြိုးစားကြပါလိမ့်မယ်။ အကြောင်းကတော့ တရုတ်နဲ့ အိန္ဒိယ အကြားမှာ နိုင်ငံရေးပြဿနာရှိနေတဲ့အတွက် ယွမ်ငွေကို ယုံယုံကြည်ကြည်နဲ့ ရေရှည်အသုံးပြုလို့ မဖြစ်နိုင်ဘူးလို့ အိန္ဒိယက ယုံကြည်နေလို့ဘဲ ဖြစ်ပါကြောင်း။

ကိုးကား- Why is India Paying Russia with Chinese Yuan? | Vantage with Palki Sharma
- fully convertible currency - Kantox

zawgyi version
ဘာဘူႀကီးလည္း မေနႏိုင္ ေပါက္ေဖာ္ႀကီးယြမ္ကိုကိုင္ (ဘာသာျပန္ေဆာင္းပါး)
ပရမတၱ ကိုေမာင္ဘ (NP News) - ဇူလိုင္ ၉

လြန္ခဲ့တဲ့ႏွစ္ထဲက အိႏၵိယ နဲ႔ ႐ုရွားတို႔ဟာ ႏွစ္ႏိုင္ငံအျပန္အလွန္ကုန္သြယ္ေရးမွာ ေဒၚလာအစား ႐ူးပီးနဲ႔ ႐ူဘယ္ေငြကိုဘဲ အသုံးျပဳမယ္ဆိုတဲ့ သတင္းေတြကို မွတ္မိၾကပါလိမ့္ဦးမယ္။ ရည္႐ြယ္ခ်က္ကေတာ့ အေမရိကန္ေဒၚလာကို ႏွစ္ႏိုင္ငံကုန္သြယ္ေရး ေငြစာရင္းတြက္ခ်က္မႈေတြထဲက ဖယ္ထုတ္ပစ္ဖို႔ပါဘဲ။ ဒါေပမယ့္ ဒီႏွစ္ေမလထဲမွာေတာ့ ဒီအိုင္ဒီယာကို စြန႔္လႊတ္လိုက္ရပါတယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ ဒါကသိပ္ၿပီးလက္ေတြ႕မက်လို႔ပါ။ ဒါေပမယ့္ အိႏၵိယေတြအတြက္ ပိုဆိုးတဲ့သတင္းက သက္ဆိုင္ရာႏိုင္ငံေတြရဲ႕ ေငြ ေၾကးအစား တ႐ုတ္ယြမ္ေငြနဲ႔ အိႏၵိယက ေပးေခ်ဖို႔ျဖစ္လာတဲ့ကိစၥပါ။

ဇူလိုင္လ ၃ ရက္ထုတ္႐ိုက္တာသတင္းတစ္ပုဒ္မွာ အိႏၵိယရဲ႕ အႀကီးဆုံး ႐ုရွားေရနံဝယ္ယူတဲ့ ေရနံခ်က္ ကုမၸဏီတစ္ခုဟာ ပထမဆုံးအႀကိမ္အျဖစ္ တ႐ုတ္ယြမ္ေငြနဲ႔ ေပးေခ်မွာျဖစ္တယ္လို႔ ဆိုထားပါတယ္။ ႏိုင္ငံေတာ္ပိုင္ Indian Oil Corp က ပထမဆုံး ယြမ္နဲ႔ဝယ္ယူတဲ့ကုမၸဏီျဖစ္လာမွာျဖစ္ၿပီး ေနာက္ထပ္ အနည္းဆုံး ပုဂၢလိက ကုမၸဏီႏွစ္ခုကလည္း ယြမ္နဲ႔ဝယ္ဖို႔ရွိေနပါတယ္။ ဘယ္ကုမၸဏီေတြလဲ၊ ဘယ္ ေလာက္မ်ားမ်ားဝယ္မွာလဲဆိုတာ မသိရေသးေပမယ့္ ဒီသတင္းက ေသခ်ာပါတယ္။

မတ္လတုန္းက အိႏၵိယ အစိုးရက ေရနံ ေရာင္းဝယ္ရာမွာ တ႐ုတ္ယြမ္ေငြကို အသုံးမျပဳဘူးလို႔ ရွင္းရွင္းလင္းလင္းတိတိက်က်ေျပာခဲ့ပါတယ္။ ဘာျဖစ္လို႔လည္းဆိုတဲ့ အေၾကာင္းက ရွင္းပါတယ္။ တ႐ုတ္က ေဒၚလာကို စိန္ေခၚဖို႔အတြက္ သူ႔ရဲ႕ယြမ္ေငြကို ႏိုင္ငံတကာသုံးျဖစ္ေအာင္ လုပ္ခ်င္ေနပါတယ္။ ဒါေၾကာင့္ တ႐ုတ္ရဲ႕ ဒီရည္မွန္းခ်က္ေအာင္ျမင္ေအာင္ အိႏၵိယက ဘာျဖစ္လို႔ ကူညီရမွာလဲ။ အိႏၵိယအေနနဲ႔က ႐ူဘယ္- ႐ူးပီးနဲ႔ ကုန္သြယ္ေရးလုပ္ဖို႔ ဦးစားေပးခဲ့တာမဟုတ္ပါလား။ အခုဘာျဖစ္လို႔ အဲဒီလိုျဖစ္မလာဘဲ တ႐ုတ္ယြမ္ေငြက ၾကားဝင္လာရတာပါလဲ။

အိႏၵိယ-႐ုရွား ကုန္သြယ္ေရး
အဲဒါကို နားလည္ဖို႔အတြက္ အိႏၵိယနဲ႔ ႐ုရွားတို႔ရဲ႕ ကုန္သြယ္ေရး ပမာဏကို တခ်က္ၾကည့္ၾကစို႔။ ၂ဝ၂၂ ခုႏွစ္ ၾသဂုတ္လစာရင္းအရ အိႏၵိယက ႐ုရွားေရနံ တစ္ရက္ကို စည္ေပါင္း ၇၃ဝ,ဝဝဝ တင္သြင္းခဲ့ၿပီး ၂ဝ၂၃ ခုႏွစ္ ဇြန္လေရာက္တဲ့အခါ တစ္ရက္ကို ေရနံစည္ေပါင္း ၂ ဒသမ ၁၇ သန္းတင္သြင္းခဲ့ပါတယ္။ ဒါေၾကာင့္ အခုအခါမွာ အိႏၵိယႏိုင္ငံရဲ႕ ေရနံစိမ္းတင္သြင္းမႈ အားလုံးရဲ႕ ၄၂ ရာခိုင္ႏႈန္းဟာ ႐ုရွားကတင္သြင္းရတာျဖစ္လာပါတယ္။ ဒါက အိႏၵိယအတြက္ သတင္းေကာင္းလည္းျဖစ္သလို သတင္းဆိုးလည္းျဖစ္ပါတယ္။ သတင္းေကာင္းက အိႏၵိယရဲ႕ ေငြေၾကးေဖါင္းပြမႈႏႈန္းကို ထိန္းထားႏိုင္တာရဲ႕ အေၾကာင္းတစ္ခုက အခုလို ပိုမိုေစ်းသက္သာတဲ့ ေရနံဝယ္ယူရရွိေနတာေၾကာင့္ပါ။ မေကာင္းတဲ့သတင္းကေတာ့ ေငြေပးေခ်မႈက ခက္ခဲတာပါ။ ေဒၚလာတို႔ ယူ႐ိုေငြတို႔ကို ႐ုရွားက လက္ခံလို႔ မရပါဘူး။ အေနာက္တိုင္းဘဏ္စနစ္ေတြအားလုံးက ႐ုရွားကို ထုတ္ပယ္ထားပါတယ္။ ဥပေဒသတ္မွတ္ခ်က္အရ အိႏၵိယက အဲဒီအေရးယူမႈေတြကို မေဆာင္႐ြက္ပါဘူး။ ဒါေပမယ့္ အိႏၵိယဘဏ္ေတြေတာ္ေတာ္မ်ားမ်ားက ႏိုင္ငံျခား တိုင္းျပည္ေတြနဲ႔ စီးပြားေရးလုပ္ေနၾကတာ ျဖစ္တဲ့အတြက္ ၿငိစြန္းမွာစိုးရိမ္ၾကပါတယ္။ ဒါေၾကာင့္ ေငြေပးေခ်မႈ လုပ္ၾကတဲ့အခါ တျခားေငြေၾကးကိုအသုံးျပဳၾကပါတယ္။ ၾကားသိရတဲ့ သတင္းေတြအရဆိုရင္ ယူေအအီးႏိုင္ငံသုံး ဒီရမ္ UAE dirham ကိုအသုံးမ်ားၾကပါတယ္။ ဇြန္လထဲေရာက္ေတာ့ တ႐ုတ္ေငြကိုသုံးလာၾကပါတယ္။ ဒါျဖင့္ ဘာျဖစ္လို႔ အိႏၵိယ ႐ူးပီးကို မသုံးၾကသလဲေမးစရာ ျဖစ္လာပါတယ္။

႐ူးပီးေတြ ပိုလွ်ံေနတဲ့ ႐ုရွား
ဒါကိုနားလည္ဖို႔ဆိုရင္ ႐ုရွား- အိႏၵိယ ကုန္သြယ္ေရးအေျခအေနကို သိထားဖို႔လိုပါတယ္။ အိႏၵိယ နဲ႔ ႐ုရွား ကုန္သြယ္ေရးက တိုးတက္မ်ားျပားလာေနပါတယ္။ ဒါေပမယ့္ တဖက္သတ္လိုျဖစ္ေနၿပီး အိႏၵိယက ၃၄ ဒသမ ၇၉ ဘီလ်ံ ေဒၚလာဖိုး ကုန္သြယ္ေရးလိုေငြျပေနပါတယ္။ အဓိပၸာယ္က အိႏၵိယက ႐ုရွားကိုေရာင္းခ်တာထက္ ဝယ္ယူတာက ပိုမ်ားေနတယ္ဆိုတဲ့သေဘာပါ။ ဒါေၾကာင့္ ႐ုရွားမွာ အိႏၵိယ ႐ူးပီးေငြေတြ ပုံေနပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ႐ုရွားေတြက အိႏၵိယဆီက ဝယ္စရာပစၥည္းက သိပ္မ်ားမ်ားမရွိဘဲျဖစ္ေနတာေၾကာင့္ပါ။ အဲဒီပိုလွ်ံေနတဲ့ ႐ူးပီးက ႏွစ္စဥ္ ၄ဝ ဘီလ်ံေဒၚလာဖိုးေလာက္ရွိပါတယ္။ ဒီေငြေတြက သုံးစရာေနရာမရွိသလိုျဖစ္ေနတာပါ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ အဲဒီ႐ူးပီးေငြက အိႏၵိယကုန္ပစၥည္းကို ဝယ္တဲ့အခါမွသာ အသုံးျပဳႏႈိင္တဲ့အတြက္တစိတ္တပိုင္းသာ လဲလွယ္လို႔ရတဲ့ေငြေၾကးလို႔ ဆိုရမွာပါ။

အမွန္တကယ္ေတာ့ တ႐ုတ္ယြမ္ေငြကလည္း အျပည့္အဝ လဲလွယ္လို႔ရတဲ့ ေငြေၾကးမျဖစ္ေသးပါ။ ဒါေပမယ့္ ႐ူးပီးနဲ႔ ျခားနားတဲ့အခ်က္က တ႐ုတ္နဲ႔ ႐ုရွားကုန္သြယ္ေရးမွာ တ႐ုတ္က ၃ ဘီလ်ံေဒၚလာဖိုး ပိုေငြရွိပါတယ္။ ဒီႏွစ္အစပိုင္း စာရင္းေတြအရ တ႐ုတ္ပို႔ကုန္က ၁၉ ရာခိုင္ႏႈန္းပိုမ်ားပါတယ္။ ဒါေၾကာင့္႐ုရွားက အိႏၵိယဆီက ယြမ္ေငြ ရမယ္ဆိုရင္ေတာ့ အဲဒီယြမ္ကို တ႐ုတ္ကိုေပးေခ်ရာမွာ သူသုံးလို႔ရပါတယ္။ ဒါက တကယ့္လက္ေတြ႕အေျခအေနပါ။ အိႏၵိယအစိုးရက ဒီအေျခအေနကို သိပ္မႀကိဳက္လွပါဘူး။ အိႏၵိယ ဘဏ္ေတြနဲ႔ ေရနံခ်က္လုပ္တဲ့ ကုမၸဏီေတြ ကလည္းမႀကိဳက္ပါဘူး။

ထြက္ေပါက္ ႏွစ္မ်ိဳး
ဒါျဖင့္ ဘယ္လိုထြက္ေပါက္ရွာၾကမလဲ။ ႐ူးပီးေငြကို အျပည့္အဝ လဲလွယ္လို႔ရတဲ့ေငြ ျဖစ္ေအာင္လုပ္ရမွာပါ။ ကမာၻေပၚမွာ အျပည့္အဝလဲလွယ္ႏႈိင္တဲ့ေငြေၾကးေတြက ေဒၚလာ၊ ယူ႐ို၊ ယန္း၊ ေပါင္စတာလင္နဲ႔ ဆြစ္ဖရန႔္ ေငြေတြဘဲရွိၿပီး တစိတ္တပိုင္းသာ လဲလွယ္ႏိုင္တဲ့ေငြေၾကးေတြက ယြမ္၊ ႐ူးပီးနဲ႔ ကိုးရီးယား ဝမ္တို႔ဘဲျဖစ္ပါတယ္။ ႐ူးပီးကို အျပည့္အဝလဲလွယ္ႏိုင္တဲ့ ေငြေၾကးအျဖစ္ေျပာင္းလဲဖို႔ဆိုရင္ အိႏၵိယဗဟိုဘဏ္က ဆုံးျဖတ္လို႔မရပါဘူး။ ေစ်းကြက္အင္အားစုေတြကသာ သတ္မွတ္ႏိုင္ပါတယ္။ ေနရာတိုင္းအသုံးျပဳႏိုင္မႈ၊ အကန႔္အသတ္မရွိလဲလွယ္ႏိုင္မႈနဲ႔ ေစ်းကြက္တန္ဖိုးရွိဖို႔ဆိုတဲ့အခ်က္ေတြလိုပါတယ္။

အဲဒီလို ေစ်းကြက္အင္အားစုေတြရဲ႕ သတ္မွတ္ခ်က္ေတြက စီးပြားေရးအရ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြအတြက္ မလြယ္လွပါဘူး။

ဒုတိယ ထြက္ေပါက္ကေတာ့ ႐ူးပီးေငြကို ပိုမိုၿပီးလိုလိုခ်င္ခ်င္ျဖစ္ေအာင္လုပ္ဖို႔ပါ။ အဲဒီလိုလုပ္ဖို႔ဆိုရင္ ႐ုရွားကို အိႏၵိယပို႔ကုန္ေတြ ပိုမိုေရာင္းခ်ႏိုင္ေအာင္လုပ္ရပါမယ္။ ကုန္သြယ္ေရးပိုေငြျပလာေအာင္လုပ္ရပါလိမ့္မယ္။

႐ူးပီးေငြနဲ႔ ေပးေခ်လို႔ရတဲ့ ကုန္ပစၥည္းေတြ အေျမာက္အမ်ားထြက္ေအာင္လုပ္ရပါမယ္။ ဒါေပမယ့္ ဒါက အေျပာလြယ္သေလာက္ လုပ္ရတာပိုခက္ပါတယ္။ ဒီလိုျဖစ္လာဖို႔ကို ေန႔ခ်င္းညခ်င္း လုပ္လို႔မရပါ။ ဒီလိုရည္မွန္းခ်က္နဲ႔ အစိုးရရဲ႕ တြန္းအားေပးတဲ့ေပၚလစီေတြ၊ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ရွိဖို႔လိုပါတယ္။

အိႏၵိယက ႐ုရွားကိုပို႔ေရာင္းေနရတဲ့ ကုန္ပစၥည္းအမ်ားစုက အင္ဂ်င္နီယာပစၥည္းေတြ၊ ေဆးပစၥည္းေတြနဲ႔ ဓါတုပစၥည္းေတြမ်ားပါတယ္။ ဒါေတြကို တိုးခ်ဲ႕တင္ပို႔ႏိုင္ဖို႔ ႀကိဳးစားေနပါတယ္။ အိႏၵိယက ႐ုရွားကို တင္ပို႔တဲ့ပစၥည္းေတြဟာ ယူကရိန္းစစ္ပြဲျဖစ္ပြားလာၿပီးတဲ့ေနာက္ ၂၅ ရာခိုင္ႏႈန္းျမင့္တက္ခဲ့ပါတယ္။ အင္ဂ်င္နီ ယာပစၥည္းေတြက ဒီႏွစ္ ဧၿပီလ စာရင္းအရ ၁၁ ဆျမင့္တက္ခဲ့ၿပီး ေရွ႕ကဦးေဆာင္ေနပါတယ္။ စိုက္ပ်ိဳးေရး ပို႔ကုန္က ေဒၚလာသန္း ၇၅ဝ ဖိုးရွိပါတယ္။ ရည္မွန္းခ်က္က ေနာက္ ၃ ႏွစ္အတြင္းမွာ ၃ ဘီလ်ံေဒၚလာဖိုးအထိ တင္ပို႔ႏိုင္ဖို႔ပါ။ သိပ္ကို ရည္မွန္းခ်က္ႀကီး လြန္းပါတယ္။

သို႔ေသာ္လည္း မျဖစ္ျဖစ္ေအာင္ေတာ့ ႀကိဳးစားၾကပါလိမ့္မယ္။ အေၾကာင္းကေတာ့ တ႐ုတ္နဲ႔ အိႏၵိယ အၾကားမွာ ႏိုင္ငံေရးျပႆနာရွိေနတဲ့အတြက္ ယြမ္ေငြကို ယုံယုံၾကည္ၾကည္နဲ႔ ေရရွည္အသုံးျပဳလို႔ မျဖစ္ႏိုင္ဘူးလို႔ အိႏၵိယက ယုံၾကည္ေနလို႔ဘဲ ျဖစ္ပါေၾကာင္း။

ကိုးကား- Why is India Paying Russia with Chinese Yuan? | Vantage with Palki Sharma
- fully convertible currency - Kantox

Related news

© 2021. All rights reserved.